ဝီရိယ

From Wikipedia, the free encyclopedia

ဝီရိယ
Remove ads

ဝီရိယ[]ဟူသည် ပါဠိစကားလုံးဖြစ်ပြီ အောက်ပါအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ရနိုင်သည်။

  • (၁) ရဲရင့်သောသူ၏-အဖြစ်-အမှု၊ ရဲရင့်-ကြိုးစား-အားထုတ်-ခြင်း၊ လုံ့လ၊ ဝီရိယ။ []
  • (၂) ကိုယ်အား (အဆက်ဆက်-အဆက်မပြတ်-ရွေ့ရှား သွားလာတတ်သော ဝါယောဓာတ်=လေဓာတ်)။ []
  • (၃) သုက်၊ သုက်သွေး။ []
  • (၄) ဝီရိယသုတ်[]
  • (၅) ဝီရိယဥယျာဉ်။ []
  • (၆) အစွမ်းသတ္တိ။ []

လက္ခဏာ ရသစသည်

  • ဝီရိယသည်— အားထုတ်ခြင်းလျှင် မှတ်ကြောင်းလက္ခဏာရှိ၏။ (တစ်နည်း) ချီးမြှောက်ခြင်းလျှင် မှတ်ကြောင်းလက္ခဏာရှိ၏။ (တစ်နည်း) ထောက်ပံ့ခိုင်စေခြင်း လက္ခဏာ ရှိ၏။
  • သဟဇာတ်တရားတို့ကို ထောက်ပံ့ခိုင် စေခြင်း ကိစ္စရှိ၏။ တွန့်တိုဆုတ်နစ်ခြင်း၏ ဆန့်ကျင်ဘက်၏အဖြစ်ဖြင့် ဉာဏ်အားရှေ့ရှု ထင်တတ်၏။
  • ထိတ်လန့်ခြင်း သံဝေဂလျှင် နီးစွာသော အကြောင်းရှိ၏။
  • ၈-ပါးသော ဝီရိယာရမ္ဘဝတ္ထုလျှင် နီးစွာသော အကြောင်းရှိ၏။ []

ဝီရိယ၏ပရိယာယ်အမည်များ

အာတပ္ပ, ပဓာန, အနုယောဂ, (မ၊ဋီ၊၃၊၃၇၈-၉။ အလိုမူ အပ္ပမာဒ, သမ္မာမနသိကာရ-၂-ပါး ကိုပါထည့်) ထာမ, ပရက္ကမ, အာတာပ, ဝီရိယာရမ္ဘ, နိက္ကမ, ပရက္ကမ, ဥယျာမ, ဝါယာမ, ဥဿာဟ, ဥဿောဠှီ, အပ္ပဝါနီ, ထာမ, ဓိတိ, အသိထိလပရက္ကမတာ, အနိက္ခိတ္တဆန္ဒတာ, အနိက္ခိတ္တဓုရတာ, ဓုရသမ္မဂ္ဂါဟ, ဝီရိယ, ဝီရိယိန္ဒြိယ, ဝီရိယဗလ, သမ္မာဝါယာမ, ဥဋ္ဌာန, ဆန္ဒ, ပုရိသထာမ, ပုရိသပရက္ကမ, ဥပေက္ခာ, ပဂ္ဂါဟ, ဤဟာ, သင်္ခါရ-တို့ကား ဝီရိယ၏ ပရိယာယ် အမည်များဖြစ်ကြ၏။ []

Remove ads

“ဝီရိယ၏ကိစ္စနှင့်ဌာန”

ဝီရိယသည်— သမ္မပ္ပဓာန် ၄-ကိစ္စ, ဝီရိယိဒ္ဓိပါဒကိစ္စ, ဝီရိယိန္ဒြိယကိစ္စ, ဝီရိယဗလကိစ္စ, ဝီရိယသမ္ဗောဇ္ဈင်္ဂကိစ္စ, သမ္မာဝါယာမ ကိစ္စအားဖြင့် ၉-ကိစ္စတပ်၍ ဌာနအားဖြင့် လည်း— ထိုသမ္မပ္ပဓာန ၄-ဌာန, ဝီရိယိဒ္ဓိပါဒဌာန, ဝီရိယိန္ဒြိယဌာန, ဝီရိယဗလဌာန, ဝီရိယသမ္ဗောဇ္ဈင်္ဂဌာန, သမ္မာဝါယာမဌာနအားဖြင့် ၉-ဌာန ပင်တပ်သည်။ [၁၀]

ဝီရိယ၏အင်္ဂါ

အရေ၏ကြွင်းကျန်ခြင်း, အကြော၏ကြွင်းကျန်ခြင်း, အရိုး၏ကြွင်းကျန်ခြင်း, အသားအသွေး၏ ခြောက်ကပ်ခြင်းဟူ၍ ဝီရိယ၏ အင်္ဂါ ၄-ပါးရှိသည်။ [၁၁]

ဝီရိယအမျိုးအစားများ

ယင်းဝီရိယကို သံ၊၃၊၉၇-၌ “ယဒိပိ ဘိက္ခဝေ ကာယိကံ ဝီရိယံ၊ တဒပိ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ၊ ယဒပိ စေတသိကံ ဝီရိယံ၊ တဒပိ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ “ဟူ၍ ကာယိကဝီရိယ, စေတသိကဝီရိယ ၂-မျိုးရှိ၏ဟု ဟောတော်မူ၏။ [၁၂]တို့၌လည်း ထို့အတူ ကာယိကဝီရိယ, စေတသိက ဝီရိယ ၂-မျိုးရှိ၏ဟု မိန့်ဆိုကြကုန်၏။ [၁၃]တို့၌လည်း “လူးလာခေါက်ပြန် စင်္ကြံသွားခြင်း၏အစွမ်းဖြင့် အားထုတ်မှုကိုပြုရာ၌ ဝီရိယကို ကာယိကဟူ၍လည်းခေါ်ဆိုထိုက်၏” ဟု မိန့်ဆိုကြကုန်၏။

သို့သော်လည်း အဘိ၊ဋ္ဌ၊၁၊၁၈၉-၌ကား “ကာယဝိညာဉ်ရှိသကဲ့သို့ ကာယိကဝီရိယကား မရှိ၊ အဘိ၊ဓ၊၁၉-၌ ကာယိကဝီရိယရှိသောကြောင့် စေတသိကော ဟူသော ဝိသေသနကို ဆိုအပ်သည်မဟုတ်၊ ဝီရိယ၏အမြဲအားဖြင့် စေတသိက၏အဖြစ်ကို ပြခြင်းအကျိုးငှါသာ ဆိုအပ်၏။ သံ၊၃၊၉၇-၌လာသော ဘိက္ခဝေ ကာယိကံ ဝီရိယံ” စသောစကားကိုလည်း လူးလာခေါက်ပြန် စင်္ကြံသွားသော သူအား ဖြစ်သောကြောင့်သာ ဆိုအပ်၏။ ကာယိကဝီရိယ ရှိသည်၏အဖြစ်ကြောင့် ဆို အပ်သည်မဟုတ် ဝီရိယသည် စေတသိကသာ ဧကန်ဖြစ်၏ “ဟု မိန့်၏။

Remove ads

ဥဋ္ဌာနနှင့် ဝီရိယအထူး

ဓမ္မ၊ဋ္ဌ၊၁၊၁၆၂-၌ “ဝီရိယသင်္ခါတေန ဥဋ္ဌာနေန “ဟူ၍ ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း, အံ၊ဋ္ဌ၊၃၊၂၂-၌ “ဥဋ္ဌာနသင်္ခါတေန ဝီရိယေန” ဟူ၍ ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း, သာရတ္ထ၊၂၊၃၂၆-၌ “ဥဋ္ဌာနဝီရိယသမ္မန္နာတိ ကာယိကေန ဝီရိယေန သမန္နာဂတာ”ဟူ၍ ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း, သံ၊ဋီ၊၁၊၃၂၈-၌ “ဥဋ္ဌဟတိ ဥဿဟတိ ဧတေနာတိ ဥဋ္ဌာနံ၊ ဝီရိယံ” ဟူ၍ ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း ဥဋ္ဌာနနှင့်ဝီရိယကို အရတူ ပရိယာယ်သဒ္ဒါဟု သိစေကုန်၏။

ဝီရိယဟူသည် အံ၊ဋီ၊၃၊၁၉-၌ကား— ဥဋ္ဌာနဟူသည် ကာယိကဝီရိယတည်း။ စေတသိကဝီရိယတည်းဟု ဝဒန္တိဝါဒအားဖြင့် ဖွင့်ပြပြီး ဥဋ္ဌာနဟူသည် စီးပွားဥစ္စာရအောင် အားထုတ်မှုတည်း။ ဝီရိယဟူသည် ထိုဥဋ္ဌာန အားလျော်သော အားထုတ်မှုတည်းဟု တစ်နည်းဖွင့်ပြန်သေး၏။ သံ၊ဋ္ဌ၊၁၊၅၉-၌လည်း “ဥဋ္ဌာနဝီရိယာဓိဂတဿာတိ ဥဋ္ဌာနေန ဝီရိယေန စ အဓိဂတဿ ဘောဂဿ” ဟု ဥဋ္ဌာနနှင့်ဝီရိယကို အရကွဲအားဖြင့် ဖွင့်ပြ၏။ ၎င်း၏အဖွင့်ဋီကာ (သံ၊ဋီ၊၁၊၁၀၄) ၌ကား အံ၊ဋီ၊၃၊၁၉။ ၌ကဲ့သို့ပင်ဖွင့်ပြ၏။ ဝီရိယကို မိလိန္ဒ၊၃၁၆-၌ ပြအိုးဖြင့် ဥပမာပြုသည်။ ဝိ၊ဋ္ဌ၊၁၊၈၅။ ပဋိသံ၊ဋ္ဌ၊၁၊၁၉၇-တို့၌ကား ခြေ (ခြေထောက်)ဖြင့် ဥပမာပြုသည်။

Remove ads

အဆိုအမိန့်များ

နိဗ္ဗာန်သို့ မရောက်သေးသမျှ ဝီရိယကို မစွန့်လွှတ်ရာ။ [၁၄]။ ဝီရိယရှိသော သူအား မကြံစည်အပ်သောအရာသည်လည်း ဖြစ်လာတတ်၏။ [၁၅] ဝီရိယကို အားထုတ်ခြင်းဖြင့် ပညာကိစ္စပြီး၏။ (ဝီရိယ ရှိလျှင် ပညာတတ်မြောက်နိုင်၏) [၁၆]။ ဝီရိယဖြင့် သည်ခံခြင်းပြီးမြောက်၏။ (ဝီရိယရှိသောသူသည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ ခံနိုင်၏) [၁၇]။ အားထုတ်အပ်သောဝီရိယရှိသော သူသည် ခဲယဉ်းသဖြင့် ရ-ရောက်-အပ်သော အရာမည်သည် မရှိ။ (ဝီရိယရှိလျှင် မည်သည့် အရာကိုမဆို အလွယ်တကူ ရ-ရောက်-နိုင်၏) [၁၈]။ ဝီရိယသည် မှားသော အကြံအစည်များကို ဝေးကွာစေ၏။ [၁၉]။ ဝီရိယဖြင့် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်တို့ကို ပယ်ဖျောက်နိုင်၏။ [၂၀]။ ဥပနိဿယနှင့်ပြည့်စုံ၍ ဝီရိယရှိသောသူအား နိဗ္ဗာန်ကို ခဲယဉ်းစွာပြုအပ်သည်မဟုတ်။ [၂၁]

ဝီရိယဖြင့် ကာမဒုက္ခကိုလွန်မြောက်နိုင်၏။ [၂၂]။ ဝီရိယသည် သုခ, ဒုက္ခတို့ကို ပြီးစေတတ်၏။ [၂၃]။ ဝီရိယသည် နိဗ္ဗာန်သို့ ရောက်စေတတ်သောတရားဖြစ်၏။ [၂၄]။ သမာဓိလွန်၍ ဝီရိယ နုံ့လျှင် ပျင်းရိတတ်၏၊ ဝီရိယလွန်၍ သမာဓိ နှံ့လျှင် ပျံ့လွင့်တတ်၏၊ ထို့ကြောင့် သမာဓိနှင့် ဝီရိယကို မျှအောင်ပြုအပ်၏။ [၂၅]။ ဝီရိယလွန်ကဲသော ဘုရားလောင်းတို့၏ပညာသည် နုံ့တတ်၏။ [၂၆]

ကြိုးစာက ဘုရားဖြစ်နိုင်သည်။ [၂၇]။ အသင့်အားဖြင့် အားထုတ်အပ်သော ဝီရိယသည် အလုံးစုံသော စည်းစိမ်ဥစ္စာကိုရခြင်း၏ အကြောင်းရင်းဖြစ်၏။ [၂၈]။ ဝီရိယရှိသော သူအား မပြီးသောအမှုကိစ္စမရှိ၊ ကိစ္စအားလုံး ပြီးနိုင်၏။ [၂၉]။ အိပ်ခြင်း, ပျင်းရိခြင်းစသည်ကို ဝီရိယဖြင့် ပယ်ဖျောက်ရမည်။ [၃၀]။ ဝီရိယတည်ရှိနေသမျှ အကုသိုလ်မဖြစ်ပေါ်နိုင်၊ ဝီရိယကွယ်ပျောက်ခဲ့သော် အကုသိုလ်ဖြစ် ပေါ်နိုင်သည်။ [၃၁]။ ဝီရိယမရှိဘဲ နှစ်ပေါင်း (၁၀၀) အသက်ရှင်ရသည်ထက် ဝီရိယကိုအားထုတ်ပြီး တစ်ရက်မျှ အသက် ရှင်ရခြင်းကမြတ်၏။ [၃၂]

အင်္ဂါ ၄-ပါးရှိသောဝီရိယကို ဆွမ်းမစားမီ အချိန်၌လည်းကောင်း, ဆွမ်းစားပြီး အချိန်၌ လည်းကောင်း ပုရိမယာမ်၌လည်းကောင်း, မဇ္ဈိမယာမ်၌လည်းကောင်း, ပစ္ဆိမယာမ်၌ လည်းကောင်း, သွားချိန်၌လည်းကောင်း, ရပ်ချိန်၌လည်းကောင်း, ထိုင်ချိန်၌လည်းကောင်း, အိပ်ချိန်၌လည်းကောင်း ဤ ၉-ပါးသောဌာနတို့၌ ဆောက်တည်အပ်၏။ [၃၃]

ထက်သန်သောဝီရိယရှိသောသူသည်— “အရေ, အကြော, အရိုးတို့ကြွင်းမူလည်း ကြွင်းစေ၊ ကိုယ်၌ အသားအသွေးတို့ ခန်း ခြောက်မှုလည်း ခန်းခြောက်စေ၊ ယောက်ျားတို့၏အစွမ်းဖြင့်, ယောက်ျားတို့၏လုံ့လဖြင့် ယောက်ျားတို့၏ အားထုတ်ခြင်းဖြင့် ရောက် အပ်ရောက်နိုင်သော နိဗ္ဗာန်သို့ မရောက် မခြင်း လုံ့လ၏ရပ်တန့်ခြင်း မဖြစ်အံ့” ဟု ဆောက်တည်အားထုတ်ရမည်။ [၃၄]

လုံ့လဝီရိယထက်သန်သောအရာ၌ သောဏကောဠိဝိသထေရ်နှင့် သောဏာထေရီတို့ကို ဧတဒဂ်ထားတော်မူသည်။ [၃၅]

Remove ads

ဝီရိယ၏အကျိုး

အမ္ဗဇာတ် [၃၆]၌ ရသေ့တစ်ဦး၏ ဝီရိယကြောင့် တိရစ္ဆာန်ပေါင်းများစွာနှင့် ရသေ့ (၅၀၀)တို့ အစာရေစာ ဝလင်စွာ စားသောက်ရကုန်၏။ သရဘမိဂဇာတ် [၃၇]၌ ဘုရားလောင်း သမင်ဆီး ဆောက်၏ဝီရိယကြောင့် အတောင် (၆၀) အစောက်ရှိသောတွင်း၌ ကျနေသော ဗြဟ္မဒတ်မင်းကြီးသည် အသက်ချမ်းသာခဲ့၏။ မဟာဇနကဇာတ် [၃၈]၌ ဘုရားလောင်း မဟာဇနကမင်းကြီးသည် (၇) ရက်တိုင်တိုင် ကြိုးစားအားထုတ်မှုကြောင့် အသက်ဘေးမှလွတ်မြောက်သည့်အပြင် သီဝလိဒေဝီမိဖုရားကြီးနှင့်တကွ မိထိလာပြည်ကြီးကို သိမ်းမြန်းစိုးစံရ၏။

Remove ads

ဝီရိယ၏အရေးပါပုံ

ဝီရိယသည် ရန်အောင်ကြောင်းတရား ၄-ပါး, သူတော်ကောင်းတရား ၇-ပါး, ပါရမီ ၁၀-ပါးတို့၌ ပါဝင်သည်။ [၃၉]

လုံ့လဝီရိယပေါ့လျော့သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူအပ်သော ဇာတ်တော်များ

ဝဏ္ဏပထဇာတ် [၄၀]သေရိဝဝါဏိဇဇာတ် [၄၁]ဂါမဏိဇာတ် [၄၂]ဘောဇာဇာနီယဇာတ် [၄၃]အာဇညဇာတ် [၄၄]မဟာသီလဝဇာတ် [၄၅]စူဠဇနကဇာတ် [၄၆]ပဉ္စာဝုဓဇာတ် [၄၇]အလီနစိတ္တဇာတ် [၄၈]ခုရပ္ပဇာတ် [၄၉]သံဝရဇာတ် [၅၀]။ ပျင်းရိသောရဟန်းကို အကြောင်း ပြု၍ ဟောတော်မူအပ်သောဇာတ်-ရာဇကုမ္ဘဇာတ် (ဂဇကုမ္ဘဇာတ်လည်း ဟူ။ [၅၁])။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads