သာကေတမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင် From Wikipedia, the free encyclopedia
Remove ads
သာကေတမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ သာကေတမြို့နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဘက်တွင် ပဲခူးမြစ်နှင့် တောင်ဘက်တွင် ဒေါပုံမြို့နယ်တို့ တည်ရှိသည်။ ပုဇွန်တောင်ချောင်းသည် ဤမြို့နယ်ကို ဖြတ်သန်းစီးဆင်းသွားသည်။ မူလက ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း တည်ရှိရာမှ ၂၀၂၂ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် ဗိုလ်တထောင်ခရိုင်အတွင်း ထည့်သွင်းဖွဲ့စည်းခဲ့သည်။
သာကေတမြို့နယ်ကို ၁၉၅၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၄.၉၃စတုရန်းကီလိုမီတာတွင် ရပ်ကွက် ၁၉ဖြင့် ဖွဲ့စည်းထားသည်။[၂] အစိုးရ မူလတန်းကျောင်း (၄၆) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။ သန်လျင်မြို့နယ်နှင့် တာမွေမြို့နယ်များသို့ တံတားများဖြင့် ဆက်သွယ်ထားသည်။
ပဲခူးမြစ်ကြောင်းတစ်လျှောက်တွင် ဆိပ်ကမ်းသုံးခု ရှိသည်။ မီးရထားလမ်းသည် မြို့နယ်နယ်နိမိတ်အတွင်း ၅မိုင်မျှ ဖြတ်သန်းသွားသော်လည်း ဘူတာ မရှိပေ။ အမှတ်(၁)(၂)(၃)(၅)(၇) ဈေးများနှင့် ခိုင်ရွှေဝါဈေး၊ ဥယျာဉ်ဈေး၊ ဓမ္မာရုံဈေးတို့ ရှိသည်။ တစ်ရာ့ရှစ်တောင်စေတီ၊ ဇိနမာန်အောင်စေတီ၊ ရွှေအုတ်ဂူစေတီတို့ ထင်ရှားသည်။ ကြယ်သုံးပွင့်ဟိုတယ် တစ်ခု၊ ကြယ်နှစ်ပွင့်နှင့် ကြယ်တစ်ပွင့်ဟိုတယ် နှစ်ခုစီ ရှိသည်။ [၃]
Remove ads
အထင်ကရနေရာများ
- မိချောင်းမွေးမြူရေးကန်
- သာကေတ မိကျောင်းမွေးမြူရေးစခန်း
- ရှုခင်းသာပန်းခြံ (ဝါးတားဘွန်းမ်း)
- ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ
- ဇိနမာန်အောင်စေတီ
- တစ်ရာ့ရှစ်တောင်စေတီ
- ရွှေအုတ်ဂူစေတီ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads