သက္ကာယဒိဋ္ဌိ

မှားသောအမြင်နှင့်ဆန့်ကျင်ဘက်မှန်သောအမြင်စာညွန်းရှိသင့်။ From Wikipedia, the free encyclopedia

သက္ကာယဒိဋ္ဌိ
Remove ads

[] (၁) ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရားအပေါင်း (ခန္ဓာငါးပါး)၌ မှားသော-အမြင်-အယူအဆ။

(၂) တရား အပေါင်း (ခန္ဓာငါးပါး)၌ (ပရမတ္ထအားဖြင့်) ထင်ရှားရှိသော မှားသော-အမြင်-အယူအဆ။ [] []

သက္ကာယဒိဋ္ဌိ ဆိုသည်မှာ အတ္တဒိဋ္ဌိကို ဆိုလိုသည်။ စက္ခုကို ငါ, ငါဟူ၍လည်းကောင်း, ငါ၏ အတ္တဟူ၍လည်းကောင်း ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍နေသော ဒိဋ္ဌိ ဖြစ်သည်၊ ထို့အတူ သောတကို, ဃာနကို, ဇိဝှါကို, ကာယကို, မနောကို ငါ, ငါဟူ၍လည်းကောင်း၊ ငါ၏အတ္တဟူ၍လည်းကောင်း, ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍နေသာ ဒိဋ္ဌိ (ထင်မြင်မှု) ဖြစ်သည်။[]

Remove ads

စွဲလမ်းပုံ

အဆင်းသဏ္ဌာန်ကို မြင်ကြသောအခါ ငါမြင်သည်, ငါမြင်သည်ဟု ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍ နေမှုသည် စက္ခုကို ငါ-ငါဟူ၍ ထင်မြင်စွဲလမ်းမှု မည်၏။ ထိုထိုအသံကို ကြားကြသောအခါ ငါကြားသည် ငါကြားသည်ဟု၊ ထိုထိုအနံ့ကို နံကြသောအခါ ငါနံသည် ငါနံသည်ဟု၊ ထိုထိုအရသာကို စားကြသောအခါ ငါစားသည် ငါစားသည်ဟု၊ ကိုယ်၌ ပူခြင်း, အေးခြင်း, ညောင်းခြင်း, ညာခြင်း, နာခြင်း, ကျင်ခြင်း စသည် ဖြစ်ပေါ်လာသောအခါ ငါပူသည်, ငါအေးသည်, ငါညောင်းညာသည်, ငါကျင်သည်ဟု၊ ထိုထိုအရာကို ကြံဖန်ကြသောအခါ ငါကြံသည် ငါကြံသည်ဟု ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍ နေမှုသည် မနောကို ငါ-ငါဟူ၍ ထင်မြင်စွဲလမ်းမှု မည်၏။ ဤသည်မှာ အတွင်း အာယတန ခြောက်ပါးတို့တွင် သက္ကာယဒိဋ္ဌိ စွဲလမ်းနေပုံ ဖြစ်သည်။[]

Remove ads

အတ္တာနုဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ-၂၀

ယင်း-ဒိဋ္ဌိ ၂-မျိုးသည် အမည်ပင်ကွဲလွဲသော်လည်း အခြေခံအကြောင်းနှင့် ဟောပြောပုံ အခြင်းအရာတူမျှကြ၏။ []

(၁) အလျှံ တပြောင်ပြောင် တောက် လောင်နေသော ဆီမီး၏ မီးတောက်မီးလျှံ နှင့် အဆင်းအရောင်ကို “မီးတောက် မီးလျှံ သည်ပင် အဆင်းအရောင်, အဆင်းအရောင် သည်ပင် မီးတောက်မီးလျှံ”ဟု မကွဲမပြား တသားတည်းထား၍ ရှူသကဲ့သို့ “ရူပက္ခန္ဓာနှင့် ကသိုဏ်းရုပ် ဆိုသည်မှာ ငါပင် ဖြစ်သည်။ ငါဆိုသည်မှာလည်း ရူပက္ခန္ဓာနှင့် ကသိုဏ်းရုပ်ပင် ဖြစ်သည်”ဟု ရူပက္ခန္ဓာ, ကသိုဏ်းရုပ် နှင့် အတ္တကို မကွဲမပြား တသားတည်းဟု ရှုသောအားဖြင့် ယူသော အယူ ဟူသော = အတ္တာနုဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ,

(၂) အရိပ်နှင့် ပြည့်စုံသော သစ်ပင်ကို “ဤကား သစ်ပင်, ဤကား အရိပ်၊ သစ်ပင် နှင့်အရိပ်သည် တခြားစီပင်ဖြစ်၏၊ အမှန်စင် စစ်မှာ ဤသစ်ပင်သည် ဤအရိပ်ဖြင့် အရိပ်ရှိ ရ၏”ဟု ရှုသကဲ့သို့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဟူသော နာမ်တရားတို့ကို “အတ္တ”ဟု ယူ၍ “ဤ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်တရားသည် ငါ့အတ္တပေတည်း၊ ဤငါ့အတ္တသည် ဤရုပ်ဖြင့် ရုပ်ရှိရ၏”ဟု အတ္တကို ရုပ် ရှိ၏ဟူ၍ ရှုသောအားဖြင့် ယူသော အယူဟူသော = အတ္တာနုဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ,

(၃) အနံ့နှင့်ပြည့်စုံသော ပန်းပွင့်ကို “ဤ ကားပန်းပွင့်, ဤကားအနံ့၊ ပန်းပွင့်နှင့်အနံ့သည် တခြားစီပင်ဖြစ်၏။ အမှန်စင်စစ်မှာ ဤ အနံ့သည် ဤပန်းပွင့်၌ တည်ရှိရ၏”ဟု ပန်းပွင့်၌ အနံ့ကို ရှူသကဲ့သို့ ယင်းနာမ်တရားတို့ကိုပင် “အတ္တ”ဟုယူ၍ “ဤနာမ်တရားသည် ငါ့အတ္တပေတည်း၊ ဤနာမ်တရားဟူသော ငါ့ အတ္တ၌ ဤရုပ်တရား တည်ရှိရ၏”ဟု အတ္တ၌ ရုပ်ကို ရှုသောအားဖြင့် ယူသော အယူဟူသော = အတ္တာနုဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ,

(၄) ကြုတ်၌ ထည့်ထားသော ပတ္တမြားကို “ဤကားပတ္တမြား, ဤကားကြုတ်၊ ပတ္တမြားနှင့် ကြုတ်သည် တခြားစီပင် ဖြစ်၏။ အမှန်စင်စစ်မှာ ဤပတ္တမြားသည် ဤကြုတ် ထည်း၌ တည်ရှိရ၏”ဟု ကြုတ်၌ ပတ္တမြားကို ရှုသကဲ့သို့ ယင်းနာမ်တရားတို့ကိုပင် “အတ္တ ဟုယူ၍ “နာမ်တရားသည် ငါ့အတ္တပေတည်း၊ ဤနာမ်တရားဟူသော ငါ့အတ္တသည် ဤရုပ်၌ တည်ရှိရ၏”ဟု ရုပ်၌ အတ္တကို ရှုသောအားဖြင့် ယူသော အယူဟူသော = အတ္တာနုဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ,

(၅) “ဆီမီး၏မီးတောက်မီးလျှံနှင့်အဆင်း အရောင်ကို မကွဲမပြား တသားတည်းထား၍ ရှုသကဲ့သို့ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနောသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာကို “အတ္တ”ဟုယူ၍ ငါနှင့်ဝေဒနာ အတူဖြစ်သည်”ဟု ရှုသောအားဖြင့် ယူသော အယူဟူသော = အတ္တာနုဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ,

(၆) အရိပ်ရှိသောသစ်ပင်ကို “သစ်ပင် နှင့်အရိပ် တခြားစီဖြစ်သည်”ဟု ရှူသကဲ့သို့ သညာ, သင်္ခါရ, ဝိညာဉ်, ရုပ်တရားတို့ကို “အတ္တ”ဟု ယူ၍ “သညာ, သင်္ခါရ, ဝိညာဉ်, ရုပ် တရားသည် ငါ့အတ္တပေတည်း၊ ဤငါ့အတ္တသည် ဤဝေဒနာဖြင့် ဝေဒနာရှိရ၏”ဟူ၍ ရှုသောအားဖြင့် ယူသော အယူဟူသော = အတ္တာနုဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ,

(၇) အနံ့ရှိသော ပန်းပွင့်ကို “ပန်းပွင့်နှင့် အနံ့ တခြားစီဖြစ်သည်”ဟု ရှူသကဲ့သို့ ယင်းတရားတို့ကိုပင် “အတ္တ”ဟု ယူ၍ “ဤနာမ် တရား ၂-ပါးသည် ငါ့အတ္တပေတည်း၊ ဤ ဝေဒနာသည် ဤငါ့အတ္တ၌ တည်ရှိရ၏”ဟု အတ္တ၌ ဝေဒနာကို ရှုသောအားဖြင့်ယူသော အယူ ဟူသော = အတ္တာနုဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ,

(၈) ကြုတ်၌ ထည့်ထားသော “ပတ္တမြားကို ကြုတ်နှင့်ပတ္တမြား တခြားစီ ဖြစ်သည်”ဟု ရှုသကဲ့သို့ ယင်း-တရားကိုပင် “အတ္တ”ဟု ယူ၍ ဤနာမ်ရုပ်တရား ၂-ပါးသည် ငါ့အတ္တပေတည်း၊ ဤငါ့အတ္တသည် ဤဝေဒနာ၌ တည်ရှိရ၏”ဟု ဝေဒနာ၌ အတ္တကို ရှုသောအားဖြင့် ယူသောအယူဟူသော = အတ္တာနုဒိဋ္ဌိ = သက္ကာယဒိဋ္ဌိ-အားဖြင့် ရုပ်နှင့်ဝေဒနာကိုစွဲ၍ ၄-ပါးစီ ပြား၏။ ထို့အတူ သညာ, သင်္ခါရ, ဝိညာဉ်တို့ကို၍ စွဲ၍လည်း ၄-ပါးစီပင် ပြား၏။ သို့ဖြစ်၍ ယင်း-ဒိဋ္ဌိသည် ၂၀-အပြားရှိ၏ []

Remove ads

မကြောက်လန့်ကြောင်းများ

မိုးကြိုးသံကို ကြားရသော်လည်း ရဟန္တာတို့ မကြောက်လန့်ခြင်းမှာ ယင်း-ဒိဋ္ဌိကို ပယ်ပြီးဖြစ်သောကြောင့်၎င်း, မိမိသန္တာန်၌ ချစ်ခြင်းတဏှာ ကင်းခြင်းကြောင့်၎င်း ဒေါသ, မောဟ ကင်းခြင်းကြောင့်၎င်း ဖြစ်၏။ ဆင်, မြင်း, နွား အာဇာနည်, ခြင်္သေ့တို့ မကြောက်လန့်ခြင်းကား ယင်း-ဒိဋ္ဌိ အားကြီးသောကြောင့် ဖြစ်သည် []

ပယ်ကြောင်း

ယင်းဒိဋ္ဌိကို နာမရူပဝဝတ္ထာနဉာဏ်ဖြင့် ပယ်အပ်၏ []

သောတာပတ္တိမဂ်ဖြင့် ပယ်အပ်၏ []

သဂ္ဂန္တရာယ်, မဂ္ဂန္တရာယ်

ယင်းသည်—ချွတ်ယွင်းဖောက်ပြန်သော အယူဖြစ်သောကြောင့် မဂ္ဂန္တရာယ် ဖြစ်၏၊ ကမ္မပထမမြောက်သောကြောင့် သဂ္ဂန္တရာယ်ကား မဖြစ်[၁၀]

သဂ္ဂန္တရာယ်, မဂ္ဂန္တရာယ် ၂-ပါးစုံမဖြစ်(ပုဗ္ဗာစရိယဝါဒ)။

သမာနဝါဒအားဖြင့် ပဲနောက်စေ့ ခန့်ရှိသောကျောက်ခဲကို ရေ၌ပစ်ချလိုက်လျှင် ယင်း ကျောက်ခဲသည် အထက်သို့ပေါ်တက် သည်မရှိ၊ စင်စစ်မုချ အောက်သို့သာ သက်ဝင် နစ်မြုပ်သွားသကဲ့သို့ ယင်း အယူသည်လည်း နတ်ရွာသုဂတိသို့ ပို့ဆောင်စွမ်းနိုင်သည် မရှိ၊ စင်စစ်မုချ အပါယ်ဒုဂ္ဂတိသို့သာ နစ်မြုပ်စေတတ်သောကြောင့် ယင်း အန္တရာယ် ၂-ပါးစုံ ဖြစ်၏ [၁၁]

Remove ads

ဒိဋ္ဌိ အမွန်အစ

ဒိဋ္ဌိ ၆၂-ပါးသည် ယင်း-ဒိဋ္ဌိလျှင် ဖြစ်ရာအမွန်အစ ရှိ၏ ယင်းဒိဋ္ဌိကို မပယ်သတ်သေးက ဒိဋ္ဌိဟူသမျှ ဖြစ်ပေါ်ခွင့်ရှိ၏၊ ပိုင်းခြားသိမြင် ပယ်သတ်နိုင်လျှင်ကား ဒိဋ္ဌိအားလုံးကို ပယ်သတ် နိုင်၏ [၁၂]

ယင်း ဒိဋ္ဌိသည်ပင် “အတ္တ” ဟု စွဲလမ်းပြောဆိုကြောင်း စကားနှင့် စပ်ယှဉ်သောကြောင့် “အတ္တဝါဒပဋိသံယုတ္တဒိဋ္ဌိ”လည်း မည်၏။ ယင်းလည်း ၂၀-ပင် ပြား၏ [၁၃][၁၄]

သက္ကာယဒိဋ္ဌိ၏ ဘုံသုံးဆင့်

သက္ကာယဒိဋ္ဌိသည် သတ္တဝါတို့၏ ကိုယ်ခန္ဓာတွင် ဘုံသုံးဆင့်ဖြင့် တည်ထောင်ကာနေ၏။ ၎င်းဘုံသုံးဘုံတွင် ပထမဘုံသည် အနုသယဘုံ၊ ဒုတိယဘုံမှာ ပရိယုဋ္ဌာနဘုံ၊ တတိယဘုံသည် ဝီတိက္ကမဘုံ ဖြစ်သည်။

ကာယကံ သုံးပါး, ဝစီကံ လေးပါးကို ဝီတိက္ကမဘုံဆိုသည်။ မနောကံကို ပရိယုဋ္ဌာနဘုံ ဆိုသည်။ ကံသုံးပါးသို့ မရောက်သေးမူ၍ ကံသုံးပါး၏ အမြစ်မူလ ဗီဇမျိုးစေ့အနေနှင့် ကိုယ်ခန္ဓာတစ်ခုလုံး၌ ကိန်းဝပ်တည်ထောင်၍ အနမတဂ္ဂသံသရာ၌ အစဉ်အမြဲလိုက်ပါ၍နေသော ဒိဋ္ဌိကို အနုသယဘုံ ဆိုသည်။

ဒိဋ္ဌိဒုစ္စရိုက်တို့ကို ဖြစ်ပွားစေနိုင်သော အာရုံတရားတို့သည် စက္ခုစသော ဒွါရခြောက်ပါးတို့တွင် တစ်ခုခုသော ဒွါရ၌ ထိခိုက်လာကုန်သည်ရှိသော် ထိုဒိဋ္ဌိ၏ အပွားအစီးဖြစ်သော အကုသိုလ်စုသည် အနုသယဘုံမှ ထကြွ၍ ပရိယုဋ္ဌာနဘုံကို ပြည့်စေ၍ တည်၏။ မနောကံအဖြစ်သို့ ရောက်၍ တည်လေ၏ဟု ဆိုလိုသည်။

မနောကံအဖြစ်တွင် မငြိမ်းနိုင်ရှိပြန်သော် ပရိယုဋ္ဌာနဘုံမှ ထကြွသောင်းကျန်း၍ ဝီတိက္ကမဘုံကို ပြည့်စေ၍ တည်လေ၏။ ကာယကံ, ဝစီကံအဖြစ်သို့ ရောက်၍ တည်လေ၏။[]

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads