အင်ဒရူး ဂျက်ဆန်
From Wikipedia, the free encyclopedia
Remove ads
အင်ဒရူးဂျက်ဆန် (အင်္ဂလိပ်: Andrew Jackson; မတ် ၁၅၊ ၁၇၆၇ – ဇွန် ၈၊ ၁၈၄၅) သည် အမေရိကန်ပြည်ထောင်စု၏ သတ္တမမြောက် သမ္မတ (၁၈၂၉–၁၈၃၇) ဖြစ်သည်။
သမိုင်းတွင်လောက်သည့် အရေးအပါဆုံးသော အမေရိကန် သမ္မတများအနက် အင်ဒရူးဂျက်ဆန်သည်လည်း တစ်ဦးအပါအဝင်ဖြစ်ပေသည်။ ငယ်စဉ်ဘဝက တော်လှန်ရေးတပ်သား၊ ထိုမှ စစ်ဘက်တွင် ရာထူးအဆင့်ဆင့်တက်ပြီး ၁၈၁၅တွင် နယူအော်လင်းတိုက်ပွဲတွင် အောင်ပွဲရရန် ဦးဆောင်မှုပေးခဲ့သဖြင့် ကျော်ကြားလာသည်။ ပထမအကြိမ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရာတွင် ဂျွန် ကွင်စီ အဒမ်စ်ကို လူထုမဲသာလျက်နှင့် ပြည်နယ်မဲကိုယ်စားလှယ်မဲတွင် ရှုံးရသည်။ သို့သော် နောက်တစ်ကြိမ် ၁၈၂၈တွင်မူ ရွေးကောက်ပွဲသည် ဒီမိုကရေစီပိုဆန်လာပြီး ပြည်နယ်အလိုက်မဲပေးသည့် စနစ်ကိုဖျက်သိမ်းလိုက်ပြီး ဖြစ်သည့်အတွက် ဂျက်ဆန် အနိုင်ရပြီး သမ္မတဖြစ်လာသည်။ ပြိုင်ဖက်အချို့က ပြည်သူကိုမြှောက်ပေးပြီး သမ္မတဖြစ်သည်ဟုဆိုကြသော်လည်း အမှန်ပင် ပြည်သူအများ၏ လိုလားမှုကြောင့် သမ္မတဖြစ်လာသည်ကိုကား မငြင်းနိုင်ပေ။
Remove ads
သမ္မတသစ်၊ ပုံစံသစ်
ဂျက်ဆန် လက်ထက်မတိုင်မီက အမေရိကန်သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော်လည်း အုပ်ချုပ်ရေးပိုင်းတွင်မူ ကိုယ့်လူကိုယ်ဦးစားပေးဖြစ်သည်။ ပြည်သူလူထု၏ အာဏာမှာ အစိုးရအပေါ်တွင် တည်သည်မှန်သော်လည်း အစိုးရအုပ်ချုပ်ရေးတွင်မူ ပါဝင်ခွင့်မရခဲ့ပေ။ ထို့ပြင် ချမ်းသာသည့် မြေပိုင်ရှင်ကြီးများကသာ တောက်လျှောက် သမ္မတဖြစ်ခဲ့သည့်အတွက် အုပ်ချုပ်ရေးပိုင်းသည် လူချမ်းသာများဝင်ထွက်ရာနေရာကဲ့သို့ဖြစ်နေသည်။ ဂျက်ဆန်လက်ထက်ရောက်မှ အုပ်ချုပ်ရေးစနစ်တွင်းသို့ ပြည်သူများ ထဲထဲဝင်ဝင်ပါဝင်ခွင့်ရလာအောင် ပြုပြင်ပေးခဲ့သည်။ ဘဏ်၊ လွှတ်တော်တို့နှင့် အဆင်မပြေသဖြင့် ဘဏ်သို့အပ်ထားသော အစိုးရငွေများကို ပြန်နုတ်ယူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ ရေရှည်တွင် အုပ်ချုပ်ရေးအာဏာအတွက် ကောင်းသော်လည်း မကြာမီမှာပင် တိုင်းပြည်အား စီးပွားပျက်ကပ်ထဲသို့ ကျဆင်းသွားစေခဲ့သည်။
အချို့ပြည်နယ်များက ဗဟိုအစိုးရ၏ ဥပဒေများကို လေးစားလိုက်နာခြင်းမရှိသည်များ ရှိလျှင် ပြတ်ပြတ်သားသားကိုင်တွယ်သည်။ အထူးသဖြင့် တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် အမြတ်ခွန်ပြဿနာနှင့် ပက်သတ်၍ သမ္မတက ခပ်ကြမ်းကြမ်းသတိပေးခြင်းဖြင့် အရှိန်တန့်သွားစေသည်။ ပထမဆုံး လုပ်ကြံခြင်းခံရသည့် သမ္မတလည်းဖြစ်သည်။ စိုစွတ်သောနေ့ဖြစ်၍ ယမ်းရေစိုနေသဖြင့် ရင်ဘတ်သို့ အနီးကပ်ပစ်သွင်းသော ကျဉ်နှစ်တောင့်မှာ အရာမထင်ခဲ့ပေ။
Remove ads
လယ်ပိုင်၊ကျွန်ပိုင်
ကိုယ်တိုင်က လယ်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ကျေးကျွန်များပိုင်ဆိုင်ထားသည့်အတွက် အများနည်းတူပင်ဖြစ်တော့သည်။ ဌာနေလူနီရိုင်းများနှင့်လည်း တိုက်ပွဲများဆင်နွဲဖူးသဖြင့် လူနီရိုင်းများနှင့် လူဖြူများ တွဲဖက်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ကောင်းစွာသိသည်။ ထိပ်တိုက်တွေ့ဆုံမှုများတွင် လူနီရိုင်းများဖက်မှ တတ်နိုင်သ၍ ကူညီပေးခဲ့သော်လည်း အရာမထင်ပဲ မစ္စစ္စပီမြစ်ဝှမ်းသို့ ရွေ့ပြောင်းရခြင်းအကျိုးဆက်ကြောင့် ချဲရိုကီးလူနီရိုင်းများ ထောင်နှင့်ချီကာ သေဆုံးသွားခဲ့ရသည်။ အကြောင်းမှာ လမ်းတစ်လျှောက်ရှိ အခြား လူနီရိုင်းမျိုးနွယ်များနှင့် နယ်မြေလု စစ်ပွဲများဖြစ်ရခြင်းကြောင့်ဖြစ်သည်။
Remove ads
သမိုင်းဝင် သမ္မတ
ဂျက်ဆန်အနေဖြင့် သမ္မတရာထူးမှ အနားယူသောအခါ သူ့ပါတီမှာလည်း နှစ်ခြမ်းကွဲပြီဖြစ်သည်။ ထောက်ခံသူတို့က ဒီမိုကရက် အမည်ခံပြီး ကန့်ကွက်သူများဖက်က ဝှစ်ပါတီဟူ၍ ထူထောင်လိုက်ကြသည်။ မလိုလားသူများက သူလို သမ္မတမျိုး ထက်တက်လာမည်ကို စိုးရိမ်ကြပြီး၊ လိုလားသူများကလည်း သူလိုသမ္မတကိုသာ တမ်းတကြသည်။ အကျိုးဆက်အနေဖြင့် ဂျက်ဆန်ကဲ့သို့ပင် ပြည်သူ့အကျိုးကိုထောက်ရှုသော သမ္မတများသာ အမေရိကန်သမ္မတအဖြစ်နှင့် လူများက ရွေးချယ်ကြတော့သည်။
ကိုးကား
အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads