ဆေးတက္ကသိုလ် (၁) ရန်ကုန်

From Wikipedia, the free encyclopedia

ဆေးတက္ကသိုလ် (၁) ရန်ကုန်

ဆေးတက္ကသိုလ်(၁) ရန်ကုန် သည် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ၅ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၆၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ ဆေးပညာဘွဲ့ (MBBS) အပ်နှင်းသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် တက္ကသိုလ် ပရဝုဏ် ၃ ခုရှိသည်။ လမ်းမတော်တွင်တစ်ခု၊ ပြည်လမ်းတွင်တစ်ခု (လိပ်ခုံးကျောင်း ဟူ၍လည်း သိကြသည်)၊ သထုံလမ်းတွင်တစ်ခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီး (Yangon General Hospital)၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ သို့မဟုတ် ဂျကာ (JICA) ဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန အနီးတွင်ရှိသည်။

အချက်တိုများ
ဆေးတက္ကသိုလ်(၁) ရန်ကုန်
University of Medicine 1, Yangon
ဥပဌာနံ၊ အနုကမ္ပာ၊ ဒယာ
upaṭhānaṃ, anukammā, dayā
ဆေးတက္ကသိုလ်(၁) ရန်ကုန်
Thumb
တည်ထောင်ခုနှစ် ၁၉၂၇၊ ဖေဖော်ဝါရီလ (၂)ရက်
ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ
တည်နေရာ *လမ်းမတော် (မိန်း)
ဝဘ်ဆိုတ် https://um1yangon.edu.mm/
ပိတ်ရန်
အချက်တိုများ
ရွေးချယ်သတ်မှတ်ခြင်းများ
ပိတ်ရန်
Thumb
ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ သထုံလမ်း

လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာ ကျော်ရွှေ ဖြစ်သည်။

ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ဆောင်ပုဒ်မှာ ဥပဌာနံ အနုကမ္ပါ ဒယာ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ဆရာဝန်တစ်ဦးဖြစ်သောကျွန်ုပ်သည် ဝေဒနာရှင် လူနာအား ဥပဌာနံ = စိတ်ရောကိုယ်ပါ ယုယုယယ ပြုစုကုသပါမည်။ အနုကမ္ပါ = ကိုယ်ကျင့်တရားလက်ကိုင်ထားလျက် ပြုစုကုသပါမည်။ ဒယာ = လူလူချင်း ညှာတာထောက်ထားသောအသိဖြင့် ပြုစုကုသပါမည် ဟူ၍ဖြစ်သည်။

ဆေးတက္ကသိုလ်(၁) ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

သမိုင်းကြောင်း

Thumb
လမ်းမတော်ဆေးကျောင်း၏ မြင်ကွင်းကျယ်ဓာတ်ပုံ

မြန်မာပြည်တွင် ဆေးကျောင်းများကို ၁၉၀၇ ခုနှစ်တွင်ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းတွင်စတင်တည်ထောင်သည်။ ထိုစဉ်ကသင်တန်းကာလ မှာ ၄နှစ်ဖြစ်ပြီး Licentiate Medical Practice(L.M.P) course ဟုခေါ်သည်။ ထိုသင်တန်းအောင်မြင်သူများကို L.M.P လက်မှတ်ပေးအပ်ခဲ့သည်။ ၁၉၂၃-၁၉၂၄ ပညာသင်နှစ်တွင်မူ ဆေးပညာဘွဲ. M.B.,B.S သင်တန်းကို ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ လက်ရှိ ဦးနှောက်နှင့်အာရုံကြောဌာန နေရာတွင်စတင်သည်။

ဦးဆောင်မှု

၁၉၆၄ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို ပါမောက္ခချုပ်မှ ဦးဆောင်အုပ်ချုပ်သည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ -

နောက်ထပ် အချက်အလက်များ ကာလ, အမည် ...
ကာလအမည်
၁၉၆၄-၁၉၇၀သီရိပျံချီ ပါမောက္ခ ဦးဘသန်း
၁၉၇၁-၁၉၇၂ဒေါက်တာ ဦးဖေကျင်
၁၉၇၂-၁၉၈၄ဒေါက်တာ ဦးထွန်းမင်း
၁၉၈၄-၁၉၈၇ပါမောက္ခ ဦးလှမြင့်
၁၉၈၇-၁၉၈၈ပါမောက္ခ ဦးတင်အောင်စိုး
၁၉၈၈-၁၉၉၁ပါမောက္ခ ဦးမောင်မောင်စိန်
၁၉၉၁-၁၉၉၆ပါမောက္ခ ဦးမြဦး
၁၉၉၆-၁၉၉၇ပါမောက္ခ ဦးကျော်မြင့်ထွန်း
၁၉၉၇-၁၉၉၈ပါမောက္ခ ဦးကျော်မြင့်
၁၉၉၈-၂၀၀၇ပါမောက္ခ ဦးမျိုးမြင့်
၂၀၀၇-၂၀၀၉ပါမောက္ခ ဦးအေးမောင်ဟန်
၂၀၀၉-၂၀၁၁ပါမောက္ခ ဦးဖေသက်ခင်
၂၀၁၁-၂၀၁၃ပါမောက္ခ ဦးသန်းချို
၂၀၁၃-၂၀၁၅ပါမောက္ခ ဦးသက်ခိုင်ဝင်း
၂၀၁၅-၂၀၂၁ပါမောက္ခ ဦး ဇော်ဝေစိုး
၂၀၂၁ - လက်ရှိပါမောက္ခ ဒေါက်တာ ကျော်ရွှေ []
ပိတ်ရန်


သင်ကြားမှုကာလ

နောက်ထပ် အချက်အလက်များ ပညာသင်နှစ်, အချိန်ကာလ ...
ပညာသင်နှစ်အချိန်ကာလ
ပထမနှစ်၁ နှစ်
ဒုတိယနှစ်၁ နှစ်ခွဲ
တတိယနှစ်၁ နှစ်
စတုတ္ထနှစ်၁ နှစ်
ပဉ္စမနှစ်၁ နှစ်ခွဲ
အလုပ်သင်ဆရာဝန်၁ နှစ်
ပညာသင်နှစ်စုစုပေါင်း၇ နှစ်
ပိတ်ရန်

ဘာသာရပ်များ

ပထမနှစ် အမ်ဘီဘီအက်စ်

ဒုတိယနှစ် အမ်ဘီဘီအက်စ်

တတိယနှစ် အမ်ဘီဘီအက်စ်

သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်

နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ်

သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။

နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ်

အလုပ်သင်ဆရာဝန်

နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-

နောက်ထပ် အချက်အလက်များ ဘာသာရပ်, အချိန်ကာလ ...
ဘာသာရပ်အချိန်ကာလ
ကလေးကျန်းမာပညာ၂ လခွဲ
ပြည်သူ့အကျိုးပြု ဆေးပညာ၂ ပတ်
ဆေးပညာ(စိတ်ရောဂါကုသမှုပညာ အပါအဝင်)၃ လ
သားဖွားနှင့် မီးယပ်ဆေးပညာ၃ လ
ခွဲစိတ်ကုပညာ(ထိခိုက်ဒဏ်ရာ ဆေးပညာ အပါအဝင်)၃ လ
ပိတ်ရန်

အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူပြီးမှ ဆေးပညာဘွဲ့ (M.B.,B.S.) အပ်နှင်းခြင်း ခံရသည်။[]

ထင်ရှားကျော်ကြားသော ကျောင်းသားဟောင်းများ

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.