သံယုတ္တနိကာယ်

From Wikipedia, the free encyclopedia

Remove ads

သံယုတ္တနိကာယ် (ပါဠိ: သံယုတ္တနိကာယ; Saṃyutta Nikāya) သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်များများမှ သုတ္တန်ပိဋကတ်တွင်ပါဝင်၍ နိကာယ်ငါးရပ်အနက် တတိယမြောက်နိကာယ်ဖြစ်ကာ "အချင်းချင်း ဆက်စပ်မှုရှိသောကြောင့် ဟောသောတရားများ" ဟူ၍ ယေဘုယျအားဖြင့် အနက်ရရှိသည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း "Connected Discourses" သို့ "Kindred Sayings" ဟု ခေါ်ဆိုရေးသားကြသည်။

ဤနိကာယ်၌ ဗုဒ္ဓဘုရား ဟောကြားတော်မူခဲ့သမျှ စကားတော်များမှ ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း၊ တရားအားဖြင့်လည်းကောင်း သဘောအားဖြင့်လည်းကောင်း တူသောသုတ်တို့ကို သံဂါယနာတင်ဆရာတို့က ပူးပေါင်း ဖော်ပြခဲ့ကြသည်။

အချုပ်အားဖြင့် သံယုတ် ငါးကျမ်းရှိရာ ၎င်းတို့မှာ

  1. သဂါထာဝဂ္ဂသံယုတ်
  2. နိဒါနဝဂ္ဂသံယုတ်
  3. ခန္ဓဝဂ္ဂသံယုတ်
  4. သဠာယတနဝဂ္ဂသံယုတ်
  5. မဟာဝဂ္ဂသံယုတ် များဖြစ်ကြသည်။

ဤသံယုတ်ငါးကျမ်း၌ သုတ်ပေါင်း ၇၇၆၂-သုတ်မျှ ပါရှိသည်ဟု အဋ္ဌကထာဆရာတို့က ဆိုကြသည်။ သို့သော် ဆဋ္ဌသင်္ဂါယနာမူအရ သုတ်ပေါင်း သုံးထောင်ကျော် (၃၀၄၂) ခန့်ရှိသည်ဟု တင်ပြကြသည်။[]

ဗုဒ္ဓတရားတော်များကို ကြည့်ရှုရာ၌ ဤသံယုတ္တနိကာယ်မှာ တရားအဘိဓာန်ကြီးသဖွယ် ဖြစ်သဖြင့် အလွန်ကျေနပ်အားရဖွယ် ကောင်းလေသည်။ သဂါထာဝဂ္ဂသံယုတ်မှာ နီတိဂါထာများသဖွယ် လွယ်ကူသော တရားဂါထာများကို စုပေါင်း မှတ်တမ်းတင်ထားသဖြင့် နက်နဲသော တရားသဘောများကို သိလွယ်အောင် တင်ပြထားသည်ကို တွေ့ရ၏။ ထိုနည်းတူစွာ နိဒါနဝဂ္ဂသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ် စသည်ဖြင့် ဆိုင်ရာ ဆိုင်ရာ တရားသဘောများကို ဆိုင်ရာ ခေါင်းစဉ်အောက်တွင် အလွယ်တကူ ကြည့်နိုင်သဖြင့် ကြည့်ရှု၍လည်း လွယ်ကူလှပေသည်။[]

Remove ads

ပါဝင်ဖွဲ့စည်းမှု

နောက်ထပ် အချက်အလက်များ ဝဂ္ဂ, ဖော်ပြချက် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads