သစ္စကပရိဗိုဇ်

From Wikipedia, the free encyclopedia

သစ္စကပရိဗိုဇ်
Remove ads

(နိဂဏ္ဌ၏သား) သစ္စက မည်သော-တက္ကတွန်း-ပရိဗိုဇ်[][]

Thumb
သစ္စကပရိဗိုဇ်ကို မြတ်စွာဘုရား ချွတ်တော်မူနေပုံ

မိဘမျိုးရိုး

သစ္စကပရိဗိုဇ်သည် ဝေသာလီပြည်၌ အယူဝါဒ(၅၀၀) တတ်ကျွမ်းလိမ္မာသော ပရိဗိုဇ် နှင့် အယူဝါဒ (၅၀၀) တတ်ကျွမ်း လိမ္မာသော ပရိဗိုဇ်မတို့မှ မွေးဖွားသော သားရတနာဖြစ်သည်။ ဉာဏ်ပညာ ထက်မြက်လွန်ကဲ၍ မိဘ ၂-ဦးထံမှ အယူဝါဒ (၁၀၀၀) နှင့် ထို့ထက်များ ပြားသော သာသနာပြင်ပ အယူဝါဒများကိုပါ သင်ယူပြီး လိစ္ဆဝီမင်းသားငယ်များကို အတတ် ပညာများ သင်ကြားပေးကာ ဝေသာလီပြည်မှာပင် နေထိုင်လေသည်။ ပညာဖြင့် (မဆန့် နိုင်လောက်အောင်) အလွန်ပြည့်နေသောကြောင့် မိမိဝမ်းဗိုက် မပေါက်ကွဲစေရန် သံပြားဖြင့် (ခါးပတ်များ ပတ်သလို) ဝမ်းဗိုက်ကို ရစ်ပတ်ထားလေသည်။ []

Remove ads

ဘုရားနှင့် ဝါဒပြိုင်

သစ္စကသည် “ဝါဒချင်းသာ ယှဉ်ပြိုင်ပြောဆိုရလျှင် သက်မဲ့တုံး, တိုင်ကိုသော်မှ တုန်လှုပ်စေရမည်” ဟု ကြုံးဝါးကာ လိစ္ဆဝီပရိသတ် များစွာနှင့်အတူ ဘုရားရှင်ထံ သွားရောက်ဝါဒ ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ ထို့နောက် မိမိစော်ကား မိသမျှ ခွင့်လွှတ်ပါရန် ဘုရားရှင်အား လျှောက်ထား၍ ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော် များအား ဆွမ်းကပ်လှူခဲ့သည်။ [] []

သစ္စကပရိဗိုဇ်အား ဟောသောတရား

သစ္စကပရိဗိုဇ်နှင့် ဘုရားရှင်တို့၏ ဝါဒ စစ်ထိုးပွဲအကျယ်နှင့် ဘုရားရှင်၏ အကျယ် ဟောပြချက်များကို စူဠသစ္စကသုတ် [] မဟာသစ္စကသုတ် [] တို့ကြည့်။ []

သစ္စကသည် သာဝကဝေနေယျ, ဗုဒ္ဓဝေနေယျတို့တွင် ဗုဒ္ဓဝေနေယျဖြစ်သည်။ [] []

ဘုရားရှင်သည် သစ္စကပရိဗိုဇ်အား (၁) ဘာဏဝါရပမာဏရှိသည့် စူဠသစ္စကသုတ် [] နှင့် (၁) ဘာဏဝါရခွဲ ပမာဏရှိသည့် မဟာသစ္စကသုတ် [] တရားတော်များကို ဟောကြားတော်မူသော်လည်း သစ္စကသည် မဂ်, ဖိုလ် လည်းမရ ရဟန်းလည်းမပြု၊ သရဏဂုမ်သော်မှ မဆောက်တည်နိုင်ပေ၊ ထိုသို့ဖြစ်ပါလျက် ဘုရားရှင်သည် သစ္စကအား အဘယ့်ကြောင့် ကြိုးစားပမ်းစား ဤမျှများပြားသော တရားတော်များကို ဟောကြားတော် မူပါသနည်း ? ဟု မေးဖွယ်ရှိ၏၊ အဖြေကား နောင် အနာဂတ်ကာလ၌ တရားအထုံဝါသနာ ရစိမ့်သောငှာ ဟောတော်မူလေသည်။

ကာဠဗုဒ္ဓရက္ခိတမထေရ်

ချဲ့ဦးအံ့-ဘုရားရှင်သည် “ဤသစ္စက ပရိဗိုဇ်ကား ယခု ငါဘုရားလက်ထက်၌ မဂ်, ဖိုလ်ရနိုင်လောက်သော ဥပနိဿယ အကြောင်းမရှိ၊ ငါဘုရား ပရိနိဗ္ဗာန် စံလွန်ပြီးနောက် နှစ်ပေါင်း (၂၀၀) ကျော်လွန်လျှင် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)၌ သာသနာ တည်ထွန်းလိမ့်မည်။ ထိုအခါ သစ္စကပရိဗိုဇ်သည် သီဟိုဠ်ကျွန်းဝယ် အမတ်မျိုး၌ဖြစ်၍ အရွယ်ရောက်သောအခါ ရဟန်းပြုပြီးလျှင် ပိဋကတ်သုံးပုံကို သင်ကြားတတ်မြောက်ပြီး ဝိပဿနာတရားပွားများကာ ပဋိသမ္ဘိဒါဉာဏ် ၄-ပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ကာဠဗုဒ္ဓရက္ခိတမည်သော ရဟန္တာ မထေရ်ကြီး ဖြစ်လိမ့်မည်” ဟု အနာဂတံသဉာဏ်တော်ဖြင့် သိမြင်တော်မူသောကြောင့် နောင်အခါ တရားအထုံဝါသနာရစိမ့်သောငှာ ဆိုခဲ့ပြီး ၂-သုတ်တို့ကို ဟောကြားတော် မူခဲ့သည်။

ဘုရားရှင် ဗျာဒိတ်ဘော်အတိုင်း သစ္စက ပရိဗိုဇ်သည် သီဟိုဠ်ကျွန်း၌ သာသနာစည်ပင်ထွန်းကားသောအခါ နတ်ပြည်မှ စုတေ၍ ဒက္ခိဏဝိရိကျောင်းတိုက်အနီး ဆွမ်းခံရွာဝယ် အမတ်မျိုး၌ဖြစ်ပြီး အရွယ်ရောက်သောအခါ ရှင်ရဟန်းပြု၍ ပိဋကတ်သုံးပုံကို သင်ယူပြီးနောက် မကြာမီမှာပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ပြီး ရဟန်းများစွာ ခြံရံလျက် စေတိယတောင်ကျောင်း၌ သီတင်းသုံး နေထိုင်လေသည်။

Remove ads

ဘုရားဂုဏ်တော်များ အနန္တ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads