သဲစုငြိမ်း

မြန်မာအလှမယ် From Wikipedia, the free encyclopedia

သဲစုငြိမ်း
Remove ads

သဲစုငြိမ်း (အင်္ဂလိပ်: Thae Su Nyein; ၂၄ မေ ၂၀၀၇ မွေးဖွား) သည် မြန်မာနိုင်ငံရှိ အလှမယ်၊ ရုပ်ရှင်မင်းသမီးနှင့် ကြော်ငြာမော်ဒယ်တစ်ဦးလည်းဖြစ်ပြီး Miss Grand Myanmar 2024 ဆုရှင် ဖြစ်သည်။[][] ၂၀၂၄ ခုနှစ် Miss Grand International ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ 2nd runner up ရရှိခဲ့သည်။[]

အချက်တိုများ သဲစုငြိမ်း, မွေးဖွား ...
Remove ads

ငယ်ဘဝနှင့်ပညာရေး

သဲစုငြိမ်းကို ၂၀၀၇ ခုနစ် မေလ ၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက် အနက် အကြီးဆုံးဖြစ်သည်။

အနုပညာခရီးလမ်း

သဲစုငြိမ်းသည် အလှမယ် လောကကို အသက် ၁၆ နှစ်အရွယ်တွင် စတင်ဝင်ရောက်ခဲ့သည်။ သဲစုငြိမ်းသည် မြန်မာနိုင်ငံတွင် အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်သည်။ သူမသည်မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့သည်။[][] သဲစုငြိမ်းသည် ပြိုင်ပွဲပြီးဆုံးပြီးနောက် သူမ၏ ပထမဆုံးအနုပညာလမ်းကြောင်းထဲသို့ဝင်ရောက်ခဲ့သည်။[][] ယခုအခါရုပ်ရှင်ဇာတ်ကားများ၊ ကြော်ငြာများရိုက်ကူးလျှက် ရှိသည်။[][][၁၀][၁၁][၁၂]

Remove ads

အလှမယ်

Miss Grand Myanmar 2024

သဲစုငြိမ်းသည် ဒီဇင်ဘာလ ၂၀၂၃ ခုနစ်တွင် ကျင်းပခဲ့‌သော Miss Grand Myanmar 2024 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်[၁၃]ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြုအ‌နေ‌နှင့် Miss Grand Myanmar 2024 ဆုကို ရရှိခဲ့သည်။[၁၄]

Miss Grand International 2024

သဲစုငြိမ်းသည် မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် Miss Grand International 2024 ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ 2nd runner upကို ရရှိခဲ့သည်။[၁၅] ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ MGI ခန်းမတွင် ကျင်းပသည့် Miss Grand International 2024 တွင် မြန်မာနိုင်ငံကိုယ်စားပြု သဲစုငြိမ်းသည် Miss Beauty Skin Award , Miss I'Aura Queen Award, Miss Fan Vote Awardတို့ကို အောက်တိုဘာလ ၂၀၂၄ တွင် ဆွတ်ခူးရရှိခဲ့သည်။[၁၆]

‎အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပသော အလှမယ်ပြိုင်ပွဲတွင် သဲစုငြိမ်းသည် ထိပ်တန်း ဆန်ကာတင် ၁၀ ဦးတွင် ပါဝင်ခဲ့သည်။[၁၇][၁၈][၁၉][၂၀][၂၁] ပြိုင်ပွဲပြီးဆုံးချိန်တွင် အိန္ဒိယနိုင်ငံမှ ရေချယ်ဂူပတာ သည် အနိုင်ရရှိသူဖြစ်လာပြီး သဲစုငြိမ်းသည် ဒုတိယဆုရှင်အဖြစ် ပြီးဆုံးခဲ့သည်။[၂၂][၂၃][၂၄]

Placements

နောက်ထပ် အချက်အလက်များ Competition, Placement ...

ဆုရုပ်သိမ်းခြင်း

သူမနှင့် National Director တို့၏ MGI အဖွဲ့၏ စည်းမျဉ်းများအား ဖောက်ဖျက်သော အပြုအမူများကြောင့်[၂၅][၂၆] ‎ 2nd runner up ဆုအား[၂၇]Miss Grand International အဖွဲ့အစည်းမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။[၂၈]

ရိုက်ကူးထားသော ရုပ်ရှင်နှင့်သီးချင်းများ

ရုပ်ရှင်

နောက်ထပ် အချက်အလက်များ Year, Burmese title ...

Singles

နောက်ထပ် အချက်အလက်များ Year, Title ...
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads