သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
From Wikipedia, the free encyclopedia
Remove ads
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
စစ်ကိုင်းမြို့ သမဝါယမသင်တန်းကျောင်းကို ၁၉၈၂ ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် သမဝါယမကောလိပ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သမဝါယမတက္ကသိုလ် အဆင့်သို့ တိုးမြှင့်ခဲသည်။ [၁]
ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ စစ်ကိုင်းမြို့ခရီးစဉ်တွင် တက္ကသိုလ်အဆင့် တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးခဲ့ပြီး သမ္မတဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ စစ်ကိုင်းမြို့ခရီးစဉ်တွင် တက္ကသိုလ်အဆင့်တိုးမြှင့်ရန် လမ်းညွှန်မှာကြားချက်အရ သမဝါယမကောလိပ် (စစ်ကိုင်း)အား သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့ပြီး ရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီ တက္ကသိုလ်အဆင့်ဖွဲ့စည်းပုံကို အထက်ဌာနအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၂ ခုနှစ် မေလ ၃၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၂)မှ သမဝါယမတက္ကသိုလ်(စစ်ကိုင်း)၏ ဖွဲ့စည်းပုံကိုအတည်ပြုခဲ့ပြီး သမဝါယမဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၉/၂၀၁၂)ဖြင့် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
Remove ads
ဖွဲ့စည်းပုံ
သမဝါယမတက္ကသိုလ်(စစ်ကိုင်း)၏ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
- စီမံခန့်ခွဲရေးဌာန
- စီမံရေးရာဌာန
- ဝန်ထမ်းရေးရာဌာနခွဲ
- နယ်မြေဌာနခွဲ
- ဘဏ္ဍာရေးရာဌာန
- ငွေစာရင်းဌာနခွဲ
- ငွေကိုင်ဌာနခွဲ
- ပစ္စည်းဌာနခွဲ
- နယ်မြေအင်ဂျင်နီယာဌာန
- မြို့ပြအင်/ယာဌာနခွဲ
- စတိုအင်/ယာဌာနခွဲ
- ရေသန့်အင်/ယာဌာနခွဲ
- လျှပ်စစ်အင်/ယာဌာနခွဲ
- စီမံရေးရာဌာန
- သင်တန်းရေးရာဌာန
- ကျောင်းသားရေးရာဌာနခွဲ
- အားကစားဌာနခွဲ
- စာမေးပွဲဘွဲ့နှင့်ဌာနခွဲ
- နိုင်ငံတကာဆက်ဆံရေးဌာနခွဲ
- စာကြည့်တိုက်ဌာနခွဲ
- သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန
- သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ နည်းပညာဌာနခွဲ
- သင်ကြားရေးဌာန
Remove ads
သင်ကြားပေးသော ဘာသာရပ်များ
ပေးအပ်သည့်ဘွဲ့များ
- B.B.Sc (Business Science)
- B.B.Sc (Regional Development)
- B.B.Sc (Accounting and Finance)
- B.B.Sc (Marketing Management)
- B.B.Sc (Applied Statistics)
- B.B.Sc (Social Enterprise Management)
Postgraduate Degree Program
- PGDSEM (Postgraduate Diploma in Social Enterprise Management)
- PGDRD(Regional Development)
- PGDAF (Accounting and Finance)
- PGDMM(Marketing Management)
- PGDAS (Applied Statistics)
HR Diploma and Certificate Program
- Diploma in Development Studies(DDS)
- Certificate in Marketing Management(CMM)
- Certificate in Human Resources Management(CHRM)
- Certificate in Business Accounting ( Level I & II)(CBA)
- Certificate in Business Studies(CBS)
Remove ads
Master degree Program
- Master of Regional Development(MRD)
- Master of Accounting and Finance(MAF)
- Master of Marketing Management(MMM)
- Master of Applied Statistics(MAS)
- Master of Social Enterprise Management(MSEM)
Ph.D degree Program
- Ph.D(Accounting and Finance)
- Ph.D(Applied Statistics)
- Ph.D (Applied Economics)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads