သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း
From Wikipedia, the free encyclopedia
Remove ads
သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းသည် ဘက်စုံအားကစားကွင်းဖြစ်ပြီး ရန်ကုန်မြို့တွင် တည်ရှိသည်။ လူ ၃၂,၀၀၀ ဝင်ဆံပြီး အောင်ဆန်း အားကစားကွင်းထက် ဝင်ဆံ့မှုနည်းသည်။ သို့သော် သုဝဏ္ဏ အားကစားကွင်းသည် ပို၍ ခေတ်မီသည်။ နိုင်ငံလက်ရွေးစင် ဘောလုံးပွဲများနှင့် နိုင်ငံတကာ ဘောလုံးပွဲ အများစုကို ထိုကွင်းတွင်ပင် ကျင်းပလေ့ရှိသည်။ ဘောလုံးတင်သာမက အခြား အားကစားများလည်း ကျင်းပသည်။

သုဝဏ္ဏကွင်းတွင် ပြေးလမ်း ၈ ခုပါရှိပြီး မြန်မာပြည်တွင် နိုင်ငံတကာစံ(IAAF)နှင့် အညီ တည်ဆောက်ထားသော ပထမဆုံးကွင်းလည်း ဖြစ်သည်။[၂]
Remove ads
သမိုင်းကြောင်း
ဤကွင်းအား ၁၉၈၀ပြည့်နှစ်များတွင် "လူငယ်များလေ့ကျင့်ရေး ဗဟိုဌာန" (Youth Training Center)အဖြစ် ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လူငယ်များ လေ့ကျင့်ရန်အတွက်သာဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာပွဲများ လက်ခံကျင်းပသည်အထိ ရှိလာခဲ့သည်။ ကွင်း၏ အနောက်ဘက်ရှိ အရေးကြီးပုဂ္ဂိုလ်ပွဲကြည့်စင်မှာ အမိုးပါရှိပြီး ကျန်ပွဲကြည့်စင်များမှာ အမိုးမပါသည့်အပြင် တစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။[၃]

၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပွဲစဉ်အချို့ကို လက်ခံကျင်းပရန်အတွက် အားကစားကွင်းကို အကြီးစား မွမ်းမံခဲ့သည်။ အနောက်ဘက်ပွဲကြည့်စင်နည်းတူ တစ်ဆင့်ထပ်မံတိုးချဲ့ခဲ့သည်။ မူလဒီဇိုင်းတွင် အမိုးအပြည့်တပ်ဆင်ရန် စီစဉ်ခဲ့သော်လည်း အရှေ့ဘက်ပွဲကြည့်စင်ကိုသာ အမိုးတပ်ဆင်ခဲ့သည်။[၄][၅]
မြန်မာအမျိုးသားဘောလုံးအသင်းများ၏ ပွဲစဉ်အများစုကို လက်ခံကျင်းပနေဆဲဖြစ်ကာ ရန်ကုန်မြို့၏ အရေးပါသော အားကစားကွင်းဖြစ်နေဆဲဖြစ်သည်။ အားကစားကွင်းအနီးတွင် လေ့ကျင့်ရေးကွင်းများ၊ ဖူဆယ်အားကစားကွင်း၊ အမျိုးသားအားကစားရုံ၊ ဘောလုံးအကယ်ဒမီ၊ အားကစားအဖွဲ့ချုပ်များ စသည်တို့တည်ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads