သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ

From Wikipedia, the free encyclopedia

သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံmap
Remove ads

သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (သို့မဟုတ်) အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ သည် ရန်ကုန်မြို့ရှိ ခေတ်မီ ရုံတွင်းအားကစားရုံကြီးဖြစ်သည်။မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုးလုံလေလုံအားကစားပြိုင်ပွဲရုံကြီးဖြစ်သည်။လူဦးရေ ၁၀,၈၂၅ ဝင်ဆံ့ပြီး သုဝဏ္ဏ အားကစားကွင်းအနီးတွင်တည်ရှိကာသည်။[]

အချက်တိုများ တည်နေရာ, ကိုဩဒိနိတ် ...
Remove ads

သမိုင်းကြောင်း

သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံကို ၁၉၈၃ခုနှစ်တွင် တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့သည်။၁၉၈၆ခုနှစ်တွင် တည်ဆောက်မှုပြီးစီးခဲ့ကာ နိုင်ငံ၏ ပထမဆုံး ခေတ်မီမိုးလုံလေလုံအားကစားရုံကြီး ဖြစ်လာခဲ့သည်။[]နောက်ပိုင်းတွင် အမေရိကန်၏ထောက်ပံ့မှုဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၂)ကို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်​မြေတွင် တည်ဆောက်ခဲ့သည်။သို့သော် အမှတ်(၁)ကဲ့သို့ မကြီးမားပေ။[]

၂၀၁၃ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကာလတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိအားကစားရုံစုတွင် ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံအားကစားရုံ၊တပ်မတော်ပိုင် ဇေယျာသီရိအားကစားရုံစုတွင် ဇေယျာသီရိမိုးလုံလေလုံအားကစားရုံ စသည့် ခေတ်မီအားကစားရုံများ ပေါ်ပေါက်ခဲ့သည်။သို့သော် ထိုရုံများသည် သုဝဏ္ဏအားကစားရုံကဲ့သို့မဟုတ်ဘဲ လူဦးရေ (၃၀၀၀)ဝင်ဆံ့သော အားကစားရုံ အေ၊စီနှင့် (၅၀၀၀)ဝင်ဆံ့သော အားကစားရုံ ဘီတို့ကိုသာ ပေါင်းစပ်ထားသည့် အားကစားရုံများဖြစ်သည်။[]

၂၀၁၉ခုနှစ် ဩဂုတ်လမှစတင်ကာ ယိုယွင်းနေသော အားကစားရုံကို တရုတ်နိုင်ငံကပင် ကူညီပြီး အလုံးစုံပြုပြင်ခဲ့ကာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads