သန်လျင်တံတား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတား From Wikipedia, the free encyclopedia

Remove ads

သန်လျင်တံတား သည် ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် နှင့် သန်လျင်ခရိုင် သန်လျင်မြို့တို့ကို ဆက်သွယ်ပေးထားသော တံတားဖြစ်သည်။ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ ပေါင်းဆုံရာနေရာမှ အရှေ့မြောက်ဘက် ၄၂ ကီလိုမီတာခန့်အကွာရှိ ပဲခူးမြစ်ကို ဖြတ်သန်းတည်ဆောက်ထားခြင်း ဖြစ်သည်။ တံတားအလယ်တွင် မီးရထား လမ်းတစ်ခုပါရှိကာ ဘေးနှစ်ဖက်တွင် တစ်လမ်းသွား ကား လမ်းတစ်ခုစီ ပါရှိသည်။ရေလည်တိုင် ၁၄ တိုင် ဖြစ်သည်။ []

အချက်တိုများ သန်လျင်တံတားThanlyin Bridge, ကိုဩဒိနိတ် ...
Remove ads

သမိုင်းကြောင်း

သန်လျင်တံတားအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော်လည်း ရှစ်လေးလုံး အရေးအခင်း ကြောင့် ၁၉၈၈ ဩဂုတ်လမှ ၁၉၈၉ ဧပြီလအထိ ရှစ်လခန့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားခဲ့ရသည်။ တံတားကြီး၏ စုစုပေါင်း ကုန်ကျငွေမှာ ကျပ်ငွေ ၁.၆၅ ဘီလီယံ (တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေ ယွမ် ၂၀၇ သန်း အပါအဝင်) ဖြစ်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads