သုတေသနသရုပ်ပြအဘိဓာန်
From Wikipedia, the free encyclopedia
Remove ads
ကျေးဇူးတော်ရှင် ဖျာပုံတိုက်သစ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ မထေရ်မြတ်၏ သုတေသနသရုပ်ပြအဘိဓာန်ကို ၂၀ဝ၂-ခုနှစ်တွင် တတိယအကြိမ်အဖြစ် သာသနာရေးဦးစီးဌာနမှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သို့ရာတွင် ထည့်သွင်း သင့်သောပြင်ဆင်ဖြည့်စွက်ချက်များမပါဘဲ ၁၉၇၅-ခုနှစ် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့်အတိုင်းသာ ပြန်လည်စာစီပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ပြုစုသော အကြောင်းရင်း
၂၀-ရာစု အထူးခြားဆုံးမြန်မာစာအုပ်များတွင် တစ်အုပ်အပါအဝင်ဖြစ်သည့် ဤသုတေသနသရုပ်ပြအဘိဓာန်ကျမ်းကြီးကို ကျောက်စာဝန် နှင့် ယဉ်ကျေးမှုဌာနအတွင်းဝန် ဦးဖိုးလတ်၊ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးထွန်းဖေ(ထွန်းနေ့စဉ်)၊ အမိန့်တော်ရမင်း ဦးစိန်၊ ဆရာကြီးဦးဖိုးငွေ စသော ဂုဏ်သရေရှိပုဂ္ဂိုလ်များ၏ လျှောက်ထားတောင်းပန်မှုကြောင့် ဖျာပုံတိုက်သစ်ဆရာတော်ကြီးသည် နှစ်ပေါင်းများစွာ အချိန်ယူ သုတေသနပြု ရေးသားခဲ့ကြောင်းသိရသည်။
Remove ads
ကိုးကားသောကျမ်းများ
ဆရာတော်ကြီးသည်-
- ဘုရားဟောပိဋကတ်သုံးပုံ၊ အဋ္ဌကထာ၊ ဋီကာ၊ သာသနာဝင်ကျမ်းများ။
- ဆေးကျမ်း၊ ဗေဒင်၊ ရာဇဝင်၊ မဟာဝင်၊ နက္ခတ်၊ ဓမ္မသတ်၊ ဆန်း၊ လင်္ကာ၊ ဂီတ စသည့် လောကီသျှတြများ။
- လောကနီတိ၊ ဓမ္မနီတိ၊ ရာဇနီတိ၊ စာဏကျနီတိ၊ မဟာရဟနီတိ၊ ရာဇဝသတိ၊ သာမုန္ဒြိက၊ ဟိတောပဒေသ စသည့်နီတိကျမ်းများ။
- အမရကောသ၊ ကပ္ပဓုမ စသည့်နီတိကျမ်းများ။
- ဣန္ဒာစရိယ၊ ကဝေသာရ စသည့် မှော်ကျမ်း၊ အဂ္ဂိရတ်ကျမ်းများ။
- စစ်နှင့်ဆိုင်သော ယောဓဗျူဟာ၊ လောကဗျူဟာ၊ ဗျူဟာစက္ကီပျို့ စသော သေနင်္ဂဗျူဟာကျမ်းကြီးများ။
- ဆရာစဉ်ဆက် သွန်သင်ပြသ ဩဝါဒအဆိုအမိန့်များ။
စသည်တို့မှ အပတ်တကုတ် ရှာဖွေထုတ်နှုတ်ယူကာ ရသေ့ ရဟန်း၊ စာသင်သားသံဃာများမှအစ၊ မင်းမှူးမတ်၊ အစိုးရဝန်ထမ်း၊ ကုန်သည်ပွဲစား စာရေးဆရာများအလယ်၊ ဆရာဆရာမ ကျောင်းသားကျောင်းသူများ တံငါမုဆိုးတို့တိုင် မြန်မာပြည်သူပြည်သားအားလုံး သက်ဆိုင်ရာ သိမှတ်ဖွယ်တို့ကို လွယ်လင့်တကူ ညှိနှိုင်းကောက်ယူ အသုံးပြုနိုင်ကြစေရန် ရည်ရွယ်ရေးသားထုတ်ဝေခဲ့သည်။ ထို့အပြင် ပထဝီ၊ သမိုင်း၊ မနုဿဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘူမိဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဇီဝဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ ဘောဂဗေဒ၊ သင်္ချာ၊ နိုင်ငံရေးသိပ္ပံ၊ စသော ပညာရပ်အသီးသီးမှ ကောက်နှုတ်ချက်များဖြင့်လည်း ပြည်စုံသော ကျမ်းကြီးဖြစ်သည်။
Remove ads
ဖြည့်စွက်မွမ်းမံ၍ e-Book လုပ်ခြင်း
အဘိဓာန်ဟောင်းတို့ကို နည်းအမျိုးမျိုးဖြင့် ထပ်မံထုတ်ဝေကြရာတွင် ခေတ်နှင့်အညီ ပြင်ဆင်ချက်များ၊ ဖြည့်စွက်ချက်များ၊ မလွဲမသွေ ပါဝင်သင့်သည်ဖြစ်ရာ ဦးဖြူဝင်း (လန်ထောင်စပ်စုလေး) က ဓမ္မဒါနပြု၍ e-Book အဖြစ် ခေတ်မှီအောင် ၂၀ဝ၇ တွင် ပြင်ဆင်ဖြည့်စွက်ပြုစုသည်။
၁၉၇၅-ခုနှစ်နောက်ပိုင်း သုတေသနသရုပ်ပြအဘိဓာန် တည်းဖြတ်ပုံနှိပ်ထုတ်ဝေခွင့်ကို ဆရာတော်ကြီးမှ မဆလ အစိုးရသို့ လှူဒါန်းခဲ့ဘူးသော်လည်း ယခုအခါ တရားဝင် မူပိုင်ဆက်ခံနိုင်သူ မရှိ, မထားခဲ့ခြင်းကြောင့် ဤသုတေသနသရုပ်ပြအဘိဓာန် (၂၀ဝ၇) e-Book နှင့် နောင် Update ပြုလုပ်ပြီး e-Book များအတွက် တရားဝင် ပြင်ဆင်ဖြည့်စွက်ခွင့်၊ မူပိုင်ခွင့်နှင့် ပုံနှိပ်ထုတ်ဝေနိုင်ခွင့်များကိုမူ သံဃာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်၏ ဩဝါဒကိုခံယူသွားရန်စီစဉ်ခဲ့ သည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads