အက်စတာဇေနော

ကချင်လူမျိုးတေ အားတတ်စရာ From Wikipedia, the free encyclopedia

Remove ads

အက်စတာဇေနော (အင်္ဂလိပ်: Esther Ze Naw Bamvo) သည် ကချင်လူမျိုး လူနည်းစုအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူနှင့် လူငယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းသူ ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူအဖြစ် အိသဉ္ဇာမောင်နှင့်တွဲကာ ၂၀၂၁ ခုအတွက် လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် တိုင်းမ်မဂ္ဂဇင်းက ဖော်ပြသည်။ []

ငယ်ဘဝနှင့်ပညာရေး

မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် စီးပွားရေးပညာဖြင့် ဘွဲ့ရသည်နောက် ချင်းမိုင်တက္ကသိုလ်တွင် ဆက်တက်ရာ ၂၀၁၈ ခုတွင် မဟာဘွဲ့ ရ၏။

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ဒီပလိုမာကို၎င်း၊ နယူးဇီလန်ရှိ ဘာဆဲတက္ကသိုလ်မှ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခကိုလေ့လာခြင်း ဒီပလိုမာကို၎င်း ယူသည်။

သက်မွေးလမ်းကြောင်း

မိခင်ကျောင်းဖြစ်သော မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၌ပင် လစ်ဘရယ်အနုပညာပရိုဂရမ်၌ စီးပွားရေးပညာ နည်းပြအဖြစ် ၂၀၁၈ ခု၊ အောက်တိုဘာလ ၁၆ ရက်တွင် အလုပ်ဝင်သည်။

လူ့အခွင့်အရေးဆိုင်ရာနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများ

၂၀၁၁ ခုတွင် ကချင်ငြိမ်းချမ်းရေးကွန်ယက်၌ လူငယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းသူအဖြစ် ပါဝင်သည်။ ၂၀၁၂ ခုတွင် ဆီမီးတိုင် ရွေ့လျားစာကြည့်တိုက်ဖေါင်ဒေးရှင်းကို ပူးတွဲတည်ထောင်ကာ စစ်ဘေးရှောင်စခန်းများရှိ ကလေးတို့အား ကျောင်းသုံးစာအုပ်များ ငှားရန်ပေးရန် စီမံသည်။ ယင်းသို့ ရွေ့လျားစာကြည့်တိုက် ၁၅ ခုကို ထူထောင်နိုင်ခဲ့၏။ []

၂၀၁၄-၁၅ ကာလတွင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ (Nationwide Ceasefire Coordination Team) ၌ အချက်အလက်သွင်းသူအဖြစ် ပါဝင်ရသည်။ ၂၀၁၇ ခုတွင် အာရှ-ပစိဖိတ်ဒေသ လူငယ်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ်၎င်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များညီလာခံ (National Ethnic Youth Alliance) တွင် နည်းပညာဆိုင်ရာအဖွဲ့ဝင်အဖြစ်၎င်း ပါဝင်ခဲ့သည်။ ဤနှစ် အောက်တိုဘာလ ၇ ရက်တွင် တခုတည်းသောလူငယ်တို့ကမ္ဘာ (One Young World) အဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရ၏။ []

၂၀၂၁ ခုတွင် အာဏာသိမ်းအစိုးရမှ လွှတ်တော်အမတ်အားလုံးကို အုပ်မိကာ အငိုက်မိနေချိန်၌ ဖေဖော်ဝါရီလ ၆ ရက်တွင် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုကို နီးစပ်ရာလူငယ်များဖြင့် စတင်ကာ ပြည်သူတို့ကို လှုပ်နှိုးသည်။ [] အရပ်သားအစိုးရအောက်တွင်တည်ငြိမ်မှုမရသော တိုင်းရင်းသားတို့မှာ စစ်အစိုးရအောက်တွင် အသက်ရှူရန်ပင် လွယ်မည်မဟုတ်ဟူသော ခံယူချက်ဖြင့် တိုင်းရင်းသားတို့ကိုလည်း ဆန္ဒပြမှုတွင် ပါဝင်လာရန် လှုံဆော်၏။ []

ပြင်ပလင့်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads