အကုသလရာသိသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[]

(က) ကာမစ္ဆန္ဒ, ဗျာပါဒ၊ ထိန မိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာနီဝရဏ ဟူသော နီဝရဏတရားငါးပါးတို့ကို “အကုသိုလ်အစု” ဟုလည်းကောင်း၊

(ခ) သတိပဋ္ဌာန်တရားလေးပါးတို့ကို “ကုသိုလ်အစု” ဟုလည်းကောင်း ဆိုသင့်ပုံနှင့် သတိပဋ္ဌာန်လေးပါး ပွားများပုံကို ဟောကြားတော်မူသည့်သုတ်။


[] အထက်ဖော်ပြပါ နီဝရဏတရားငါးပါးတို့ကို “အကုသိုလ်အစု” ဟု ခေါ်ဆို သင့်ပုံကို ဟောကြားတော်မူသည့်သုတ်။ []


အကုသလရာသိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် “အကုသိုလ်အစု” ဟူ၍ ဆိုသောသူသည် ကောင်းစွာဆိုလိုပါက နီဝရဏတရားငါးမျိုးကို ဆိုနိုင်ကြောင်း ဟောကြားတော်မူခဲ့သည်။[]

Remove ads

အကုသလရာသိသုတ်

ရဟန်းတို့ “အကုသိုလ်အစု” ဟူ၍ ဆိုသော သူသည် ကောင်းစွာဆိုလိုမူ နီဝရဏ ငါးမျိုးတို့ကို ဆိုရာ၏။

ရဟန်းတို့ အလုံးစုံသော အကုသိုလ်အစုဟူသည် ယင်း နီဝရဏ ငါးမျိုးတို့ပင်တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • ကာမဂုဏ်ကို လိုလားမှုဟူသော ပိတ်ပင်တတ်သောတရား ‘ကာမစ္ဆန္ဒနီဝရဏ’၊
  • ပျက်စီးစေလိုမှုဟူသော ပိတ်ပင်တတ်သောတရား ‘ဗျာပါဒနီဝရဏ’၊
  • လေးလံထိုင်းမှိုင်းမှုဟူသော ပိတ်ပင်တတ်သောတရား ‘ထိနမိဒ္ဓနီဝရဏ’၊
  • ပျံ့လွင့်မှု နောင်တပူပန်မှုဟူသော ပိတ်ပင်တတ်သောတရား ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’၊
  • မဝေခွဲနိုင်မှုဟူသော ပိတ်ပင်တတ်သောတရား ‘ဝိစိကိစ္စာနီဝရဏ’ တို့တည်း။

ရဟန်းတို့ “အကုသိုလ်အစု” ဟူ၍ ဆိုသောသူသည် ကောင်းစွာဆိုလိုမူ ဤနီဝရဏတရားငါးမျိုးတို့ကို ဆိုရာ၏။

ရဟန်းတို့ ဤအလုံးစုံသော အကုသိုလ်အစုဟူသည် ယင်း နီဝရဏ ငါးမျိုးတို့ပင်တည်း ဟု(မိန့်တော်မူ၏)။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads