သီရိပစ္စယာ
From Wikipedia, the free encyclopedia
Remove ads
သီရိပစ္စယာသည် ဒုတိယပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ သီရိပစ္စယာကို ကျောက်စကားအရပ်၌ တည်ထောင်ပြန်သည်။ ၎င်းနေရာမှာ ပုဂံမြို့သစ်၏ တောင်ဘက် ရေအိုးစဉ်ချောင်း၏ မြောက်ဘက်ကမ်းနေရာ ဖြစ်သည်ဟု ဆိုကြသည်။ သေဉ်လည်ကြောင်မင်း(၃၄၄-၃၈၇)လက်ထက်မှ သာရမွန်ဖျားမင်း(၄၉၄-၅၁၆)အထိ စိုးစံခဲ့ကြသည်။ [၁]

သီရိပစ္စယာ နန်းတော်ရာ နေရာသည် အရှေ့လောင်ဂျီတွဒ် ၉၄ ၅၁' ၁၇" နှင့် မြောက်လတ္တီတွဒ် ၂၁ ၈' ၂၄" တွင် ကျောက်တိုင်စိုက်ထူထားခြင်းသာ တွေ့ရသည်။ သေဉ်လည်ကြောင်မင်း(၃၄၄-၃၈၇) လက်ထက်တွင် ယုန်လွှတ်ကျွန်းအရပ်မှ ကျောက်စကားအရပ်သို့ မြို့တော်ကို ပြောင်းရွှေ့၍ သီရိပစ္စယာ အမည်ရှိ မြို့တော်ကို တည်ထောင်ခဲ့သည်။ ခရစ်နှစ် (၃၄၄ မှ ၅၁၃ အထိ) မင်းဆက်ပေါင်း ငါးဆက် စိုးစံခဲ့သည်။ စမ်းသပ်တူးဖော်မှုဆိုင်ရာ သုတေသနပြုခြင်း မရှိသေးပါ။ နေရာအမှတ်အသား ကျောက်စာတိုင် စိုက်ထူထားခြင်းသာ ရှိသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads