အိသဉ္ဇာမောင်

မြန်မာ နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ From Wikipedia, the free encyclopedia

Remove ads

အိသဉ္ဇာမောင် (၁၁ စက်တင်ဘာ ၁၉၉၄ မွေးဖွား) သည် မြန်မာ အမျိုးသမီး နိုင်ငံရေးသမား၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ[]နှင့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ယောက် ဖြစ်သည်။ သူမသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်သည်။

အချက်တိုများ အိသဉ္ဇာမောင်, အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုတိယ ဝန်ကြီး (အမျိုးသားညီညွတ်ရေးအစိုးရ) ...
Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

အိသဉ္ဇာမောင်ကို ဦးတိုးတိုးမောင်နှင့် ဒေါ်ယုတို့မှ ၁၉၉၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။[] သူမသည် မန္တလေးတက္ကသိုလ်မှ နိုင်ငံခြားဘာသာစကား ဒီပလိုမာဘွဲ့ကို ရရှိထားသည်။

နိုင်ငံရေး

၂၀၁၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၌ ၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင်ဆင်ရန် ဆန္ဒပြခဲ့စဉ် ရဲတပ်ဖွဲ့မှ ဖြိုခွဲဖမ်းဆီးခြင်းခံခဲ့ပြီး ထိုနေ့တွင်ပင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ မတ်လ ၁၀ နေ့တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို့ဖြင့် အရေးယူခံခဲ့ရကာ သာယာဝတီအကျဉ်းထောင်တွင် ကျခံခဲ့ရသည်။[]

သူမသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည်။[] ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ပန်းဘဲတန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။[][]

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads