သင်ဇာဝင့်ကျော်
From Wikipedia, the free encyclopedia
Remove ads
သင်ဇာဝင့်ကျော် (၄ ဒီဇင်ဘာ ၁၉၈၇ မွေးဖွား)သည် အမျိုးသမီးမော်ဒယ်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ကြော်ငြာမော်ဒယ်တစ်ဦး အဖြစ် လူသိများသည်။
ငယ်ဘဝ
သင်ဇာဝင့်ကျော် ကို ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး၊ ဖခင်ဖြစ်သူမှာ ရှမ်းတိုင်းရင်းသား ဖြစ်ပြီး၊မိခင်မှာ မွန်လူမျိုး ဖြစ်သည်။ မိသားစုတွင် ဒုတိယမြောက်သမီးဖြစ်သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
သရုပ်ဆောင်ဘဝ
သူသည် ကြော်ငြာမော်ဒယ်တစ်ဦးအနေဖြင့် သရုပ်ဆောင်လောကထဲ စတင်ဝင်ရောက်ခဲ့သည်။ အနုပညာအလုပ်မှ မော်ဒယ်လ်အဖြစ်သို့ ပြောင်းလဲပြီးနောက် ပို၍ ကျော်ကြားလာခဲ့သည်။[၁]၂၀၁၇ ခုနှစ်တွင် သူပါဝင်သည့် ဇာတ်ကားများသည် အထူးအောင်မြင်မှုများရရှိလာခဲ့သည်။ပညာပေးဇာတ်ကား ရွှေကြာ ၌ သူ၏ သရုပ်ဆောင်မှုသည် ပီပြင်ခဲ့သဖြင့် ပရိတ်သတ်၏ အားပေးမှုကိုခံခဲ့ရသည်။နောက်ပိုင်းတွင် သူသည် မော်ဒယ်အလုပ်ကို ပိုမိုအားစိုက်ခဲ့သည်။
ဖမ်းဆီးခံရခြင်း
သရုပ်ဆောင် သင်ဇာဝင့်ကျော် သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။စစ်ကောင်စီ က အမေရိကန်အခြေစိုက် Exantria ညစ်ညမ်းဝက်ဆိုက်ဒ်တွင် လိင်အသားပေး ဓါတ်ပုံနှင့် ဗီဒီယိုများအား အခ ကြေးငွေ ရယူကာ ဖြန့်ဝေလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့သည်ဟု ပြောဆိုခဲ့သည်။[၂]
ရန်ကုန်၊ အင်းစိန်ထောင်တွင်းတရားရုံးက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် တွင် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ (က) ဖြင့် ထောင်ငါးနှစ် ချမှတ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ဇန်နဝါရီ ၄ ရက် တွင် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှနေ၍ လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။ [၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads