ယုတ္တိဗေဒ

အနုမာနနှင့် အမှန်တရားအား လေ့လာခြင်း From Wikipedia, the free encyclopedia

Remove ads

ဒဿနိကဗေဒ၏ အဓိက ကိုင်းခွဲကဏ္ဍ ၄ ခုအနက် တစ်ခု ဖြစ်သော ယုတ္တိဗေဒ (ခေါ်) အကြောင်း-အကျိုး ဗေဒ (ခေါ်) တွေးစပ်ဗေဒ (အင်္ဂလိပ်: Logics) ဆိုသည်မှာ - (မည်သည့်အကြောင်း တွေးနေခြင်းဟူသော အသေးစိတ်၊ အဓိပ္ပါယ်အတိအကျတို့ကို အသာထား၍) အကြောင်းသင့် တွေးစစ်မှု (reasoning) တို့ မည်သို့လျှင် မှန်ကန်နေမည်-မှားယွင်းနေမည်ကို အခြေခံနှိုက်လေ့လာခြင်းများ ဖြစ်သည်။ တွေးခေါ်ဆက်စပ်မှုကို ထိုသို့ လေ့လာကြည့်ကြရာတွင် -

ဒဿနိကဗေဒ၏ (အကောင်း-အဆိုး ဗေဒသဘာဝတရား ဗေဒ ကဲ့သို့သော) အခြား ကိုင်းဖြာကဏ္ဍကြီးများအတွင်း တွေးခေါ်ထုတ်ထားသော ကောက်ချက် (conclusion) တို့၏ မှန်ကန်မှုကို ပြန်လည်ဆန်းစစ်လိုလာလျှင်၊ ထိုကောက်ချက်များ ရရှိလာအောင် အသုံးပြုခဲ့သည့် တွေးစဉ်(argument)များ၏ တွင်းပိုင်းဆက်စပ်မှုကို လိုက်လံတွေးစစ်သည့် လုပ်ငန်းများလည်း ဖြစ်နိုင်သဖြင့် ယုတ္တိဗေဒ ဟု ခေါ်နိုင်ပါသည်။ အလွယ်အားဖြင့်လျှင်၊ စဉ်းစားခြင်းအကြောင်းကို ပြန်လည်စဉ်းစားယူကာ လေ့လာသည့် ဒဿနိကဗေဒ ကဏ္ဍခွဲ ဖြစ်တော့၏။

Remove ads

စည်းချပ် တွေးစစ်နည်း (Formal Logic)

စည်းချပ်တွေးစစ်နည်း (formal logic) သည် ပညာရပ်သုံး သတ်မှတ်ချက်တို့ဖြင့် အားပြုတွေးခေါ်ခြင်း ဖြစ်၍ အောက်ပါ အဓိပ္ပါယ်ကိုယ်စီနှင့် သင်္ကေတများ သာဓကအဖြစ် ပါဝင်သည်။

  • ကို AND ဟု ဖတ်ပြီး နှစ်ခုစလုံး မှန်ရမည် သို့ ဖြစ်ရမည် ဟု ဆိုလိုသည်။
  • ကို OR ဟု ဖတ်ပြီး နှစ်ခုထဲမှ အနည်းဆုံး တစ်ခု မှန်ရမည်ဟု ဆိုလိုသည်။
  • သည် အဓိပ္ပာယ် ရသည် သို့ မဟုတ် အကယ်၍ ... ဖြစ်သောကြောင့် ဟု ဆိုလိုသည်။
  • ကို NOT ဟု ဖတ်ပြီး ဆန့်ကျင်ဘက် သို့မဟုတ် ဤသို့သော ကိစ္စမဟုတ်ဟု အဓိပ္ပာယ်ရသည်။

( နှင့် ) စသည့် ကွင်းစကွင်းပိတ်များကို ရှင်းလင်းစွာ မြင်နိုင်ရန် သို့မဟုတ် အရင်လုပ်ရန်ကိစ္စအတွက် သုံးသည်။ ကွင်းထဲမှ အဖြေကို အရင်ရှာပြီးမှ ကွင်းအပြင်ဘက်မှ အဖြေကို ရှာရမည် ဖြစ်သည်။ ယုတ္တိဗေဒ၏ သင်္ကေတများကို အသုံးပြု၍ ယခင် ဥပမာကို ပြန်ရေးပြရမည် ဆိုလျှင် အောက်ပါ အတိုင်း ဖြစ်သည်။

ယေဘူယျအားဖြင့် အောက်ပါအတိုင်း ဖော်ပြနိုင်သည်။

စည်းချပ်ယုတ္တိဗေဒ (ခေါ်) စည်းချပ်တွေးစစ်နည်းတွင် ဆင်ခြင်နည်း အသွင်ကွဲ အမျိုးမျိုးမှာလည်း အခြေခံလေ့လာဖွယ် ဖြစ်သည်။

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads