ဟုမ္မရူးပါတီ
From Wikipedia, the free encyclopedia
Remove ads
၁၉၂၃ ခုနှစ်မှာ ဒိုင်အာခီ ကြောင့် ဂျီစီဘီအေ အသင်းချုပ်ကြီး စတင်ကွဲခဲ့ရပြီး ၂၁ ဦးအဖွဲ့က ဒိုင်အာခီ အုပ်ချုပ်ရေး အတွင်း ဝင်သွားကြသည်။ လှိုင်ပုကျော် တို့က သပိတ်မှောက် ဂျီစီဘီအေ အဖြစ် ဆက်လက် ရပ်တည်ခဲ့ ကြသည်။ အဆိုပါ လှိုင်ပုကျော်ဂျီစီဘီအေ မှ အဓိက ခေါင်းဆောင်တစ်ဦး ဖြစ်သည့်သာယာဝတီ ဦးပု သည် ၁၉၂၅ ခုနှစ်တွင် ဂျီစီဘီအေ မှထပ်မံ ခွဲထွက်ပြီး ဟုမ္မရူးပါတီ ကို တည်ထောင်ဖွဲ့စည်းခဲ့သည်။
ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်၏ချို့ယွင်းချက် လိုအပ်ချက်များအား စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာ တင်ရန်အတွက် ဖွဲ့စည်းပေးခဲ့ ဆိုင်မွန်ကော်မရှင်သည် ၁၉၂၉ ခုနှစ်တွင် မြန်မာပြည် ကို လာရောက်ခဲ့သည့်အခါတွင်လည်း ဟုမ္မရူးပါတီ ကသပိတ်မှောက် ခဲ့သည်။ ဆိုင်မွန်ကော်မရှင် ၏ဦးတည်ချက်အမှန်မှာ မြန်မာပြည် ကို အိန္ဒိယ မှခွဲထုတ်ပြီး အုပ်ချုပ်ရန် အတွက် ပဏာမ စုံစမ်းလေ့လာ ရန်ဖြစ်သည်။ ထို့ကြောင့် ဆိုင်မွန်ကော်မရှင်သည် မြန်မာပြည်၏ခွဲရေး-တွဲရေး ပြဿနာ ကို စတင် မီးမွှေးပေးခဲ့သည်ဟု ဆိုနိုင်သည်။ ခွဲရေး-တွဲရေးတွင် ဟုမ္မရူးပါတီသည် တွဲရေးကိုထောက်ခံခဲ့သည်။ ၁၉၃၁၊ နိုဝင်ဘာ လန်ဒန်တွင် ကျင်းပခဲ့သည့် စားပွဲဝိုင်းကွန်ဖရင့် (London Round Table Conference)တွင် ဟုမ္မရူး ပါတီ ခေါင်းဆောင် သာယာဝတီဦးပု တက်ရောက်ခဲ့သည့်နည်းနတူ ၁၉၃၂ ခုနှစ်၊ ခွဲရေး-တွဲရေးကို အကြောင်းပြုပြီး ဒိုင်အာခီ ဥပဒေပြု ကောင်စီအမတ် ရွေးကောက်ပွဲတွင်လည်း ဟုမ္မရူးပါတီက တွဲရေးဘက်မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads