သူရဲကောင်းလေးများ (ရုပ်ရှင်ဇာတ်ကား)

From Wikipedia, the free encyclopedia

Remove ads

သူရဲကောင်းလေးများ ရုပ်ရှင်ဇာတ်ကားသည် (၁၉၈၁)ခုနှစ်တွင် မာလာဦးရုပ်ရှင်မှ ရိုက်ကူးထုတ်လုပ်ခဲ့သော ကလေး သရုပ်ဆောင်အများအပြား ပါဝင်သည့် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သည်။ ဝတ္ထုမှာ ကလေး သူငယ်ဝတ္ထုများဖြင့် စာပေဆုများ ရရှိခဲ့သော စာရေးဆရာ တက္ကသိုလ်မောင်အောင်ဆွေ၏ ဝတ္ထုဇာတ်လမ်း ဖြစ်သည်။ ဇာတ်ညွှန်းကို မောင်သီဝက ရေးသားပြီး ဒါရိုက်တာအကယ်ဒမီ မောင်တင်ဦးက ရိုက်ကူး တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် ဇော်ဝမ်းမေဝင်းမောင်ဗိုလ်ဗကိုအံ့ကျော်စံမတူ၊ ဦးဝမ်ချူး၊ ဝေသာလီမောင်ဖုန်း၊ ဒေါ်ခင်လေးဆွေ၊ စိန်သန်း၊ မြမောင်၊ ညီညီမင်းတို့နှင့်အတူ ကလေးသရုပ်ဆောင်များအဖြစ် အောင်ထွန်းလေး၊ ကျော်သက်မောင်၊ ဒေဝအောင်၊ အေးအေးမော်၊ မင်းမင်းသော် တို့ ပါဝင်ခဲ့သည်။

အချက်တိုများ သူရဲကောင်းလေးများ, အခြေခံအချက်အလက် ...
Remove ads

ဇာတ်ကြောင်း

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အထင်ကရအဖြစ် သမိုင်းတွင်ရစ်ခဲ့သော ဖက်ဆစ်တော်လှန်ရေးကို အခြေခံ၍ ဇာတ်လမ်းဖွဲ့ထားသည်။ ထိုဖက်ဆစ်တော်လှန်ရေးတွင် လူကြီးများနှင့်အတူ ကလေးများကလည်း ရွပ်ရွပ်ချွံချွံ ပါဝင်လှုပ်ရှား၍ အမျိုးသား ဇာတိသွေး၊ ဇာတိမာန်များအား ပြသခဲ့ကြပုံများကို ဖော်ကျူးရိုက်ကူးထား သော ကလေးသရုပ်ဆောင်များ၏ စွန့်စားခန်းဇာတ်ကား ဖြစ်သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads