ဟဲဟိုး လေဆိပ်
From Wikipedia, the free encyclopedia
Remove ads
ဟဲဟိုးလေဆိပ်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် တည်ရှိသည်။ အဓိက နိုင်ငံခြားသားခရီးသည် များ လာရောက်လည်ပတ်ကြသည့် အင်းလေးကန်ဒေသတဝိုက် ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။
Remove ads
သမိုင်း
ဟဲဟိုးလေဆိပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်အဖွဲ့များနှင့်သာမက ဂျပန်တို့၏ လေကြောင်းအခြေစိုက်စခခန်းအဖြစ် အသုံးပြုခြင်း ခံရခဲ့သည်။ မဟာမိတ်အဖွဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရသည်။ လေယာဉ်အပျက်အစီး အပိုင်းအစများနှင့် ဗုံးခွံများကို လေယာဉ်ကွင်း၏ တောင်ဘက်တွင် တွေ့ရှိသည်။
ဝန်ဆောင်မှု
လေဆိပ်သည် ပင်လယ်ပြင်မျက်နှာပြင်အထက် ၂၈၅၈ ပေ (၁၁၇၆ မီတာ) အမြင့်တွင် တည်ရှိသည်။ လေယာဉ်ပြေးလမ်းကို နိုင်လွန်ကတ္တရာ ခင်ထားပြီး အရှည်အားဖြင့် ၈၅၀၀ ပေ ရှိသည်။ ယခင်က ၅၅၀၀ ပေသာ ရှိခဲ့ရာ ဂျက်လေယာဉ်များ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ပြေးလမ်းကို တိုးချဲ့ခဲ့သည်။
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
- ဟဲဟိုးလေဆိပ် လေဆိပ်အဆောက်အဦးအေဟာင်း
- ဟဲဟိုးလေဆိပ် အဝင်မုဒ်ဦး
- ဟဲဟိုးလေဆိပ်ကို ဝေဟင်ပေါ်မှ တွေ့ရစဉ်
မတော်တဆဖြစ်ပွားမှု
- ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် အဲပုဂံ လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၁ သည် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ချိန်တွင် မတော်တဆ ဖြစ်ခဲ့သည်။ လေယာဉ်အတွင်း ပါရှိသော ခရီးသည် (၁) ဦး နှင့် မြေပြင်ပေါ်ရှိ ဆိုင်ကယ်မောင်းနေသူတစ်ဦး သေဆုံးခဲ့ရသည်။[၃]
- ၁၉၈၇ ခုနှစ် ဇွန် ၂၁ ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်းမှ Fokker F-27 Friendship 200 အမျိုးအစားလေယာဉ်သည် ဟဲဟိုးလေဆိပ်မှ ထွက်ခွာစဉ် တောင်နှင့် ဝင်တိုက်မိပြီး လေယာဉ်ပေါ်ပါသူ ၄၅ဦးလုံး သေဆုံးခဲ့ရသည်။[၄]
- ၁၉၈၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် ဗမာ့လေကြောင်းလိုင်းပိုင် Fokker F-27 Friendship 500 အမျိုးအစားလေယာဉ်သည် အမြင့်ပေ ၁၅၀၀ရှိ တောင်တစ်လုံးနှင့် ဝင်တိုက်မိကာ လေယာဉ်ပေါ်ပါသူ ၄၉ဦးလုံး သေဆုံးခဲ့ရသည်။၎င်းအဖြစ်အပျက်သည် မြန်မာ့လေကြောင်းသမိုင်းတွင် ဒုတိယအသေအပျောက်အများဆုံး လေကြောင်းမတော်တဆမှုဖြစ်သည်။ သေဆုံးသူများထဲမှ ၃၆ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး အမေရိကန်နိုင်ငံသား ၁၄ဦး၊ ဆွစ်ဇာလန်နိုင်ငံသား ၇ဦး၊ ဗြိတိန်နိုင်ငံသား ၅ဦး၊ ဩစတြေးလျနိုင်ငံသား ၄ဦး၊ အနောက်ဂျာမနီနိုင်ငံသား ၃ဦး၊ ပြင်သစ်နိုင်ငံသား ၂ဦး နှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ပါဝင်သည်။[၅] [၆]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads