ဗိုလ်ဗကို

ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ စာရေးဆရာ From Wikipedia, the free encyclopedia

ဗိုလ်ဗကို
Remove ads

ဗိုလ်ဗကို (၁၉၁၉-၁၉၈၅) သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သော လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်)ရ တော်လှန်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး အကယ်ဒမီရ သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ ဖြစ်သည့်အပြင်၊ တက္ကသိုလ်ဆရာ တစ်ဦးလည်း ဖြစ်သည်။

အချက်တိုများ ဇေယျကျော်ထင် ဝဏ္ဏကျော်ထင်အကယ်ဒမီ ဗိုလ်မှူး ဗကို, ကိုယ်ရေး အချက်အလက်များ ...
Remove ads

ကိုယ်ရေးဖြစ်စဉ်

စာရေးဆရာ၊ သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ ဗိုလ်ဗကိုအား ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးမြို့၌ အဘ ဦးသန်းနှင့် အမိ ဒေါ်တင့်တို့မှ (ဦးသန့်+ဒေါ်ဝင့်)မွေးဖွားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မန္တလေးမြို့ ဝက်စလီယံ ကျောင်းမှ ဆယ်တန်း အောင်မြင်သည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ (ဂုဏ်ထူးတန်း) ကို ပထမ အဆင့်ဖြင့် အောင်မြင်သည်။

ထို့နောက် ဗမာ့ လွတ်လပ်ရေး တပ်မတော် သို့ ဝင်ရောက်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှု တွင် ပါဝင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၁ ခုနှစ်တွင် ဗိုလ်မှူး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်က စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချိရေးတာဝန်များကို တာဝန်ယူဆောင်ရွက်ခဲ့ရသည်။ ၁၉၅၀ ပြည်နှစ်တွင် နိုင်ငံတော်က ချီးမြှင့်အပ်နှင်းသည့် ဇေယျကျော်ထင်ဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့တို့ကို ရရှိခဲ့သည်။

ထို့နောက် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ယေးလ်တက္ကသိုလ်(Yale) မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ စာပေဗိမာန် စာတည်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ကျင်းပသော ရုပ်ရှင်ပွဲတော်နှင့် အိန္ဒိယ သမ္မတနိုင်ငံတွင် ပြုလုပ်သော ယူနက်စကို သက်ကြီး စာပေ တတ်မြောက်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်အပ်နှင်းသည့် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ရရှိခဲ့သည်။

၁၉၅၈ ခုနှစ်တွင်ပင် မြန်မာပြည်မှာ ဟောလီးဝုဒ် က ပထမဆုံး လာပြီး ရိုက်ကူးခဲ့တဲ့ ပထမဆုံး မြင်ကွင်းကျယ် "လူထု အောင်သံ" ဇာတ်ကားမှ စတင်၍ ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာသည်။ ၁၉၇၀ ပြည့်နှစ်တွင် "သီတာပြုံး"၊ ၁၉၇၁ ခုနှစ်တွင် "တကွေ့ တကမ္ဘာ" ဇာတ်ကားများဖြင့် အကယ်ဒမီ ဆုများကို ရရှိခဲ့သည်။ ရုပ်ရှင် သရုပ်ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၇၆ ခုနှစ်မှ စ၍ ရုပ်ရှင် ကောင်စီ စည်းရုံးရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ ပုသိမ်ကောလိပ်၊ မော်လမြိုင် ကောလိပ်တို့တွင် ပြင်ပ စာစစ်မှူး၊ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနတွင် ဘာသာဗေဒ ဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်ကောင်စီ စည်းရုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌတာဝန်ကိုလည်း နှစ်ရှည်လများ ထမ်းဆောင်ခဲ့သည်။[]

Remove ads

ဘဝနိဂုံး

ဗိုလ်ဗကို ရေးသားခဲ့သည့် စာအုပ်များ အနက် ယေးလ်တက္ကသိုလ် ခရီးသည်၊ မစ်ဆူရီ ခရီးသည်၊ တရုတ်ပြည်သစ် ခရီး၊ ဟဲမင်းဝေး - အီး လက်ရွေးစင် စာပဒေသာ၊ ပြည်သူ့ စာရေး ဆရာမကြီး မပုလဲ စာအုပ်များမှာ ထင်ရှားသည်။ ဇနီးမှာ ဒေါ်ခင်ကြည်(မြန်မာ့အသံ) ဖြစ်ပြီး သားသမီး နှစ်ယောက် ထွန်းကားခဲ့သည်။ ဗိုလ်ဗကိုသည် ၂၂၊ ၆၊ ၁၉၈၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ထင်ရှားသောရုပ်ရှင်ဇာတ်ကားများ

  1. လူထု အောင်သံ ၁၉၅၈
  2. သီတာပြုံး ၁၉၇၀ - အကယ်ဒမီ
  3. တကွေ့ တကမ္ဘာ ၁၉၇၁ - အကယ်ဒမီ
  4. တမိုးသောက်သော်
  5. သူရဲကောင်းလေးများ (ရုပ်ရှင်ဇာတ်ကား) ၁၉၈၁

ရေးသား ပြုစုခဲ့သော စာအုပ်များ

  1. တရုတ်ပြည်သစ်ခရီး ၁၉၅၉
  2. ဘကြီးရွှန်း ၁၉၅၉
  3. ဟဲမင်းဝေး-အီး လက်ရွေးစင် စာပဒေသာ ၁၉၆၀
  4. ယေးလ်တက္ကသိုလ် ခရီးသည် ၁၉၆၀
  5. ဘယ်လိုလူလဲ (ဗိုလ်ခင်မောင်လေး အတ္ထုပ္ပတ္တိ) ၁၉၆၀
  6. မရွှေချော ၁၉၆၂
  7. မာနနှင့် လူသား (ဟယ်လင်ဂျူနီယာဒီအက်စ်) ၁၉၆၃
  8. နေနှင့်လူသား ၁၉၆၃
  9. ပညာသိပ္ပံစက်မှုနှင့် လုပ်ငန်းယဉ်ကျေးမှု ၁၉၆၄
  10. လူသုံးအနုမြူ ၁၉၆၄
  11. ကဗျာသစ်ဆရာ ကားလ်ဆင်းဗတ် ၁၉၆၅
  12. စက်မှုလက်မှု တိုးတက်ရေး ၁၉၆၅
  13. ရုပ်ရှင်မြို့တော် (ဟောလီးဝုဒ်၏ ငွေရောင်ပိတ်ကား) ၁၉၆၅
  14. ဒုံးပျံဝိဇ္ဇာ ၁၉၆၅
  15. သမ္မတတဦး၏ အမွေအနှစ် ၁၉၆၅
  16. အာကာသလုပ်ငန်း ၁၉၆၅
  17. ကုလသမဂ္ဂ၏ ကမ္ဘာ့ဉာဏ်ဗိမာန် ၁၉၆၆
  18. ပြည်သူ့စာရေး ဆရာမကြီး မပုလဲ ၁၉၆၆
  19. မျိုးရိုးဇာတိနှင့် လူ့သဘာဝ ၁၉၆၆
  20. ကင်ဆာရောဂါ အောင်နိုင်ရေး ၁၉၆၇
  21. မြေပြောသော ပုံပြင် ၁၉၆၇
  22. ပီမိုးနင်း ဘဝနှင့်စာပေ ၁၉၇၃


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads