ဟစ်ပိုကရေးတစ် အုတ်သ်

သမားတော်တို့၏ ကျမ်းသစ္စာ From Wikipedia, the free encyclopedia

ဟစ်ပိုကရေးတစ် အုတ်သ်
Remove ads

ဆရာဝန်များ၏ အဓိဋ္ဌာန်ပြု ကတိသစ္စာ ကမ္ဘာ တစ်လွှားကျော်ကြားထင်ရှားခဲ့သောသမားဟူးရားကြီးများအား သက်သေထား၍ ကျွန်ုပ်သည် ဤအဓိဋ္ဌာန်ပြု ကတိသစ္စာကို ရွတ်ဆိုသစ္စာပြုပါအံ့

Thumb
၁၂ရာစု ဘန်ဇင်တိုင်းခေတ်မှ လက်ရေးမူ ကျင့်ဝတ်

၁။ ကျွန်ုပ်သည် လူသားအားလုံးတို့၏ ကိုယ်၏ ကျန်းမာရေး၊ စိတ်၏ချမ်းသာရေးကို ကျွန်ုပ်၏ အရေးကဲ့သို့ ယူဆပါအံ့။
၂။ ကျွန်ုပ်သည် ဆေးပညာသင်ကြားပေးသော ဆရာသမားများအား မိဘသဖွယ်ရိုသေ လေးစားပါအံ့။
၃။ ကျွန်ုပ်သည် လုပ်ဖော်ကိုင်ဖက်ဆေးပညာရှင်များကို ညီရင်းအစ်ကိုမောင်ရင်းနှမကဲ့သို့ လေးစားစွာ ဆက်ဆံပါအံ့။
၄။ ကျွန်ုပ်သည် သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့် ဂုဏ်သိက္ခါ အစဉ်အလာကို ထိန်းသိမ်းပါအံ့။
၅။ ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသောဆေးပညာဖြင့် ဂီလာနပုဂ္ဂိုလ်များ၏ ကျန်းမာရေးကို စေတနာမေတ္တာရှေ့ထား၍ လူမျိုးဘာသာဆင်းရဲချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက် ကုသပါအံ့။
၆။ ကျွန်ုပ်သည် ဂီလာနပုဂ္ဂိုလ်တို့အား ကုသစဉ် တွေ့မြင်ကြားသိရသည့် လျို့ဝှက်အပ်သော အတွင်းရေးကိစ္စများကို ဖွင့်ဆိုအပ်သည်တို့မှ လွဲ၍ မည်သည့်အခါတွင်မဆို ဖွင့်ဟခြင်းမှ ရှောင်ကြဉ်ပါအံ့။
၇။ ကျွန်ုပ်သည် လူသားတို့အား ဘေးဥပဒ် ဖြစ်စေမည့်ဆေး၊ သေစေတတ်သည့် ဆေးများကို ကိုယ်တိုင်ပေးခြင်းမှ သော်လည်းကောင်း၊ သူတစ်ပါးအား ပေးစေခြင်းမှ သော်လည်းကောင်း အခါခပ်သိမ်း ရှောင်ကြဉ်ပါအံ့။
၈။ ကျွန်ုပ်သည် တရားမဝင်သော ကုသခြင်းတို့မှ အမြဲတစေ ရှောင်ကြဉ်ပါအံ့။
၉။ ကျွန်ုပ်သည် ဆည်းပူးတတ်မြောက် ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထားလေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့။

ယခု ကတိသစ္စာပြုသည့်အတိုင်း ဆောင်ရွက်ပါသော် ကျွန်ုပ်သည် ကောင်းကျိုးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေသား

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads