ဟီးဆီးယဒ်
From Wikipedia, the free encyclopedia
Remove ads
ဟီးဆီးယဒ် (ဂရိ: Ἡσίοδος Hēsíodos, 'အသံပြုသူ' ; အင်္ဂလိပ်: Hesiod) သည် ဘီစီ ၇၅၀-၆၅၀ ကြားတွင် ရှိခဲ့သည်ဟု ယေဘုယျအားဖြင့် ယူဆရသော ရှေးခေတ် ဂရိကဗျာဆရာတစ်ဦးဖြစ်သည်။ ဟိုးမားနှင့် ခေတ်ပြိုင်ဖြစ်နိုင်သည်။[၁][၂] ဟီးဆီးယဒ်သည် ၎င်း၏ (ရေးဖွဲ့)အကြောင်းအရာများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သော သရုပ်သကန်ရှိသူအဖြစ် သူ့ကိုယ်သူ ယူဆခဲ့သည်ဟု အနောက်တိုင်း ရိုးရာပုံစံတွင် ပထမဆုံး(သတ်မှတ်)ရေးသားခံရသော ကဗျာဆရာတစ်ဦး အဖြစ် ယေဘုယျအားဖြင့် သတ်မှတ်နိုင်သည်။[၃] ရှေးခေတ်စာရေးဆရာများက ဟီးဆီးယဒ်နှင့် ဟိုးမားကို ဂရိဘာသာရေး ထုံးစံဓလေ့များ တည်ထောင်ခြင်းအတွက် ဂုဏ်ပြုကြ၏ ။[၄] ခေတ်သစ်ပညာရှင်များကလည်း ဂရိဒဏ္ဍာရီတွင် အဓိကရင်းမြစ်တစ်ခု၊ စိုက်ပျိုးရေးနည်းစနစ်များ၊ အစောပိုင်း စီးပွားရေးဆိုင်ရာ အတွေးအမြင်[၅]၊ ရှေးဟောင်း ဂရိနက္ခတ္တဗေဒနှင့် ရှေးဟောင်း အချိန်တိုင်းတာစက်များ အတွက် ၎င်းကို ရည်ညွှန်းဖော်ပြကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads