အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်
တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံးလေဆိပ် From Wikipedia, the free encyclopedia
Remove ads
အင်ချွန်းးအပြည်ပြည်ဆိုင်ရာလေဆိပ် (အင်္ဂလိပ်: Incheon International Airport, IATA: ICN, ICAO: RKSI) သည် တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံးလေဆိပ်ဖြစ်သလို ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ်များစားရင်းဝင် လေဆိပ်ဖြစ်သည်။ အဓိကအားဖြင့် အခြားနိုင်ငံများမှ ဆိုးလ်မြို့သို့ သွားရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအား ဝန်ဆောင်မှုပေးသည့် လေဆိပ်လည်းဖြစ်သည်။ ၂၀၀၅ ခုနှစ်မှစ၍ ကမ္ဘာပေါ်တွင် အကောင်းဆုံးလေဆိပ်ဟု သတ်မှတ်ခြင်းခံရသည်။
အင်ချွန်းလေဆိပ်သည် ဆိုးလ်မြို့ အနောက်ဘက် ၇၀ မီတာ (၄၃ မိုင်) အကွာတွင် တည်ရှိပြီး ကိုရီးယားလေကြောင်း (Korean Air)၊ အေးရှားနားလေကြောင်း (Asiana Airlines) နှင့် ပိုလာ ကုန်တင်လေကြောင်း (Polar Air Cargo) တို့၏ အဓိကခြေကုတ်စခန်းဖြစ်သည်။ အင်ချွန်းလေဆိပ်သည်လည်း အရှေ့အာရှဒေသ၏ ခရီးသည်နှင့် ကုန်စည် လေကြောင်းပို့ဆောင်ရေး အချက်အချာ ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်းအရ ယင်းလေဆိပ်သည် အာရှတွင် ခရီးသည် ပို့ဆောင်မှု အဋ္ဌမမြောက်အများဆုံး၊ ကမ္ဘာပေါ်တွင် ကုန်စည်ပို့ဆောင်မှု စတုတ္ထ အများဆုံးနှင့် ကမ္ဘာလှည့်ခရီးသည် နံပတ် ၁၁ မြောက် အများဆုံး လေဆိပ်ဖြစ်သည်။
အင်ချွန်းလေဆိပ်ကို ၂၀၀၁ ခုနှစ် အစောပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အစားထိုးခဲ့သည်။ ဂင်ပိုလေဆိပ်သည် လက်ရှိတွင် ပြည်တွင်းလေယာဉ်များ၊ တိုကျို (ဟာနဲ့ဒါ့)၊ ရှန်ဟိုင်း (ဟုန်ချောင်) နှင့် အိုစကာ (ကန်ဆိုင်း) သို့သာ ပြေးဆွဲသည်။ အင်ချွန်းလေဆိပ်တွင် ဂေါက်ကွင်း၊ စပါး (spa)၊ ကာစီနို (လောင်းကစားရုံ)၊ အိပ်စက်အနားယူခန်း၊ အင်ဒိုးဥယျာဉ်နှင့် ကိုရီးယား ယဉ်ကျေးမှု ပြခန်းများ တည်ရှိသည်။
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads