ကြံတောသုသာန်

From Wikipedia, the free encyclopedia

Remove ads

ကြံတောသုသာန်သည် ကမာရွတ်မြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။ ၁၉၉၆ နှင့် ၁၉၉၇ အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်အဖြစ် ပြန်လည်မတည်ဆောက်မီအထိ ရန်ကုန်မြို့၏ အကြီးဆုံး သုသာန်ဖြစ်ခဲ့သည်။[]၁၉၉၆ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံတော်အစိုးရမှ ပြန်လည်နေရချထားရန် အမိန့်ပေးခဲ့သည်။[] အကျိုးဆက်အနေနှင့် တစ်လအတွင်း ရန်ကုန်မြို့အပြင်ဘက် ရေဝေးသုသာန်၊ လှိုင်သာယာမြို့ရှိ ထိန်ပင်သုသာန်များသို့ ပြောင်းရွေ့ပေးရန် သတိပေးစာ ပေးပို့ပေးခဲ့သည်။[] ကြံတောသုသာန်သည် ၅၀ ဧက (၂၀ ဟက်တာ) ပိုင်ဆိုင်ပြီး ရန်ကုန်တက္ကသိုလ်မှ မိုင်ဝက် (၀.၈၀ ကီလိုမီတာ) ခန့် အဝေးတွင် တည်ရှိသည်။[] ၎င်းကို ကိုလိုနီခေတ်က တည်ထောင်ခဲ့သည်။[] ကြံတောသုသာန်သည် ဗုဒ္ဓဘာသာဗမာများ မြှပ်နှံရာ အဓိကနေရာ ဖြစ်သည်။ သို့သော် ခရစ်ယာန်တရုတ်ဟိန္ဒူအစ္စလာမ် စသည့်ဘာသာဝင်၊ လူမျိုးတို့အတွက်လည်း သင်္ချိုင်းများလည်း ရှိသည်။[] ဟိန္ဒူများအတွက် သုသာန်နေရာသည် ၁.၆ ဟက်တာ (၄ ဧက) ကျယ်ဝန်းသည်။[]

အချက်တိုများ အသေးစိတ်, ပိတ်သိမ်း ...


၁၉၉၁ ခုနှစ်တွင် ရန်ကုန်မြို့တော်ကော်ပိုရေးရှင်း (ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ) သည် St. John's Cantonment သုသာန်ရှိ ဂူများကို ကြံတောသို့ ပြောင်းရွေ့စေခဲ့သည်။[] အုတ်ဂူများတွင် ဗြိတိသျှစစ်သားများ၏ အုတ်ဂူများ ပါဝင်ခဲ့သည်။[] ၁၉၉၄ ခုနှစ်တွင် စစ်တပ်က တာမွေသုသာန်မှ ကျန်ရှိနေသော မြှုပ်နှံထားသည်များကို ကြံတောသုသာန်သို့ စူပါမားကတ်တစ်ခု ဆောက်လုပ်ရန် ရွေ့ပြောင်းစေခဲ့သည်။[]

Remove ads

အထင်ကရ မြှုပ်နှံထားသူများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads