ဟိုပန်မြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ဟိုပန်မြို့နယ် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သော မြို့နယ် ခြောက်ခုအနက် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဟိုပန်မြို့ ဖြစ်သည်။[၂] ၂၀၁၁ ခုနှစ်တွင် ဟိုပန်မြို့နယ်ကို ကွမ်းလုံခရိုင်မှ ခွဲထုတ်ပြီး ဟိုပန်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။[၃]
ဟိုပန်မြို့နယ်နှင့် ဆက်သွယ်ထားသော အဓိကလမ်းမကြီးသုံးခုမှာ ၈၀၄ မိုင်ရှည်လျားသော ဟိုပန်-လားရှိုး-မန္တလေး-တောင်ကြီး-မိုင်းပြင်း-မက်မန်း လမ်းမကြီး၊ ၃၄၃ မိုင် ရှည်လျားသော ဟိုပန်-လားရှိုး-တန့်ယန်း-ပန်ဆန်း-မက်မန်း လမ်းမကြီးနှင့် ၂၅၇ မိုင် ရှည်လျားသော ဟိုပန်-မိုင်းမော-ပန်ဆန်း-မက်မန်း လမ်းမကြီးများ ဖြစ်ကြသည်။[၄]
၂၀၀၇ ခုနှစ် စာရင်းများအရ ဟိုပန်မြို့နယ်တွင် ရာဘာစိုက်ခင်း ၃,၇၁၃ ဧက ရှိခဲ့သည်။[၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads