အင်ဂိုလာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်

From Wikipedia, the free encyclopedia

အင်ဂိုလာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
Remove ads

အင်ဂိုလာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် မကြာသေးမီကာလက နိုင်ငံတော်သစ်၏ ပုံရိပ်တို့ ထင်ဟပ်နေသည်။ နိုင်ငံတော်အလံမှာကဲ့သို့ပင် တံဆိပ်၌လည်း မက်စ်ဝါဒကြီးစွာလွမ်းမိုးမှုရှိနေသည်ကို တွေ့ရသည်။(အခြားသော ဆိုရှယ်လစ်အထိမ်းအမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် တွေ့ရှိနိုင်သောကြောင့်)

အချက်တိုများ အင်ဂိုလာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်, အသေးစိတ် အချက်အလက်များ ...

အလယ်ဗဟိုရှိ တောခုတ်ဓားနှင့် ပေါက်ပြားသည် နိုင်ငံတော်လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းစဉ်က တောင်သူလယ်သမားတို့၏ အရေးပါမှုကို ကိုယ်စားပြုသည်။ အလံနှင့် တံဆိပ်နှစ်ခုလုံးတွင် ပါဝင်သော ကြယ်သည် ဆိုရှယ်လစ်အထိမ်းအမှတ်တံဆိပ်များတွင် အသုံးပြုသော သင်္ကေတတစ်ခုဖြစ်သည်။ ထိုကြယ်သည် တိုးတက်မှုကို ကိုယ်စားပြုသည်။ ထွက်ပြုစ နေသည် ရိုးရာသင်္ကေတဖြစ်သည့် အသစ်စတင်ခြင်းဖြစ်သည်။ အထိမ်းအမှတ်တံဆိပ်တွင် ဝန်းရံထားသော စက်ဝိုင်းတွင် ညာဘက်ခြမ်းရှိ စက်သွားတစ်ခြမ်းသည် စက်မှုလုပ်သားများကို ကိုယ်စားပြုပြီး ပြောင်း၊ ကော်ဖီနှင့် ဝါရွက်အနှံခွေသည် စိုက်ပျိုးမွေးမြူရေးကို ကိုယ်စားပြုသည်။ အောက်ခြေရှိ လှပ်ထားသော စာအုပ်သည် ပညာရေးကို ကိုယ်စားပြုသည်။

အောက်ခြေရှိ တံခွန်တွင် ပေါ်တူဂီဘာသာစကားဖြင့် República de Angola ဟုရေးသားထားပြီး "အင်ဂိုလာသမ္မတနိုင်ငံ"ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုစာသားသည် República Popular de Angola (အင်ဂိုလာ ပြည်သူ့သမ္မတနိုင်ငံ) စာသားမှ ၁၉၉၀ ခုနှစ်တွင် ပြောင်းလဲထားခြင်းဖြစ်ပြီး ထိုအချိန်တွင်ပင် စက်သွားခြမ်း၏အရောင်ကိုလည်း ရွှေရောင်မှ ငွေရောင်သို့ ပြောင်းလဲခဲ့သည်။

အထိမ်းအမှတ်တံဆိပ်၏ အသေးစိပ်ကို အင်ဂိုလာနိုင်ငံ၏ ဖွဲ့စည်းပုံ အပိုဒ်ခွဲ ၁၆၃ တွင် အသေးစိတ် ရေးသားထားသည်။

၁၉၃၅ ခုနှစ်တွင် ပေါ်တူဂီကိုလိုနီတို့သည် ဒီဇိုင်းသတ်မှတ်ချက်များနှင့်အညီ လက်ရုံးတံဆိပ်ကို တရားတင်သတ်မှတ်ခဲ့သည်။[] အင်ဂိုလာနိုင်ငံအတွက် လက်ရုံးတံဆိပ်တွင် အရောင်ဖျော့ကို အသုံးပြုထားသော ဒိုင်းပုံတွင် ပုံမှန်အတိုင်းအသုံးပြုသော အနားသတ်မျဉ်းတို့မပါဝင်သည့် ပေါ်တူဂီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ဘယ်ဘက်ခြမ်း၌တွင်လည်းကောင်း ညာဘက်ခြမ်းတွင် အင်ဂိုလာနိုင်ငံအတွက် ခရမ်းရောင်အခံတွင် ရွှေရောင်ဆင်နှင့် ရွှေရောင်မြင်းကျားတို့ ပါဝင်သည်။ အောက်ခြေရှိ လှိုင်းပုံများသည် အင်ဂိုလာ၏တည်နေရာသည် ပေါ်တူဂီနိုင်ငံ၏ ပင်လယ်ရပ်ခြားဒေသတွင် ရှိနေသည်ကို ကိုယ်စားပြုသည်။

Remove ads

သမိုင်းတွင် အသုံးပြုခဲ့သော လက်ရုံးတံဆိပ်များ

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads