သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန
From Wikipedia, the free encyclopedia
Remove ads
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန (အင်္ဂလိပ်: Department of Historical Research and National Library) သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ ယဉ်ကျေးမှုဆိုင်ရာဌာနတစ်ခုဖြစ်သည်။
Remove ads
သမိုင်းကြောင်း
သမိုင်းသုတေသနဦးစီးဌာနသည် မြန်မာသမိုင်း သုတေသနလုပ်ငန်းများအတွက် အမျိုးသားဗဟိုဌာန ဖြစ်သည်။ မြန်မာသမိုင်းကော်မရှင်အဖွဲ့နှင့် နီးကပ်စွာ အလုပ်လုပ်ကိုင် လျက်ရှိပြီး၊ အဓိက လုပ်ငန်းများမှာ- သမိုင်းဆိုင်ရာ အထောက် အထားများကို စုဆောင်းခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ သမိုင်းများကို သုတေသနပြုခြင်းနှင့် သမိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ထုတ်လုပ်ဖြန့်ဝေခြင်းတို့ဖြစ်သည်။ ထို့ပြင် အထူးပြုသုတေသန လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ရသည်။
ဇန်နဝါရီ ၁၉၅၅ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်ကို တည်ထောင်ခဲ့ပြီး ဝန်ကြီးချုပ်ရုံး၏ လက်အောက်တွင် ထားရှိခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ်တွင် သမိုင်းကော်မရှင်သည် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်သို့ ပြောင်းသွားခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်အား နိုင်ငံသမိုင်းသုတေသန ဦးစီးဌာနအဖြစ် ပြောင်းလဲခေါ်ခဲ့သည်။ ထို့နောက် ၁၉၈၄ခုနှစ်တွင် နိုင်ငံသမိုင်းသုတသနဦးစီးဌာနအား ပညာရေးဝန်ကြီးဌာန လက်အောက်သို့လွှဲပြောင်းပေးခဲ့သည်။ ပညာရေးဝန်ကြီးဌာန လက်အောက်၌ ရှိစဉ်အတွင်း ၁၉၇၂ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် သုတေသနဌာနခွဲ တစ်ခုအဖြစ် တည်ရှိခဲ့သည်။ မတ် ၁၉၈၆ ခုနှစ်အထိ သမိုင်းဌာနအောက်တွင် မြန်မာသမိုင်း သုတေသနဌာနနှင့် သုတေသနဌာနခွဲတို့ ပေါင်းစပ်လျက်ရှိပြီး ၁၉၉၁ ခုနှစ်တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဌာနဖြစ်လာခဲ့သည်။ ၂ ဖေဖော်ဝါရီ ၂၀၀၇ တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာနအား ယဉ်ကျေးမှုဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး သမိုင်းသုတေသန ဦးစီးဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနလက်အောက်ရှိ အမျိုးသား စာကြည့်တိုက် (နေပြည်တော်)နှင့် (ရန်ကုန်)တို့အား သမိုင်းသုတေသနဦးစီးဌာန လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံတွင် သမိုင်းပညာရှင်များကို ခိုင်မာစွာမြှင့်တင်ပေးသော ဌာနဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်များ၌ သမိုင်းနှင့် ဆက်စပ်နေသော ဘာသာရပ်များကို သင်ကြားရာ၌ အထောက်အပံ့ပေးနေသော ဌာနကြီးတစ်ခုလည်းဖြစ်သည်။ ဤဌာနမှ သမိုင်းသုတေသန ပညာရှင်များအား မွေးထုတ်ပေးရန်အတွက် ပြည်ပနိုင်ငံများသို့ ပညာသင်များ၊ ထောက်ပံ့စေလွှတ်ပေးခဲ့ခြင်း သာမက သမိုင်းနှင့် ဆက်စပ်နေသော ဘာသာရပ်များကိုလည်း လေ့လာသင်ကြားစေခဲ့သည်။ သမိုင်းသုတေသနလုပ်ငန်းသည် အဓိကဖြစ်သော်လည်း အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် အာဆီယံအဖွဲ့အစည်းကြီး၏ အကြောင်းကို သုတသနပြု လေ့လာခြင်းများကို လည်း ဆောင်ရွက်လျက်ရှိသည်။[၁]
Remove ads
ရည်ရွယ်ချက်
- မြန်မာသမိုင်းနှင့်ဆက်စပ်နေသော အချက်အလက်များကို ပြည်တွင်းပြည်ပ အထောက်အထားများမှ ရရှိစေခြင်း။
- မြန်မာသမိုင်းနှင့်ဆိုင်သော သုတေသနပြုလုပ်ငန်းများ ပြုလုပ်ရန် ညွှန်ကြားခြင်း။
- မြန်မာ့သမိုင်းဆိုင်ရာ အချက်အလက်များကို စုဆောင်းရန် ပြုလုပ်ခြင်း။
- မြန်မာသမိုင်းဆိုင်ရာ စာတမ်းများ၊ ဂျာနယ်များနှင့် စာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်း။
- သမိုင်းပညာရှင်များအား မြှင့်တင်ပေးခြင်း။
- မြန်မာသမိုင်းနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ ကူညီထောက်ပံ့မှု ရရှိစေခြင်း။
Remove ads
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads