သန်းသန်းဆွေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ From Wikipedia, the free encyclopedia

Remove ads

ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၃ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်သည်။ သူသည် ဗဟိုဘဏ်၏ သမိုင်းတွင် ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးကို တာဝန်ယူသည့် ပထမဦးဆုံးသော အမျိုးသမီး ဖြစ်သည်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ပြီး ဥက္ကဋ္ဌ ဖြစ်လာသူ ဖြစ်သည်။ ထိုတာဝန်များ မခန့်အပ်ခံရမီ သူသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူးချုပ်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သည်။

အချက်တိုများ ဒေါ် သန်းသန်းဆွေ, ၁၃ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ...
Remove ads

ဝန်ထမ်းဘဝ

ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဝန်ထမ်းဘဝဖြင့် သူ၏အချိန်များ ကုန်ဆုံးခဲ့သည်။ ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၆၁/၂၀၁၅ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးကြပ်မတ်ကွပ်ကဲမှုဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။ [] ယင်းနောက် ဗဟိုဘဏ်မှာပင်  ဌာနများ ပြောင်းလဲပြီး ညွှန်ကြားရေးမှူးချုပ်များအဖြစ်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ထမ်းဆောင်သည်။

သူမကို စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် (၂၆/ ၂၀၂၁) ဖြင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးသည်။ []၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ ရက်စွဲ အမိန့်အမှတ် (၅၄/ ၂၀၂၂) ဖြင့် နစက က ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးသို့ တိုးမြှင့်ခံရသဖြင့် (၁၃) ဦးမြောက် ဗဟိုဘဏ်၏ဥက္ကဋ္ဌ ဖြစ်လာပြီး ယင်းဘဏ်၏ ပထမဆုံးသော အမျိုးသမီးအဖြစ် သမိုင်းပြုသည်။ []

Remove ads

ထင်ရှားဖြစ်ရပ်

၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ သူ၏နေအိမ်အတွင်း ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရသည်။[] ပြင်းထန်ဒဏ်ရာသာ ရရှိခဲ့၍ အသက်မဆုံးခဲ့ပေ။ [] ဒေါ်သန်းသန်းဆွေဟာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပေမယ့် အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ နောက်ပိုင်းမှာ စစ်ကောင်စီက သူ့ကို ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးပေးခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads