သုမနဘုရား

From Wikipedia, the free encyclopedia

သုမနဘုရား
Remove ads

မင်္ဂလမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက်၌ လူတို့၏ သက်တမ်းသည် အနှစ် (၉၀, ဝဝဝ) ကိုးသောင်းတမ်းမှ တရွေ့ရွေ့ ဆယ်နှစ်တမ်းထိ ဆုတ်ယုတ်ခဲ့ပြီနောက် သက်တမ်း ဆယ်နှစ်မှ အသင်္ချေယျ သက်တမ်းထိ တိုးတက်ခဲ့သည်။ နောက်တဖန် အသင်္ချေယျတမ်းမှ ပြန်ဆုတ်လာရာ လူတို့သက်တမ်း (၉၀, ဝဝဝ) ကိုးသောင်းသက်တမ်းသို့ ရောက်သောအခါ သုမနမြတ်စွာဘုရားအလောင်းတော်သည်

ဖြစ်တော်စဉ်

ပါရမီတော်ပြည့်တော်မူ၍ တုသိတာနတ်ပြည်မှ ဆင်းသက်ခဲ့၍ လူရွာလောက နေပြည်တော်၌ သုဒဿမင်းကြီး၏ နန်းတော်ဝယ် သိရီမာဒေဝီမိဖုရားကြီးမှ ဖွားမြင်တော်မူသည်။ ဆွေတော်မျိုးတော်များက သုမနမင်းသားဟု အမည်မှည့်ခေါ်ကြသည်။

သုမနမင်းသားအရွယ်ရောက်လျှင် ဝဋံသိကာဒေဝီ မင်းသမီးနှင့်အတူ သိရီဝဍ္ဎန၊ သောမဝဍ္ဎန၊ ဣဒ္ဓိဝဍ္ဎန-ဟူသော နန်းမသုံးဆောင်၌ အနူပမအမည်ရှိသော သားတော်ဖွားသည် အထိ ထီးနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။ သူအို-သူနာ-သူသေ-ရဟန်း-ဟူသော နိမိတ်ကြီးလေးပါး မြင်သောအခါ တောထွက်တော်မူ၍ ဒုက္ကရစရိယာ အကျင့်မြတ်ကို ဆယ်လကြာကျင့်တော်မူ၍ နာဂဗောဓိကံ့ကော်ပင်ကို အမှီပြုကာ သဗ္ဗညုတဉာဏ်တော်ရပြီး သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဖြစ်တော်မူသည်။

Remove ads

ဂေါတမဘုရားလောင်း

သုမနဘုရားရှင်အထံ၌-ငါတို့၏ ဂေါတမဘုရားအလောင်းသည်။ အတုလနဂါးမင်း အဖြစ်ဖြင့် ဘုရားဖြစ်ရန် ဗျာဒိတ်ခံရသည်။

တပည့်သာဝကများ

  • အဂ္ဂသာဝက လက်ျာ/လက်ဝဲရံ တပည့်ကြီး နှစ်ပါးကား-ရှင်သုရဏထေရ်၊ ဘာဝိတတ္တထေရ်၊
  • အနီးကပ်လုပ်ကျွေးပြုစုသော မထေရ်ကား-ရှင်ဥဒေနထေရ်ဖြစ်သည်။
  • အဂ္ဂသာဝိက တပည့်မကြီးနှစ်ပါးမှာ ရှင်မ သောဏာထေရီ ရှင်မ ဥပသောဏာထေရီ၊
  • အလုပ်အကျွေးဒါယကာ နှစ်ဦးမှာ ဝရုဏသူဌေး၊ သရဏသူဌေးတို့တည်း။
  • အလုပ်အကျွေး ဒါယိကာမကြီး နှစ်ဦး စာလာဥပါသိကာမ၊ ဥပစာလာသိကာမတို့တည်း။

သုမနမြတ်စွာဘုရား၏ ဉာဏ်တော်အတောင် (၉၀) ကိုးဆယ်မြင့်၍ ရောင်ခြည်တော်ကား စကြဝဠာတိုက် (၁၀၀၀၀) တိုင်ပြန့်နှံ့သည်။ သုမနမြတ်စွာဘုရားသည် သက်တော် (၇၂၀၀၀) ခုနှစ်သောင်းနှစ်ထောင်တွင် အင်္ဂမည်သော ဥယျာဉ်ကြီး၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။

၇။ သုမန-ဘုရားရှိခိုး+ဆုတောင်းဂါထာ

  • သုပဟာရံ ဓမ္မဘေရီ၊ သုဒ္ဓရန္တ မဟာဇနံ။
  • သုမနံ သန္တဒံ ဝန္ဒေ၊ သော မေ ဒေတု ဇိနော ဇယံ။

[]

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads