သံခဲ
From Wikipedia, the free encyclopedia
Remove ads
ရဲဘော် သံခဲ သည် ကရင်ပြည်နယ်တွင် အခြေစိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ လက်ရှိခေါင်းဆောင်နှင့် ဥက္ကဋ္ဌဖြစ်သည်။[၁] ၂၀၀၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ ဆဋ္ဌမအကြိမ်မြောက် အထွေထွေညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။[၂][၃]
သံခဲသည် ၂၀၁၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။[၄][၅] ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တွေ့ဆုံပြီး ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ တွင် လက်မှတ်ရေးထိုးခဲ့သည်။[၆]
သံခဲသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ABSDF ၏ ကိုယ်စားလှယ်အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။[၇]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads