သင်္ချိုင်း
From Wikipedia, the free encyclopedia
Remove ads
သင်္ချိုင်းသည် သေဆုံးပြီးသူကို မြေတွင် မြှုပ်နှံ သို့မဟုတ် မီးသင်္ဂြိုဟ်သည့် နေရာဖြစ်ကာ၊ ၎င်းကို သုဿာန်၊ တစပြင်ဟုလည်း ခေါ်ဝေါ်သည်။[၁] အထွေအထူးအကြောင်းအရင်း မရှိဘဲလျက် ၎င်းနေရာသို့ လူများ လာလေ့မရှိသဖြင့်၊ လူသူလေးပါး ကင်းမဲ့ကာ၊ အမြဲတစေ တိတ်ဆိတ် ခြောက်ကပ်နေလေ့ ရှိသည်။ အသုဘပို့ရောက်သည့်အခါမှသာ ခဏတဖြုတ် စည်ကားသည်။ သုဿာန်ဓုတင် ဆောင်လိုသော ဘုန်းတော်ကြီးများသာလျှင် ညလူခြေတိတ်တွင် လူမသိစေဘဲ လာရောက်၍ အသုဘကမ္မဋ္ဌာန်း စီးဖြန်းလျက် မိုးမလင်းမီအထိ နေလေ့ ရှိသည်။
သင်္ချိုင်းမှာ ရွာတွင် တည်ရှိလျှင် ရွာသင်္ချိုင်း၊ မြို့တွင် တည်ရှိလျှင် မြို့သင်္ချိုင်း ဖြစ်သည်။ မြန်မာနိုင်ငံ အချို့ အရပ်ဒေသများတွင် သင်္ချိုင်းသုဿာန်သည် တမြို့ တရွာလျှင် တခုသာ ရှိတတ်သော်လည်း၊ အချို့နေရာတွင်မူ အမျိုးအစား မတူသော နှစ်ခု၊ သုံးခု ခန့် ရှိတတ်သည်။ ရန်ကုန်မြို့တွင် ယခင်က အကြီးဆုံး ဖြစ်ခဲ့သော ကြံတောသုသာန်မှာ မရှိတော့ဘဲ ရေဝေးသုသာန်နှင့် ထိန်ပင်သုသာန်တို့ ရှိသည်။ ဒုတိယကမ္ဘာစစ်က မြန်မာပြည်တွင် ကျဆုံးသွားသည့် ဂျပန်စစ်သားများကို မြှုပ်နှံထားသော ဂျပန်သင်္ချိုင်းဟူ၍လည်း ရှိသည်။ ထောက်ကြံ့ရှိ ဓနသဟာယ စစ်သင်္ချိုင်းကိုမူ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်သည်ကို တွေ့မြင်နိုင်သည်။ မြန်မာပြည်ပေါက် တရုတ်ကပြားများအတွက် တရုတ်သင်္ချိုင်းလည်း ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads