အင်ဂိုလာနိုင်ငံ၏ သမ္မတ
From Wikipedia, the free encyclopedia
Remove ads
တမ်းပလိတ်:Infobox political post အင်ဂိုလာနိုင်ငံ၏ သမ္မတ(ပေါ်တူဂီ: Presidente de Angola)သည် အင်ဂိုလာနိုင်ငံ၏ နိုင်ငံအကြီးအကဲနှင့် အစိုးရအကြီးအကဲဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်နေရာကို ပယ်ဖျက်ခဲ့ပြီး စီရင်ဆုံးဖြတ်ခွင့် အာဏာရှိသော သမ္မတသည် ဥပဒေပြုအာဏာပါရရှိလာသောကြောင့် အမိန့်ဖြင့် အုပ်ချုပ်လာနိုင်ခဲ့သည်။
သမ္မတရာထူးတည်ရှိလာခဲ့မှုမှာ ပေါ်တူဂီထံမှ အင်ဂိုလာနိုင်ငံလွတ်လပ်ရေးရစဉ်ကတည်းက ဖြစ်သည်။ အာဂိုစတင်ညို နဲတိုသည် သူ၏ အင်ဂိုလာလွတ်မြောက်ရေးပြည်သူ့လှုပ်ရှားမှုပါတီ(MPLA)သည် ပေါ်တူဂီထံမှ နိုင်ငံအား ထိန်းချုပ်နိုင်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် နဲတိုကွယ်လွန်သောအခါ၌ ယိုဆေး အဲဒူယာဒို ဒို့စ် ဆန်တိုသည် ၎င်း၏နေရာအား ဆက်ခံခဲ့သည်။
ဒို့စ် ဆန်တို၏ ခေါင်းဆောင်မှုအောက်တွင် အင်ဂိုလာနိုင်ငံသည် ပါတီစုံနိုင်ငံဖြစ်လာသော်လည်း ၎င်းမှ ထိန်းချုပ်ထားသည်။ ၁၉၉၂ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ မဲ ၄၉% ဖြင့် ပြန်လည်ရွေးကောက်ခံခဲ့ရသည်။ ၎င်း၏ အတိုက်အခံဖြစ်သူ National Union for Total Independence of Angola (UNITA) party မှ ယိုနက် ဆာဗင်ဘီက ရွေးကောက်ပွဲမှန်ကန်မှုမရှိဟု အခိုင်အမာပြောဆိုခဲ့သည်။
သမ္မတ၏ သက်တမ်းကို ငါးနှစ်သက်တမ်း နှစ်ကြိမ်ထိသာ ထမ်းဆောင်နိုင်ရန် ကန့်သတ်ထားသည်။
၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ်အဆိုပြုခဲ့ရာ လူထုမဲရလဒ်ထက် လွှတ်တော်ထဲတွင် နေရာအများဆုံးရရှိထားသော ပါတီခေါင်းဆောင်သည် သမ္မတဖြစ်လာနိုင်သည်။ ထိုဖွဲ့စည်းပုံဥပဒေသစ်သည် သမ္မတအား သက်တမ်း ၂ ကြိမ် ထမ်းဆောင်နိုင်ရန် ကန့်သတ်ထားပြီး ဝန်ကြီးချုပ်ရာထူးကို ပယ်ဖျက်ခဲ့ကာ ၎င်းနေရာတွင် ဒုတိယသမ္မတရာထူး အစားထိုးခဲ့သည်။[၁]
ယောဟန် လော်ရိန်ဆိုသည် လက်ရှိသမ္မတဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads