သော်နတ်ဘုရား

တူလက်နက်ကို ကိုင်ဆွဲထားသော ဂျာမန် မိုးကြိုးနတ်ဘုရား From Wikipedia, the free encyclopedia

သော်နတ်ဘုရား
Remove ads

သော်နတ်ဘုရား (အင်္ဂလိပ်: Thor ; ရှေးဟောင်းနော့စ် - Þórr ; ရှေးဟောင်းဂျာမန်နစ်အက္ခရာ - ᚦᚢᚱ (þur)) သည် မြောက်ဂျာမန်နစ်ဒဏ္ဍာရီတွင် ခွန်အား၊ မြင့်မြတ်သော သစ်ပင်၊ တောအုပ်၊ မုန်တိုင်း၊ လျှပ်စီး၊ မိုးကြိုးနှင့် သက်ဆိုင်၍ 'တူ'လက်နက်ကိုင်စွဲထားသည့် နတ်ဘုရားတစ်ပါးဖြစ်သည်။ လူသားများကိုကာကွယ်သူ၊ မြင့်မြတ်ခြင်း၊ မျိုးနွယ်ပွားများခြင်းနှင့် ဆိုင်သောသူလည်းဖြစ်၏။ ရှေးဟောင်းနော့စ်ဘာသာစကားမှ Þórr စာလုံးအပြင် ရှေးဟောင်အင်္ဂလိပ်စာ၌ Þunor အဖြစ်လည်းကောင်း ရှေးအကျဆုံးဂျာမန်ဘာသာစကား၌ Donar (ရှေးဟောင်းဂျာမန်နစ်ထွင်းစာ - ᚦᛟᚾᚨᚱ (þonar)) အဖြစ်လည်းကောင်း ရေးသားဖော်ပြမှုများရှိသည်။ ဤနတ်ဘုရားနှင့်ပတ်သက်သော စကားလုံးပုံစံများသည် ရှေးဦးဂျာမန်နစ်အက္ခရာ မိုးကြိုးဟုအနက်ရသော Þunraz စကားလုံးမှဆင်းသက်လာကြသည်။

အချက်တိုများ သော်နတ်ဘုရား, နှီးနွယ်မှု ...

'သော်'ကို ဂျာမန်နစ်လူမျိုးများ၏ မှတ်တမ်းတင်ထားသော သမိုင်းတစ်လျှောက် အရေးတယူဖော်ပြထားကြရာ ဂျာမေးနီးယားဒေသကို ရောမများသိမ်းပိုက်သည့်ကာလမှ လူများရွှေ့ပြောင်းနေထိုင်အခြေချသောခေတ်၊ ထို့နောက် ဗိုက်ကင်းခေတ်များတွင် ပါဝင်ဖော်ပြထားသည်။ ဤဗိုက်ကင်းခေတ်တွင် စကန်ဒီနေးဗီးယားဒေသ၌ ခရစ်ယာန်အယူဝါဒခံယူပြောင်းလဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ထိုခေတ်တွင်ပင် သော်၏ အမှတ်အသားတစ်ခုဖြစ်သော မြော့နစ်ယာ'တူ' လက်နက်တံဆိပ်များကို ဝတ်ဆင်ခဲ့ကြကာ နော့စ်ရိုးရာဘာသာတရားလိုက်နာကျင့်သုံးသော လူနာမည်များတွင် ဤနတ်ဘုရား၏ အမည်ပါရှိသည်။ ထို့ကြောင့် သော်၏ ထင်ရှားမှုသက်သေဖြစ်၏။

ဂျာမန်နစ်စာစုများ သဘောသဘာဝများကြောင့် သော်ကို အဓိကထားဖော်ပြထားသောဇာတ်လမ်းများသည် ရှေးဟောင်းနော့စ်ဘာသာစကား၌ ထင်ထင်ရှားရှားရှိခဲ့ပြီး ထိုတွင် နော့စ်ဒဏ္ဍာရီ တစ်လျှောက်၌ သော်၏ ပါဝင်မှုများရှိခဲ့သည်။ စကန်ဒီနေးဗီးယားဒေသမှမြစ်ဖျားခံလာသော ရိုးရာပုံပြင်ဇာတ်လမ်းများကို နော့စ်ဒဏ္ဍာရီအဖြစ် အိုက်စလန်၌ အဓိကမှတ်တမ်းအဖြစ် ပြုစုခဲ့ကြသည်။ နော့စ်ဒဏ္ဍာရီ၌ ဤနတ်ဘုရားကို အဓိကထားဖော်ပြထားသော ဇာတ်လမ်းပုံပြင်မြောက်မြားစွာရှိသည်။ ထိုရင်းမြစ်များတွင် သော်သည် အနည်းဆုံး အမည်နာမဆယ့်ငါးခုဖြင့်ဖြစ်၍ ရွှေရောင်ဆံနွယ်ပိုင်ရှင် ဆစ်ဖ်နတ်ဘုရားမ၏ ခင်ပွန်းဖြစ်ကာ ယော့တန် (အများကိန်း - ယော့တ်နာ) မျိုးနွယ်ဝင် ယားန်ဆက်ဆာ (Járnsaxa) ၏ ချစ်သူလည်းဖြစ်သည်။ သော်သည် ခက်ထန်သောမျက်လုံး၊ နီသောဆံပင်၊ မုတ်ဆိတ်များရှိသည်ဟု ဖော်ပြကြသည်။[]

ဆစ်ဖ်နှင့်ရ၍မွေးသောသမီး Þrúðr ရှိ၏ (ဗဲလ်ကရီ လည်းဖြစ်နိုင်၏ဟုဆိုသည်)။ ယားန်ဆက်ဆာနှင့်ထွန်းကားသည်မှာ မက်ဂ်နီဖြစ်၍ မိုသီ (Móði)သည်လည်း သော်၏ သားတစ်ဦးဖြစ်ကာ မိခင်နာမည်ဖော်ပြထားခြင်းမရှိပေ။ Ullr နတ်ဘုရား၏ မွေးစားအဖေဖြစ်သည်။ သော်တွင် 'ဘော်လ်သရာ'နတ်ဘုရားအပါအဝင် မြောက်မြားစွာသော ညီအကိုများရှိ၏။ သော်ထံခစားသော အစေခံနှစ်ဦးမှာ Þjálfi and Röskva| တို့ဖြစ်၍ သော်သည် ဆိတ်နှစ်ကောင်ဆွဲသော ရထားလုံး/လှည်းကို စီး၏။ တောင်ဖြိုတူလက်နက် 'မြောနစ်ယာ'ကို ကိုင်စွဲ၍ မေးယင်ယော့သ်(Megingjörð) ခါးပတ်ကိုဝတ်ဆင်သည်။ သံလက်အိတ် ယားန်ဂရေးပရာ (Járngreipr) နှင့် ဂရိသာဗေးလရာ (Gríðarvölr) တောင်ဝှေးကိုလည်းပိုင်ဆိုင်သည်။ ရန်သူများကို မဆုတ်မနစ်သုတ်သင်ခြင်း၊ ယောမွန်ဂန်ဒရာမြွေနဂါးကြီးနှင့် ပြင်ထန်သောတိုက်ပွဲများဆင်နွှဲသည်။ ရက်နရော့ (ရဲ့ဂ်နရော့ဂ်) ကမ္ဘာ့အဆုံးသတ်တိုက်ပွဲကြီးတွင် ၎င်းတို့နှစ်ဦး၏ တိုက်ပွဲထပ်မံဖြစ်ပွား၍ နှစ်ဦးစလုံးသေဆုံးမည်ဟု နော့စ်ဒဏ္ဍာရီရင်းမြစ်စာပေများ၌ ဆိုထားသည်။

ယခုခေတ်သစ်ကာလတွင် သော်သည် ဂျာမန်နစ်စကားပြောဥရောပဒေသများ၌ ကျေးလက်ရိုးရာပုံပြင်တွင် အသိမှတ်ပြုဖော်ပြထားကြသည်။ သော်ကို များသောအားဖြင့် ၎င်းအမည်ကိုအစွဲပြုကာ နေရာများနှင့် နေ့ရက်များကိုပေးထားသည် Thursday -ကြာသပတေးနေ့သည်ရှေးဟောင်းအင်္ဂလိပ်စာ Þūnresdæg (Þunor's day) ကိုအစွဲပြုဖြစ်ပေါ်လာသည်။ သော်သည် မြောက်မြားစွာသော ခေတ်ပေါ်အနုပညာလက်ရာ၊ ကိုးကားမှုများ၌ ပါဝင်သည်။ အခြားဂျာမန်နစ်နတ်ဘုရားများနည်းတူ သော်ကို ကိုးကွယ်ပူဇော်ခြင်းကို ခေတ်သစ်ဘာသာတရားတစ်ခုဖြစ်သော "ဟိသန်နရီဘာသာ" (Heathenry)တွင် ယခု၌ ပြန်လည်ဖော်ထုတ်လျက် ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads