အိုင်းရင်းခရော့စ်

အိုင်စီဟုလူသိများသော မြန်မာ ရော့ခ်ဂီတ အဖွဲ့ From Wikipedia, the free encyclopedia

အိုင်းရင်းခရော့စ်
Remove ads

အိုင်းရင်းခရော့စ် (အင်္ဂလိပ်: Iron Cross; အတိုကောက် အိုင်စီ[]) သည် မြန်မာနိုင်ငံရှိ တီးဝိုင်းအဖွဲ့ ဖြစ်ပြီး လိဒ်ဂစ်တာသမား စောဘွဲ့မှူးမှ စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိ အဖွဲ့ဝင်များမှာ ချစ်စမ်းမောင် (လိဒ်ဂစ်တာ)၊ ခင်မောင်သန့် (ဘေ့စ်ဂစ်တာ)၊ ဗညားနိုင် (ကီးဘုတ်) နှင့် ခရမ်း (ဒရမ်) တို့ဖြစ်ကြသည်။[] တီးဝိုင်းအဖွဲ့သည် အဆိုတော်များ၏ အခွေများအတွက် တီးခတ်ပေးခဲ့ပြီး ပင်တိုင်အဆိုတော်များမှာ လေးဖြူအငဲဝိုင်ဝိုင်းမျိုးကြီး တို့ဖြစ်သည်။

အချက်တိုများ အိုင်းရင်းခရော့စ်, ကိုယ်ရေး အချက်အလက်များ ...
Remove ads

အမည်

အဖွဲ့၏အမည်ကို မူလတွင် 'Holy Cross' ဟုပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပရိသတ်ကို ပိုမိုစွဲဆောင်နိုင်စေရန် 'Iron Cross' ဟုပြောင်းလဲခဲ့ကြသည်။[]

အမှတ်တံဆိပ်နှင့် အိုင်စီ

တီးဝိုင်း၏ အမှတ်သင်္ကေတဖြစ်သည့် သိမ်းငှက်ပုံနှင့် ကြက်ခြေအမှတ်အသားသည် နာဇီဝါဒကို ရည်ညွှန်းသည့် အဓိပ္ပာယ်သက်ရောက်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အိုင်စီအဖွဲ့ကို စေ့စေ့စပ်စပ် အကဲခပ်စောင့်ကြည့်ခဲ့ကြသည်။ သို့သော် တီးဝိုင်းမှ လိဒ်ဂစ်တာ တီးခတ်သူ ချစ်စမ်းမောင်က ထိုအမှတ်တံဆိပ်သည် (နိုင်ငံတကာ၌) လူမှုရေးအရ ပိတ်ပင်ထားမှုတစ်ခု (သို့) စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခု ဖြစ်ကြောင်း ၎င်းတို့မသိရှိခဲ့ပါဟု ဆိုသည်။[]

Remove ads

လှုပ်ရှားဆောင်ရွက်မှုများ

အစောပိုင်းကာလ

(၂၀၀၈) မှ ယနေ့အထိ

အိုင်စီသည် မြန်မာပြည်တွင်းသာမက နိုင်ငံတကာခရီးစဉ်များ ထွက်၍လည်း ဖျော်ဖြေခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် နယူးယောက်၊ ဝါရှင်တန် ဒီ စီ၊ ဆန်ဖရန်စ္စကို၊ လော့စ် အန်ဂျလိစ် စသောမြို့များနှင့် ဥရောပတိုက်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူနိုင်ငံများသို့ သွားရောက်ကာ ရန်ပုံငွေပွဲများကဲ့သို့သော ပွဲများတွင်လည်း ဖျော်ဖြေကြသည်။ အမှတ်ရဆုံးပွဲအဖြစ် ၂၀၀၈ ဂျပန်နိုင်ငံတွင် အခြား အာစီယံဒေသမှ တီးဝိုင်းများနှင့် အတူ တီးခတ်ဖျော်ဖြေခဲ့သည်။

၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းအပြီး တင်ဆက်သော ရန်ပုံငွေပွဲတွင် ပရိသတ် ငါးသောင်းခန့်လာရောက်ကြကာ ရန်ပုံငွေအတွက် အမေရိကန် ဒေါ်လာတစ်သိန်း ရှာဖွေပေးနိုင်ခဲ့သည်။

၂၀၁၀၌ တီးဝိုင်း၏ အနှစ်(၂၀)မြောက် နှစ်ပတ်လည်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။

၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ပညာရေးရန်ပုံငွေပွဲ အတွက် တင်ဆက်ရာ ပရိသတ် တစ်သောင်းခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။[]

တီးဝိုင်းအဖွဲ့ဝင်များ

လက်ရှိ အဖွဲ့ဝင်များ

  • လိဒ်ဂစ်တာ — ချစ်စမ်းမောင် (၁၉၈၉–လက်ရှိ)
  • ဘေ့စ်ဂစ်တာ — ခင်မောင်သန့် (၁၉၉၁–လက်ရှိ)
  • ကီးဘုတ် — ဗညားနိုင် (၁၉၉၁–လက်ရှိ)
  • ဒရမ် — ခရမ်း (၁၉၉၁–လက်ရှိ)
  • ပင်တိုင်နှင့် နောက်ခံအဆိုတော်၊ စည်းချက်တူရိယာ - လေးဖြူအငဲမျိုးကြီးဝိုင်ဝိုင်း
  • မန်နေဂျာ — ဒေါက်တာကိုကိုလွင်

ယခင် အဖွဲ့ဝင်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads