ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်

From Wikipedia, the free encyclopedia

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်
Remove ads

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (Hanthawaddy International Airport) သည် ပဲခူးတိုင်းဒေသကြီး အနီးတွင် တည်ဆောက်နေသော အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ် ဖြစ်သည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှ မိုင် ၅၀ခန့် (ကီလိုမီတာ ၈၀ ခန့်) အကွာ တွင် တည်ဆောက်နေသည်။ စီမံကိန်းကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရသည်။ စီမံကိန်းရာထားချက်မှာ စတုရန်း မီတာ ၄၁၈၃၂.၄၂ ပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။

Thumb
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအား ဝေဟင်မှ တွေ့ရပုံ

၂၀၁၂ ခုနှစ်မှာ အစိုးရကနေ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွက်၍ လေဆိပ်တည်ဆောက်ရေး စီမံကိန်း ပြန်လည်စတင်ရန် ကြေညာခဲ့သည်။ တည်ဆောက်မှုကို တောင်ကိုရီးယားနိုင်ငံ အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်းမှ ဦးဆောင်ကာ အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။ လေဆိပ်တည်ဆောက်ခြင်း နှင့် နှစ် (၅၀) လေဆိပ် လည်ပတ်မှုစီမံခန့်ခွဲမှု ကို ရရှိမည်ဖြစ်သည်။ လေဆိပ်သစ်ကြီးအနေဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် ရည်မှန်းထားပြီး ၁ နှစ်လျှင် ခရီးသည် စုစုပေါင်း ၁၂ သန်းခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။ သို့သော် ငွေကြေးကိစ္စရပ်များ ကြောင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်း နှင့် ပူးပေါင်းမှုကို ရပ်ဆိုင်းလိုက်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ တွင် တင်ဒါ အသစ်ခေါ်ယူခဲ့သည်။

တင်ဒါအသစ်ကို စင်ကာပူ-ဂျပန် အကျိုးတူ ကုမ္ပဏီမှ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရရှိခဲ့သည်။ စင်ကာပူ-ဂျပန် ပူပေါင်း ကုမ္ပဏီတွင် စင်ကာပူ ယုံနန်ဟိုးဒင်း၊ ချန်ဂီလေဆိပ်အုပ်စု လက်အောက်ခံ ချန်ဂီလေဆိပ် စီစဉ်သူနှင့် အင်ဂျင်နီယာများ၊ ဂျပန် ဂေျအီးစီ ကော်ပိုရေးရှင်း တို့ပါဝင်သည်။ စာချုပ်အရ အမေရိကန်ဒေါ်လာ သန်း ၁၄၅၀ ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှု စုစုပေါင်း ပမာဏ၏ ၄၉ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံ အစိုးရမှ ထောက်ပံ့ပေးမည် ဖြစ်ပြီး တခြားချေးငွေ ဒေါ်လာ ၅၁၇ သန်း၊ ပူးပေါင်း ကုမ္ပဏီမှ ရင်းနှီးငွေ ဒေါ်လာ ၂၂၂ သန်း ထည့်ဝင်ကြမည် ဖြစ်သည်။


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads