ဝေဠုကျော်
From Wikipedia, the free encyclopedia
Remove ads
ဝေဠုကျော် သည် ရုပ်ရှင်သရုပ်ဆောင် အတွက် ၂၀၁၀ ခုနှစ် တွင် ပင်လယ်ထက်က နေဝန်းနီ ရုပ်ရှင်ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ အမျိုးသားဇာတ်ပို့ဆု ရရှိထားသူ ဖြစ်ပြီး ပရဟိတ စိတ်အားထက်သန်သော သူတစ်ယောက် ဖြစ်သည်။ နိုင်ငံကျော် မင်းသား ဖြစ်လင့်ကစား ပြည်သူများနဲ့ တရင်းတနှီး ပရဟိတ အလုပ်အကိုင် များကို လုပ်ဆောင်သောကြောင့် ပြည်သူချစ်သော အနုပညာရှင် တစ်ယောက် ဖြစ်သည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တွင်လည်း စေတနာ့ဝန်ထမ်း အဖြစ်လုပ်ကိုင်လျက်ရှိသည်။
Remove ads
ငယ်ဘဝ
ဝေဠုကျော်သည် ပန်းလှိုင်မြစ်ကမ်း၏နံဘေးတွင် တည်ရှိသည့် ညောင်တုန်းမြို့ ဇာတိ ဖြစ်သည်။ မိဘများမှာ တက္ကသိုလ်ညိုလွင်မောင် + တက္ကသိုလ်ညိုညိုသိမ်း တို့ဖြစ်ပြီး ပန်းလှိုင်စာပေ တိုက်ကို တည်ထောင်ခဲ့ကြသူများဖြစ်သည်။ မွေးချင်းသုံးဦးအနက် အကြီးဆုံးဖြစ်သည်။
သရုပ်ဆောင်ဘဝ
ဝေဠုကျော်သည် ၁၉၉၇ ခုနှစ်ခန့်က ကလေးသရုပ်ဆောင်အဖြစ် အစိမ်းရောင်တောင်ကြား၊ နှင့် နှလုံးသားဖြင့်ရင်းရသည် ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်လောကကို ရောက်ရှိခဲ့သည်။ ခေါင်းဆောင်မင်းသားအဖြစ် ၁၉၉၉ ခုနှစ်က မကြာမီမျှော် ဗီဒီယိုဇာတ်ကားကို ရိုက်ကူးခဲ့သည်။ ယနေ့ အထိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများစွာ သရုပ်ဆောင် ခဲ့ပြီးဖြစ်ရာ ယခုလက်ရှိ ဝေဠုကျော်စုံထောက်အသွင် သရုပ်ဆောင်ထားသော ဘကောင်းဇာတ်လမ်းများမှာ ပရိသတ်ကြား ရေပန်းစားလျက်ရှိသည်။ Studio 35 မှထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အကယ်ဒမီ ခင်မောင်ဦးနှင့် စိုးသိမ်းထွဋ်တို့ရိုက် ကူးသည့် ပင်လယ်ထက်ကနေဝန်းနီ ရုပ်ရှင်ဇာတ်ကားကြီးတွင် တူမလေးအပေါ် မေတ္တာတရားကြီးမားလှသည့် ဦးကြီးတော်ဖြစ်သူ 'ဆလုံ'ကျွန်းသားကြီး ထွဋ်ခေါင်လုအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၂ဝ၁ဝ ခုနှစ်တွင် အကယ်ဒမီရရှိခဲ့သည်။[၁]
Remove ads
လူမှုရေးအလုပ်များ
ဝေဠုကျော်သည် သွေးမေတ္တာ ပရဟိတအသင်းတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ နာဂစ်မုန်တိုင်းကာလက နာရေးကူညီ မှုအသင်း(ရန်ကုန်)နှင့် တွဲဖက်၍ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လပွတ္တာ၊ မြောင်းမြနယ်တစ်ဝိုက်တွင် အကူအညီပေးခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကြီးတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
ထင်ရှားသော ပရဟိတ ကူညီမှုများ
- လောက်ကိုင် ပြည်တွင်းစစ်
- ၂၀၁၅ မြန်မာပြည်တွင်း အဆိုးရွားဆုံးရေကြီးခြင်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads