အက်ရှလေ အီဒင်
From Wikipedia, the free encyclopedia
Remove ads
ဆာ အက်ရှလေ အီဒင် (နိဝင်ဘာ ၁၃၊ ၁၈၃၁ - ဇူလိုင် ၈၊ ၁၈၈၇) သည် ဗြိတိသျှအိန္ဒိယမှ အရာရှိနှင့် သံတမန်တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံတွင် မဟာဝန်ရှင်တော်မင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
Remove ads
နောက်ခံနှင့် ပညာရေး
အီဒင်အား အင်္ဂလန်နိုင်ငံ၊ ဟတ်ဖို့ဒ်ရှိုင်းယားနယ်၊ ဟတ်တင်းဖို့ဒ်ဘူရီမြို့တွင် မွေးဖွားခဲ့ပြီး အော့ကလန်၏ တတိယမြောက် နယ်စား နှင့် ဘတ်သ်အင်န်ဝဲလ်၏ ဘစ်ရှော့ ဖြစ်သူ ရောဘတ်အီဒင်နှင့် ဒါဘီရှိုင်းယားနယ်၊ အော်လ်ဒါဝက်စလေမြို့မှ ဖရန်စစ် အက်ဒ်ဝပ် ဟတ်၏ သမီး မေရီဟတ် တို့၏ တတိယမြောက် သား ဖြစ်သည်။ သူသည် ရက်ဂ်ဘီကျောင်းတွင် ပထမဦးစွာ ပညာသင်ကြားခဲ့ပြီး ၁၈၄၉ ခုနှစ် အထိ ဝင်ချက်စတာ ကောလိပ်တွင် ပညာသင်ကြားခဲ့ကာ ထိုကျောင်းမှ အိန္ဒိယတွင် အစိုးရဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခြင်း ခံခဲ့ရသည်။
Remove ads
အစိုးရဝန်ထမ်းဘဝ
အီဒင်သည် ၁၈၅၀ နှင့် ၁၈၅၁ ခုနှစ်တွင် ဟေလီဘူရီရှိ အရှေ့အိန္ဒိယ ကုမ္ပဏီ၏ ကောလိပ်တွင် အချိန်ကုန်လွန်ခဲ့ပြီး ဒီဇင်ဘာ ၁၈၅၁ ခုနှစ် အထိ သူ၏ နောက်ဆုံးနှစ်ကို မအောင်မြင်ခဲ့ပေ။ ၁၈၅၂ ခုနှစ်တွင် သူသည် အိန္ဒိယသို့ ရောက်ရှိခဲ့ပြီး ရပ်ဂျ်ရှာဟီ တွင် တရားသူကြီးနှင့် အခွန်ကောက်အရာရှိ၏ လက်ထောက်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၁၈၅၄ ခုနှစ်တွင် ဂျန်ဂီပူတွင် ခရိုင်ဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၈၅၆ ခုနှစ်တွင် သူသည် မိုရှေးဒါဘတ်၏ တရားသူကြီး အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး အိန္ဒိယ ပုန်ကန်မှုအတွင်း သူသည် မြို့တွင်းရှိ ပုန်ကန်သူများအား စာနာမှု ပြခဲ့သည်။ ၁၈၆၀ ခုနှစ်တွင် ဘင်္ဂလားပြည်နယ် အစိုးရ၏ အတွင်းရေးမှူး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး ဘင်္ဂလားပြည်နယ် ဥပဒေပြုကောင်စီ၏ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ သူသည် ထိုရာထူးတွင် ၁၁ နှစ်မျှ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆာဂျွန်ပီတာဂရန့်၏ လက်ထောက်ဘုရင်ခံ လက်ကျန်သက်တမ်း နှင့် ဆာ စီစေး ဘီဒွန်နှင့် ဆာဝီလီယမ် ဂရေးတို့၏ လက်ထောက်ဘုရင်ခံ သက်တမ်း အတွင်း တာဝန် ထမ်းဆောင်ခဲ့သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads