အကုသလရာသိသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
(က) ကာမစ္ဆန္ဒ, ဗျာပါဒ၊ ထိန မိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာနီဝရဏ ဟူသော နီဝရဏတရားငါးပါးတို့ကို “အကုသိုလ်အစု” ဟုလည်းကောင်း၊
(ခ) သတိပဋ္ဌာန်တရားလေးပါးတို့ကို “ကုသိုလ်အစု” ဟုလည်းကောင်း ဆိုသင့်ပုံနှင့် သတိပဋ္ဌာန်လေးပါး ပွားများပုံကို ဟောကြားတော်မူသည့်သုတ်။
[၂] အထက်ဖော်ပြပါ နီဝရဏတရားငါးပါးတို့ကို “အကုသိုလ်အစု” ဟု ခေါ်ဆို သင့်ပုံကို ဟောကြားတော်မူသည့်သုတ်။ [၃]
အကုသလရာသိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် “အကုသိုလ်အစု” ဟူ၍ ဆိုသောသူသည် ကောင်းစွာဆိုလိုပါက နီဝရဏတရားငါးမျိုးကို ဆိုနိုင်ကြောင်း ဟောကြားတော်မူခဲ့သည်။[၄]
Remove ads
အကုသလရာသိသုတ်
ရဟန်းတို့ “အကုသိုလ်အစု” ဟူ၍ ဆိုသော သူသည် ကောင်းစွာဆိုလိုမူ နီဝရဏ ငါးမျိုးတို့ကို ဆိုရာ၏။
ရဟန်းတို့ အလုံးစုံသော အကုသိုလ်အစုဟူသည် ယင်း နီဝရဏ ငါးမျိုးတို့ပင်တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -
- ကာမဂုဏ်ကို လိုလားမှုဟူသော ပိတ်ပင်တတ်သောတရား ‘ကာမစ္ဆန္ဒနီဝရဏ’၊
- ပျက်စီးစေလိုမှုဟူသော ပိတ်ပင်တတ်သောတရား ‘ဗျာပါဒနီဝရဏ’၊
- လေးလံထိုင်းမှိုင်းမှုဟူသော ပိတ်ပင်တတ်သောတရား ‘ထိနမိဒ္ဓနီဝရဏ’၊
- ပျံ့လွင့်မှု နောင်တပူပန်မှုဟူသော ပိတ်ပင်တတ်သောတရား ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’၊
- မဝေခွဲနိုင်မှုဟူသော ပိတ်ပင်တတ်သောတရား ‘ဝိစိကိစ္စာနီဝရဏ’ တို့တည်း။
ရဟန်းတို့ “အကုသိုလ်အစု” ဟူ၍ ဆိုသောသူသည် ကောင်းစွာဆိုလိုမူ ဤနီဝရဏတရားငါးမျိုးတို့ကို ဆိုရာ၏။
ရဟန်းတို့ ဤအလုံးစုံသော အကုသိုလ်အစုဟူသည် ယင်း နီဝရဏ ငါးမျိုးတို့ပင်တည်း ဟု(မိန့်တော်မူ၏)။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads