သက်ရှိနွယ် ဒြပ်ပေါင်း

From Wikipedia, the free encyclopedia

သက်ရှိနွယ် ဒြပ်ပေါင်း
Remove ads

ဇီဝပြု ဒြပ်ပေါင်း (ခေါ်) သက်ရှိနွယ် ဒြပ်ပေါင်း (အင်္ဂလိပ်: organic compound) ဆိုသည်မှာ ကာဘွန်-ဟိုက်ဒြိုဂျင် အချိတ် သို့မဟုတ် ကာဘွန်-ကာဘွန် အချိတ် ပါဝင်လျက် သက်ရှိများကို အဓိကဖွဲ့စည်းသော ဒြပ်ပေါင်းများ ဖြစ်သည်။ (အချို့ကမူ ကာဘွန် ပါဝင်သမျှ ဒြပ်ပေါင်းတို့ကို သက်ရှိနွယ် ဒြပ်ပေါင်းဟု လိုက်ခေါ်ကြသည်။ သို့ဖြင့် ဒြပ်ပေါင်းတခုခုက သက်ရှိနွယ် ဖြစ်သလော၊ သက်မဲ့နွယ် ဖြစ်သလော ဟူသည်မှာ အချို့ပညာရှင်တို့ကြား၌ အငြင်းပွားဖွယ် ဖြစ်နေသည်။)
မော်လီကျူးဖြစ်ပေါ်အောင် အက်တမ်ချင်း ချိတ်ဆက်ရာတွင် ကာဘွန်အက်တမ်၏ အခြားအက်တမ်များနှင့် ပုံစံအမျိုးမျိုး ချိတ်ဆက်နိုင်မှုကြောင့် သက်ရှိနွယ်ဒြပ်ပေါင်း အမျိုးအစား များပြားလှစွာ တည်ရှိနိုင်ခြင်း ဖြစ်သည်။

Thumb
သက်ရှိနွယ် မော်လီကျူးများအနက် ဖွဲ့စည်းပုံ အရိုးရှင်းဆုံးမှာ (CH
4
) ဟူသော မက်သိန်း ဖြစ်၏။


Remove ads

အကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads