သိန်းအောင် (ကလေးအထူးကုဆရာဝန်)
From Wikipedia, the free encyclopedia
Remove ads
ပါမောက္ခဒေါက်တာသိန်းအောင်သည် မြန်မာ ကလေးအထူးကုဆရာဝန်ကြီးဖြစ်ပြီး အဘ ဦးကရင်၊ အမိ ဒေါ်မိုးတို့က ၁၉၄၃ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ပျော်ဘွယ်မြို့၌ မွေးဖွားခဲ့သည်။[၁]
ပညာရေး
၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆေးပညာဘွဲ့ (၁၉၆၇)၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ Royal College of Physicians မှ DCH ဘွဲ့နှင့် MRCP (UK) ဘွဲ့ (၁၉၇၄)၊ Royal College of Physicians, Edinburgh မှ FRCP ဘွဲ့ (၁၉၈၃) နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးကျန်းမာပညာ) တို့ကို ရရှိခဲ့သည်။
ဝန်ထမ်းဘဝ
ပါမောက္ခ၊ ဌာနမှူး (ကလေးကျန်းမာပညာဌာန) တာဝန်ကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် နှင့် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန် တို့တွင် ထမ်းဆောင်ခဲ့သည်။ [၂]
မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့ နာယကလည်း ဖြစ်သည်။[၃] ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ ပါရမီဆေးရုံကို တည်ထောင်သူလည်းဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads