သီလ

သီလ (Sila) From Wikipedia, the free encyclopedia

သီလ
Remove ads

သီလ (န)[] သည် ပါဠိဘာသာစကားဖြစ်ပြီး အဓိပ္ပါယ်အမျိုးမျိုးရှိသည်။ ၎င်းတို့ကို အောက်ပါအတိုင်း စုစည်းဖော်ပြထားပါသည်။

၁။ ပကတိပင်ကိုသဘော []

၂။ (ကောင်း၊ မကောင်း) အလေ့-အကျင့်-အလေ့-အထ []

၃။ ဂုဏ်ကျေးဇူး []

၄။ လောကကျင့်ဝတ်-ဝတ်တရား []

၅။ (ကိုယ်၊ နှုတ်အမူအရာတို့ကို ကောင်းစွာထိန်းချုပ်ထား-ကုသိုလ်တရားတို့ကို လွန်စွာဆောင်ရွက်နိုင်-သည့်) သီလ-စည်းကမ်း-ဥပဒေ-တရားဥပဒေ []

  • (က) စေတနာ စေတသိက်ဟူသော စေတနာသီလ
  • (ခ) ဝိရတီနှင့် အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိဟူသော စေတသိက်သီလ[]
  • (ဂ) ငါးပါးသော စောင့်စည်းမှုဟူသော သံဝရသီလ[]
  • (ဃ) ငါးပါးသီလ၊ နိစ္စသီလ၊ ဂဟဋ္ဌ (လူ) သီလ၊ အဂါရိယသီလ[]
  • (င) ပဗ္ဗဇိတ-ရဟန်း-အနာဂါရိယ-သီလ၊ စတုပါရိသုဒ္ဓိသီလ[၁၀]
  • (စ) ဥပုသ် (ရှစ်ပါး) သီလ[၁၁]
  • (ဆ) ၁၀-ပါးသီလ[၁၂]
  • (ဇ) ကုသလကမ္မပထ ၁၀-ပါးသီလ[၁၃]
  • (ဈ) မင်းကျင့်တရား ၁၀-ပါးသီလ[၁၄]
Remove ads

သီလ

သီလဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊ နှုတ်၊ စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်အရ သီလကို ငါးပါးသီလရှစ်ပါးသီလဆယ်ပါးသီလ စသည်ဖြင့် အရေအတွက်ကိုလိုက်၍ အမျိုးမျိုး ခွဲခြားသတ်မှတ်ထားသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် မဖြစ်မနေလိုက်နာ စောင့်ထိန်းကြရမည့် သီလအမျိုးအစား ဖြစ်သည်။ ရှစ်ပါးသီလ မှာမူ လူပုဂ္ဂိုလ်များအတွက် လဆန်း (၈)ရက်၊ လဆုပ် (၈)ရက်၊ လပြည့်လကွယ် စသော အခါကြီးရက်ကြီး ဥပုသ်နေ့များတွင်သာ အထူးတလည်စောင့်ထိန်းကြလေ့ရှိသော သီလဖြစ်သည်။ နောက်ထပ် အင်္ဂါရှစ်ပါးပါဝင်သော အာဇီဝဋ္ဌမကသီလဆိုသော သီလတစ်မျိုးကိုမူ သိသူနည်းကြသည်။ ဆယ်ပါးသီလမှာမူ ရှင်သာမဏေ (ကိုရင်) များစောင့်ထိန်းကြရသည့် သီလဖြစ်သည်။ ယခုအခါတွင် မြန်မာ့ရုပ်မြင်သံကြားမှ ဥပုသ်နေ့နံနက်တိုင်း ကိုးပါးသီလ ဆောက်တည်နိုင်ရန်အတွက် ဆရာတော် သံဃာတော် များက သီလပေးခြင်းကို ထုတ်လွှင့်လျက် ရှိသည်။ အထက်ဖော်ပြပါ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စသောသီလများသည် သာမန်လူပုဂ္ဂိုလ်များနှင့် ရှင်သာမဏေများအတွက်ဖြစ်ပြီး၊ ရဟန်းသံဃာများအတွက်မူ ပိုမိုများပြားသော သီလတော်များကို အစဉ်ဆောက်တည်ကြရသည်။ သီလကိုစောင့်ထိန်းဆောက်တည်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျန်းမာခြင်း စသောကောင်းကျိုးများအပြင် ကောင်းရာ သုဂတိဘုံဘဝများသို့ ရောက်ရှိခြင်းနှင့် ဝိပဿနာဉာဏ်မဂ်ဉာဏ်များအထိ ကျေးဇူးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိခံစားစေနိုင်သည်။ ဘုရားလောင်းအဆက်ဆက်တို့ ဖြည့်ဆည်းအပ်သော ပါရမီဆယ်ပါးတွင်လည်း သီလပါရမီသည် တစ်ခုအပါအဝင်ဖြစ်သည်။

Remove ads

၁. သီလ၏ အဓိပ္ပာယ်နှင့် သဘောသဘာဝ

သီလဆိုသည်မှာ ကာယ၊ ဝစီ၊ မနော ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်း၊ ကောင်းမှုကုသိုလ်ကို ဖြည့်ကျင့်ခြင်းဖြင့် စိတ်၏ စေတနာကို စင်ကြယ်စေသော တရားဖြစ်သည်။ ၎င်းသည်-

  • စေတနာသီလ= ကာယဒုစရိုက် (သက်သတ်ခြင်း၊ ခိုးယူခြင်း၊ ကာမမှားယွင်းခြင်း)၊ ဝစီဒုစရိုက် (မုသား၊ ဂုံးတိုက်၊ ဆဲရေး၊ ပြိန်ဖျင်း) မှ ရှောင်ကြဉ်ရာ၌ ဖြစ်သော စေတနာ။
  • ဝိရတီသီလ= သမ္မာကမ္မန္တ၊ သမ္မာဝါစာ၊ သမ္မာအာဇီဝ ဟူသော ရှောင်ကြဉ်မှု သုံးပါး။
  • မနောသုစရိုက်သီလ= အနဘိဇ္ဈာ (အလောဘ)၊ အဗျာပါဒ (အဒေါသ)၊ သမ္မာဒိဋ္ဌိ (အမောဟ) ဟူသော စိတ်၏ ဖြူစင်မှု။
  • သံဝရသီလ= ပါတိမောက္ခသံဝရ (သိက္ခာပုဒ်စောင့်ထိန်းမှု)၊ သတိသံဝရ (ဣန္ဒြေထိန်းချုပ်မှု)၊ ဉာဏသံဝရ (ပညာဖြင့်ထိန်းသိမ်းမှု)၊ ခန္တိသံဝရ (သည်းခံမှု)၊ ဝီရိယသံဝရ (အားထုတ်မှု) ဟူသော ငါးပါး။
  • အဝီတိက္ကမသီလ= သိက္ခာပုဒ်များကို မလွန်ကျူးဘဲ စောင့်ထိန်းခြင်း။

သီလ၏ အနက်မှာ “နဂိုရ်သဘော” (အလေ့အကျင့်) နှင့် “ကောင်းသောအကျင့်” ဟူ၍ နှစ်မျိုးရှိပြီး၊ ဤတွင် ကောင်းသောအကျင့်ကို အဓိကထား၍ “ကာယဝစီကံကို ကောင်းစွာထားရှိခြင်း” နှင့် “ကုသိုလ်တရားများကို ကောင်းစွာဆောင်ရွက်ခြင်း” ဟူသော သဘောကို ဖော်ညွှန်းသည်။[၁၅]

Remove ads

၂. သီလ၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်

  • လက္ခဏ (လက္ခဏာ)= ကာယဝစီကံကို ဖရိုဖရဲမဖြစ်အောင် ထိန်းသိမ်းစင်ကြယ်စေခြင်း။
  • ရသ (အား)= ကုသိုလ်တရားများကို ဖြစ်ပွားစေရန် အကြောင်းခံဖြစ်ခြင်း။
  • ပစ္စုပဋ္ဌာန် (ထင်ရှားပုံ)= စိတ်၏ တည်ငြိမ်မှု၊ ကိလေသာမှ လွတ်မြောက်မှုအဖြစ် ထင်ရှားသည်။
  • ပဒဋ္ဌာန် (အကြောင်းခံ)= ဟိရီ (အမှားကို ရှက်ခြင်း) နှင့် ဩတပ္ပ (အမှားကို ကြောက်ခြင်း) တို့ဖြစ်သည်။

၃. သီလ၏ အကျိုး

သီလသည် ကုသိုလ်တရားအားလုံး၏ အခြေခံဖြစ်ပြီး၊ အကျိုးအနေဖြင့်-

  • လောကီအကျိုး= နတ်ပြည်စည်းစိမ်၊ လူ့ဘဝသာယာမှု။
  • လောကုတ္တရာအကျိုး= သမာဓိ၊ ဈာန်၊ မဂ်ဖိုလ်သို့ ဦးတည်စေခြင်း။
  • စိတ်ပိုင်းဆိုင်ရာ= စိတ်၏ တည်ငြိမ်မှု၊ ကိလေသာမှ လွတ်မြောက်မှု၊ အပြစ်ကင်းစင်မှု။

ဥပမာ၊ တိဿမထေရ်ကဲ့သို့ သီလကို အမှီပြု၍ အရဟတ္တဖိုလ်သို့ ရောက်ရှိခြင်းသည် သီလ၏ အမြင့်မြတ်ဆုံး အကျိုးဖြစ်သည်။

၄. သီလ၏ အပြားများ

သီလသည် ငါးမျိုးအဖြစ် ခွဲခြားဖော်ပြထားသည်-

  1. ပဟာနသီလ= ဒုစရိုက်များကို ပယ်ရှားခြင်း။
  2. ဝေရမဏိသီလ= ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်း။
  3. စေတနာသီလ= ကောင်းမှုကို စိတ်စွဲမြဲစွာ ဆောင်ရွက်ခြင်း။
  4. သံဝရသီလ= ကိလေသာများ စိတ်သို့ မဝင်ရောက်အောင် စောင့်ထိန်းခြင်း။
  5. အဝီတိက္ကမသီလ= သိက္ခာပုဒ်များကို မလွန်ကျူးခြင်း။

ဤငါးမျိုးသည် တစ်ခုချင်းသီးသန့် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ ဒုစရိုက်တစ်ခုကို ရှောင်ကြဉ်ရာတွင် တပြိုင်နက် ပြည့်စုံနိုင်သည်။

Remove ads

၅. သီလ၏ ညစ်ညူးကြောင်းနှင့် ဖြူစင်ကြောင်း- ညစ်ညူးကြောင်း

လာဘ်စသည်ဖြင့် ပျက်စီးခြင်း

လာဘ်၊ ဂုဏ်အရှိန်အဝါ၊ အကျော်အစောတို့ကြောင့် သိက္ခာပုဒ်ပျက်စီးခြင်း၊ ဥပမာ- အစပြတ်၊ အလယ်ပေါက်၊ ကျား၊ ပြောက်စသည်။

မေထုနသံယောဂ ခုနစ်ပါး

မာတုဂါမနှင့် ကာယထိတွေ့မှု၊ ရယ်မောသာယာမှု၊ မျက်စိချင်းကြည့်မှု၊ အသံနားထောင်မှု၊ အတိတ်အောက်မေ့မှု၊ သူကြွယ်စည်းစိမ်ကို တပ်မက်မှု၊ နတ်ဘဝကို တောင့်တမှုတို့ဖြစ်သည်။

ဖြူစင်ကြောင်း
  • - သိက္ခာပုဒ်များ မပျက်စီးခြင်း၊ ပျက်စီးလျှင် ကောင်းစွာ ကုစားခြင်း။
  • - မေထုနသံယောဂမှ ကင်းဝေးခြင်း။
  • - ကောဓ၊ ဥပနာဟ၊ မက္ခ၊ ပဠာသ၊ ဣဿာ၊ မစ္ဆရိယ၊ မာယာ၊ သာဌေယျ စသည့် ယုတ်မာတရားများ မဖြစ်ခြင်း။
  • - အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ ကိလေသာကို ခေါင်းပါးစေခြင်းတို့ ဖြစ်ခြင်း။

ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော သီလသည် ဘုဇိဿသီလ (တဏှာကို တော်လှန်နိုင်သည်)၊ ဝိညူပသဋ္ဌသီလ (ပညာရှိတို့ ချီးမွမ်းထိုက်သည်)၊ အပရာမဋ္ဌသီလ (တဏှာ၊ ဒိဋ္ဌိဖြင့် မသုံးသပ်ထိုက်သည်)၊ သမာဓိသံဝတ္တနိကသီလ (သမာဓိသို့ ဦးတည်စေသည်) ဟု ခေါ်သည်။

Remove ads

သီလစောင့်ခြင်းအကျိုးငါးပါး

  • (၁) မမေ့မလျော့ခြင်းကြောင့်များစွာသောစည်းစိမ်ဥစ္စာတို့ကိုရရှိ၏။
  • (၂) ကောင်းသတင်းကျော်စောခြင်းဂုဏ်ကိုရ၏။
  • (၃) ပရိသတ်လေးပါးအလယ်၌တင့်တယ်ရဲရင့်ရွှင်ရွှင်လန်းလန်းနေရ၏။
  • (၄) မတွေမဝေမမေ့မောဘဲသေရခြင်းရှိ၏။
  • (၅) သေပြီးနောက်တွင်နတ်ရွာ၌ဖြစ်ရ၏။[၁၆]

ဆက်စပ်ဖတ်ရှုရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads