သမ္မတ (အစိုးရရာထူး)

From Wikipedia, the free encyclopedia

Remove ads

သမ္မတဆိုသည်မှာ နိုင်ငံအများစုတွင် နိုင်ငံတော်အကြီးအကဲအတွက် ရာထူးတစ်ခုဖြစ်သည်။သမ္မတတစ်ဦး၏ လုပ်ငန်းတာဝန်များသည် နိုင်ငံရေးစနစ်ပေါ်မူတည်၍ အမျိုးမျိုးရှိသည်။ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော နိုင်ငံများ (ဥပမာ - အိန္ဒိယ)တွင် သမ္မတသည် နိုင်ငံတော်အကြီးအကဲအဖြစ် အဆောင်အယောင်သာရှိပြီး လုပ်ပိုင်ခွင့်အာဏာ နည်းပါးသည်။လုပ်ပိုင်ခွင့်အာဏာသည် အစိုးရအဖွဲ့အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်ကဲ့သို့သော ပုဂ္ဂိုလ်ထံတွင် ရှိသည်။သမ္မတစနစ်နှင့် ၎င်းနှင့်ဆင်တူသည့်စနစ်များကို ကျင့်သုံးသောနိုင်ငံများ (ဥပမာ- အမေရိကန်ပြည်ထောင်စု)တွင် သမ္မတသည် လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိသည်။အာဏာရှင်နိုင်ငံအချို့တွင် အာဏာသိမ်းခေါင်းဆောင် ၊ တစ်ပါတီစနစ်ကျင့်သုံးသောနိုင်ငံများ (ဥပမာ- ဆိုရှယ်လစ်ခေတ် မြန်မာပြည်) ပါတီခေါင်းဆောင်သည်လည်း သမ္မတရာထူး ရယူလေ့ရှိသည်။[][]

အင်္ဂလိပ်အသုံးတွင် Mr President သို့မဟုတ် Madam President ဟူ၍ လူပုဂ္ဂိုလ်ပေါ်မူတည်၍ အသုံးပြုသည်။"Mr President" အသုံးကို အစိုးရအဖွဲ့များက ၎င်းတို့၏ နိုင်ငံတော်အကြီးအကဲကို ရည်ညွှန်းရာတွင် သုံးလေ့ရှိသည်။ထို့အပြင် ပြင်သစ်သမ္မတနိုင်ငံ၏ သမ္မတ "Monsieur le Président" ကဲ့သို့ အင်္ဂလိပ်အသုံးမဟုတ်သော အမည်ကို ရည်ညွှန်းရာတွင်လည်း အသုံးပြုလေ့ရှိသည်။

Remove ads

နိုင်ငံတော်အကြီးအကဲမဟုတ်သူများအတွက် ရာထူးအခေါ်အဝေါ်

အချို့သောအသုံးများတွင် အင်္ဂလိပ်အသုံး President ကို သမ္မတမဟုတ်ဘဲ အခြားနေရာများအတွက်လည်း အသုံးပြုသည်။ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ၊ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကို President ဟု သုံးကြသည်။

မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး သမ္မတသည် နိုင်ငံတော်အကြီးအကဲဖြစ်ကာ အုပ်ချုပ်ရေးအာဏာ နည်းပါးသည်။။အစိုးရအဖွဲ့အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်တွင် အုပ်ချုပ်ရေးအာဏာ ပိုရှိသည်။။လွှတ်တော် ဖျက်သိမ်းထားချိန်များနှင့် ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လစ်ဟင်းမှုများမဖြစ်ပေါ်စေရန် သမ္မတမှ ယာယီတာဝန်ယူ အုပ်ချုပ်ပေးခြင်းမျိုးသာ ရှိပေသည်။

၁၉၇၄အခြေခံဥပဒေပြဋ္ဌာန်းပြီးနောက် ဆိုရှယ်လစ်ခေတ်တွင် သမ္မတနှင့်အတူ နိုင်ငံတော်ကောင်စီမှာ အာဏာပိုရလာသည်။၂၀၀၈အခြေခံဥပဒေပြဋ္ဌာန်းပြီးနောက် ၂၀၁၁ခုနှစ်မှ ၂၀၁၆ခုနှစ်အထိတွင် သမ္မတသည် နိုင်ငံတော်အကြီးအကဲသာမက အစိုးရအဖွဲ့အကြီးအကဲလည်းဖြစ်သည်။အုပ်ချုပ်ရေးအာဏာ အလုံးစုံသည် သမ္မတထံတွင်ရှိကာ ဝန်ကြီးချုပ်ရာထူး ဖျက်သိမ်းထားခဲ့သည်။၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် ဝန်ကြီးချုပ်နှင့်ဆင်တူသော အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ထားရှိခဲ့ပြီး သမ္မတထံမှ အာဏာခွဲဝေကာ အုပ်ချုပ်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads