ဟီလာရီ ကလင်တန်

From Wikipedia, the free encyclopedia

ဟီလာရီ ကလင်တန်
Remove ads

၁၉၄၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင်ဖွားမြင်သည့် ဟီလာရီ ရော်ဒန် ကလင်တန်(Hillary Rodham Clinton)သည် အမေရိကန် သမ္မတအိုဘားမား လက်အောက်တွင် ၆၇ ဆက်မြောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဝန်ကြီးအဖြစ်တာဝန်မယူခင်က နယူးယောက်ပြည်နယ် ကိုယ်စားပြု ကွန်ဂရက်အထက်လွှတ်တော်အမတ်အဖြစ် ၂၀၀၁ မှ ၂၀၀၉ ခုနှစ် အထိ ဒီမိုကရက်ပါတီမှ ရွေးချယ်ခံခဲ့ရသည်။ သူ၏ ခင်ပွန်းသည်မှာ အမေရိကန်နိုင်ငံ၏ ၄၂ ဆက်မြောက် သမ္မတဟောင်း ဘီလ် ကလင်တန်ဖြစ်ပြီး သူသည် ၁၉၉၃ မှ ၂၀၀၁ ခုနှစ် အထိ သမ္မတကတော် အဖြစ် ရှိခဲ့သည်။ သူမကိုယ်တိုင်လည်း ၂၀၀၈ ခုနှစ် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။ သူသည် ရှေ့နေတဦးဖြစ်ပြီး သမ္မတကတော်အဖြစ်မှ လွှတ်တော်အမတ်ဖြစ်လာသူများတွင် ပထမဆုံး ဖြစ်သည်။ သူမတွင် မောင်ငယ်နှစ်ယောက်ရှိသည်။

အချက်တိုများ ဟီလာရီ ကလင်တန် ...

ဟီလာရီကို အီလီနွိုင်းပြည်နယ်၊ ရှီကာဂိုမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၉၆ ခုနှစ် ဝဲလ်လက်စလေကောလိပ် မိန့်ခွန်းကြောင့် တစ်နိုင်ငံလုံး ကျော်ကြားမှု ရခဲ့သည်။ ၁၉၇၃ ခုတွင် ယေးလ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် ဥပဒေရေးရာနှင့် အသက်မွေးခဲ့သည်။ ကွန်ဂရက် ဥပဒေရေးရာ အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်တွင် အာကင်းဆပ် ပြည်နယ်သို့ ပြောင်းရွှေ့ကာ ၁၉၇၅ ခုနှစ်တွင် ဘီလ်ကလင်တန် နှင့် လက်ထပ်ခဲ့သည်။ ဟီလာရီသည် ၁၉၇၇ ခုနှစ်တွင် အာကင်းဆပ် ကလေးသူငယ်နှင့် မိသားစု ရေးရာ အဖွဲ့ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ဥပဒေရေးရာ ဝန်ဆောင်မှု ကော်ပိုရေးရှင်း၏ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၁၉၇၉ ခုနှစ်၌ ရို့စ်ဥပဒေရေးရာ အဖွဲ့တွင် ပထမဆုံး အမျိုးသမီး ရှေ့နေ အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု အရှိဆုံး ရှေ့နေစာရင်းတွင် နှစ်ကြိမ်တိုင်မျှ စာရင်းသွင်းခြင်း ခံခဲ့ရသည်။ ခင်ပွန်းဖြစ်သူ ဘီလ်ကလင်တန် ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာပြီးနောက် အာကင်းဆပ် ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ကတော် အဖြစ် ၁၉၇၁ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ လည်းကောင်း၊ ၁၉၈၃ ခုနှစ်မှ ၁၉၉၂ အထိ လည်းကောင်း ရှိနေခဲ့သည်။ ထိုအချိန်တွင် သူမသည် အာကင်းဆပ်ပြည်နယ်၏ ပညာရေး ပြုပြင်ပြောင်းလဲမှုများတွင် အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သည်။ သူမသည် ဝေါလ်မတ် စူပါမတ်ကတ်နှင့် အခြား ကော်ပိုရေးရှင်း အချို့၏ ဒါရိုက်တာ ဘုတ်အဖွဲ့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads