ဟီရိုရှီးမားမြို့
From Wikipedia, the free encyclopedia
Remove ads
ဟီရိုရှီးမားမြို့သည် ဂျပန်နိုင်ငံ ဟွန်းရှူးကျွန်းတောင်ဘက် ကမ်းခြေပေါ်တွင် တည်ရှိသော ဆိပ်ကမ်းမြို့ဖြစ်သည်။ အရှေ့မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် တောင်ကုန်းများခြံရံလျက် ရှိသည်။ ယွန်းထည်၊ ကြေးထည်နှင့် အလှအပကုန်ပစ္စည်းများ ထွက်၍ စက်မှုလုပ် ငန်းများလည်းထွန်းကားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တို့ဘက်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကို အနည်းငယ်မျှလောက် သာခံခဲ့ရသည်။ သို့ရာတွင် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့၌ အမေရိကန်လေတပ်သည် ဟီရိုရှီးမားမြို့ပေါ်တွင် အနုမြူဗုံးတစ်လုံးကို ဘီ-၂၉ ဗုံးကြဲလေယာဉ်မှ ပထမဦးဆုံးအကြိမ်ကြဲချခဲ့လေသည်။ ထိုအနုမြူဗုံးသည် မြို့လယ်အထက် ပေ ၁ဝဝဝခန့်အမြင့်တွင် ပေါက်ကွဲခဲ့ရာ ဗုံးပေါက်ကွဲမှုဒဏ်ကြောင့် တစ်မြို့လုံးနီးပါးမျှ မီးလောင်ပျက်စီးခဲ့ရလေသည်။ လူဦးရေ သုံးသိန်းလေးသောင်း ကျော်ရှိသည့်အနက် လူပေါင်းခု နစ်သောင်းရှစ်ထောင်ကျော် သေဆုံး၍ ငါးသောင်းကိုးထောင်ခန့်ဒဏ်ရာရရှိခဲ့ကြသည်။ ၁၉၄ရ ခုနှစ်မှစ၍ မြို့ကိုပြန်လည်ထူထောင်ခဲ့ကြသဖြင့် တဖြည်းဖြည်းအရောင်းအဝယ်စည် ကားလာပြီဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင်လူဦးရေ ၅ဝ၄ဝဝဝ ယောက်ခန့် နေထိုင်လျက် ရှိသည်။[၃]

Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads