ပေါ်တူဂီဘာသာစကား
From Wikipedia, the free encyclopedia
Remove ads
ပေါ်တူဂီဘာသာစကား(português သို့မဟုတ် အပြည့်အစုံအားဖြင့် língua portuguesa) သည် ဥရောပတိုက်၊ အိုက်ဘေးရီးယန်းကျွန်းဆွယ်ပေါ်တွင် ပေါ်ထွန်းခဲ့သော ရိုမန်ဘာသာစကား(Romance language)ဖြစ်သည်။ ထိုဘာသာစကားသည် ပေါ်တူဂီနိုင်ငံ၊ အင်ဂိုလာနိုင်ငံ၊ မိုဇမ်ဘစ်နိုင်ငံ၊ ဂင်းနီဗစ်ဆောနိုင်ငံ၊ ကိတ်ဗာဒီနိုင်ငံ၊ ဆောင်တူမေးနှင့် ပရင်စီပီနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့တွင် တခုတည်းသော တရားဝင်ဘာသာစကားဖြစ်ပြီး[၇] အရှေ့တီမောနိုင်ငံ၊ အီကွေတာဂီနီနိုင်ငံ နှင့် မကာအိုဒေသတို့တွင် တွဲဖက်တရားဝင်ဘာသာစကားဖြစ်သည်။ ပေါ်တူဂီစကားပြော လူပုဂ္ဂိုလ် သို့မဟုတ် နိုင်ငံကို "လူဆိုဖုန်း"(lusófono) ဟု ရည်ညွှန်းကြသည်။။ ကိုလိုနီခေတ်တွင် နယ်မြေချဲ့ထွင်ခြင်း၏ အကျိုးရလဒ်များအဖြစ် ပေါ်တူဂီ ယဉ်ကျေးမှုတည်ရှိနေခြင်းနှင့် ပေါ်တူဂီဘာသာနှောပြောသူများကို ကမ္ဘာအနှံ့တွင် တွေ့ရသည်။[၈] ပေါ်တူဂီဘာသာစကားသည် အလယ်ခေတ်နိုင်ငံဖြစ်သော ဂါလိလဲပြည်(Kingdom of Galicia) နှင့် ပေါ်တူဂီကောင်တီတို့တွင် ပြောဆိုသည် ဗူဂါ-လက်တင်(Vulgar Latin )၏ များစွာသော ဘာသာစကားခွဲများမှ ပြောင်းလဲဖြစ်ပေါ်သည့် အိုင်ဘီရို-ရိုမန်အုပ်စုတွင်ပါဝင်ပြီး အချို့သော ဆဲလ်တစ်ဝါစဿရဗေဒနှင့် ဝေါဟာရတို့ ပါဝင်သည်။[၉][၁၀]
မူရင်းစကားပြော ၂၁၅ မှ ၂၂၀ မီလီယံခန့်ရှိပြီး ဒုတိယဘာသာစကားအဖြစ်ပြောဆိုသူ ၅၀ မီလီယံခန့်ရှိသောကြောင့် ပေါ်တူဂီဘာသာစကားပြောဆိုသူသည် ၂၇၀ မီလီယံခန့်ရှိသည်။ ပြောဆိုမှုအများဆုံးသော ဘာသာစကား ၆ ခုထဲတွင် ပါဝင်ပြီး မူရင်းပြောဆိုသူများအရ တတိယမြောက် ပြောဆိုမှုအများဆုံးသော ဥရောပဘာသာစကားဖြစ်သည်။[၁၁] တောင်ကမ္ဘာလုံးခြမ်းတစ်ခုလုံး[၁၂]နှင့် တောင်အမေရိကတိုက်[၁၃][၁၄]တွင် ကျယ်ပြန့်စွာ ပြောဆိုသော ဘာသာစကားဖြစ်ပြီး စပိန်ဘာသာစကားပြီးလျှင် လက်တင်အမေရိကတွင် ဒုတိယမြောက် ပြောဆိုမှုအများဆုံးသော ဘာသာ၊ အာဖရိကတိုက်တွင် အများဆုံးပြောဆိုသော ဘာသာစကား ၁၀ ခုထဲမှ တစ်ခု[၁၅]နှင့် ဥရောပသမဂ္ဂ၊ တောင်အမေရိက ဘုံဈေး၊ Organization of American States၊ Economic Community of West African States၊ အာဖရိကသမဂ္ဂ၊ Community of Portuguese Language Countries နှင့် Lusophone nations များ တရားဝင်ပါဝင်ပြီး ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းများတွင် တရားဝင်ဘာသာစကားအဖြစ် အသုံးပြုကြသည်။ ၁၉၉၇ ခုနှစ်တွင် ပြည့်စုံစုံလင်စွာသင်ကြားနိုင်သော အကယ်ဒမစ်ပညာရေးတွင် ပေါ်တူဂီဘာသာစကား၏ ဘရာဇီးအခွဲဘာသာစကားသည် ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံးသော ဘာသာစကား ၁၀ ခုမှ ၁ ခုဖြစ်ခဲ့သည်။[၁၆][၁၇]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads