အင်းလျားကန်

From Wikipedia, the free encyclopedia

အင်းလျားကန်
Remove ads

အင်းလျားကန်သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ ထင်ရှားသောအပန်းဖြေ နေရာတစ်ခုဖြစ်ပြီး ရန်ကုန်မြို့လယ်ပိုင်းအနီးတွင် တည်ရှိသည်။ အရင်က ရတနာကန်ဟုခေါ်သည်။ ရန်ကုန်မြို့၏ အကြီးဆုံးကန်တစ်ခုဖြစ်သည်။ ရန်ကုန်မြို့လယ်ပိုင်း အနီးမှာ တည်ရှိပြီး မြောက်ဘက်တွင် ပါရမီလမ်းမကြီး၊ အနောက်ဘက်တွင် ပြည်လမ်းမကြီး၊ အနောက်တောင်ဘက်တွင် အင်းလျားလမ်းကြီးတို့နှင့် ဝန်းရံထားပြီး၊ တောင်ဘက်တွင် ရန်ကုန်တက္ကသိုလ်သို့ သွားသောလမ်းနှင့် အရှေ့ဘက်တွင် ကမ္ဘာအေးဘုရားလမ်း တည်ရှိသည်။ အင်းလျားကန် ပတ်လည်ဝန်းကျင်တွင် ဦးနေဝင်း၏နေအိမ်၊ ဂဠုန်ဦးစော နေအိမ်၊ အမေရိကန် ကလပ်အင်းယျားလိတ် ဟိုတယ်၊ မရီနာ ဟောက်စ်၊ မြကျွန်းသာ ပန်းခြံဒေါ်အောင်ဆန်းစုကြည်နေအိမ်အမေရိကန် သံရုံးစိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာဘုတ်ကလပ်ရန်ကုန် ရွက်လှေအသင်းစိမ်းလန်းစိုပြေ ပန်းခြံတက္ကသိုလ် ရေကူးကန်၊ အိုင်ဘီစီ၊ ပြည်လမ်းရှိ နာမည်ကျော် အင်းလျားကန်ဘောင်နှင့် အခြား အိမ်ကြီးအိမ်ကောင်းများ တည်ရှိကြသည်။

Thumb
အင်းယျားကန် ကို ဂူးဂဲလ်အက် မှ မြင်ရပုံ
Remove ads

သမိုင်းကြောင်း

၁၈၈၂ နှင့် ၁၈၈၃ မှာ ရန်ကုန်မြို့ ရေပေးဝေရေးအတွက် ဗြိတိသျှတို့က ဖန်တီးခဲ့သည်။ ရေများ ဖြန့်ဖြူးရေးအတွက် အင်လျားကန်မှနေ ကန်တော်ကြီးကို ရေပိုက်များနှင့် ဆက်သွယ်ထားသည်။

အင်းလျားကန်ပန်းခြံ

အင်းလျားကန် ပန်းခြံသည် ရန်ကုန်တက္ကသိုလ်၏ အနောက်ဘက်မှာ တည်ရှိပြီး ယခင်က တက္ကသိုလ် စုံတွဲများအတွက် နာမည်ကြီး နေရာတစ်ခုလည်း ဖြစ်သည်။ မြန်မာ့ရုပ်ရှင်၊ သီချင်းတို့ ရိုက်ကူးလေ့ရှိရာ နေရာတစ်ခုလည်း ဖြစ်သည်။ နိုင်ငံခြား ဧည့်သည်တော်များအနေဖြင့် ရေကူးခြင်းရွှက်လှေစီးခြင်း နှင့် အားကစား လုပ်ဆောင်ရာ နေရာတစ်ခုဖြစ်ပြီး ရန်ကုန် ရွက်လှေအသင်း တည်ရှိရာ နေရာ တစ်ခုလည်းဖြစ်သည်။ ၂၀၀၉ ခုနှစ် မေလမှာ ဂျွန် ဝီလီယံ ယက်တော ဆိုသူက အင်းယျားကန်ကို ဖြတ်ကူးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ဝင်ရောက်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads