အစားအစာ

From Wikipedia, the free encyclopedia

Remove ads

အစားအစာ (အင်္ဂလိပ်: food) ဆိုသည်မှာ - သတ္တဝါများ ဆက်လက်ရှင်သန်ရေးအတွက် (‌ယေဘုယျအားဖြင့် ပါးစပ်မှ ဝါးယူမျိုသွင်းခြင်းဖြင့်) ကိုယ်တွင်းသို့ စားသွင်းရသော သကြားနွယ် မော်လီကျူး (ကာဘိုဟိုက်ဒြိတ်)များဆီ-ဖယောင်းနွယ် မော်လီကျူး (လစ်ပစ်)များ စသည့် ဇီဝဖွဲ့ ဒြပ်ပေါင်းများ ပါဝင်သော အရာများ ဖြစ်၏။ အချို့သော သတ္တဝါများမှာ ဆဲလ်အသစ် ဖွဲ့စည်းရေး ကုန်ကြမ်းဖြစ်သော အမီးနိုအက်ဆစ် မော်လီကျူး အချို့အမျိုးအစားများကို မထုတ်လုပ်နိုင်သဖြင့် ထိုမော်လီကျူးကို ကိုယ်ထည်အဖြစ် ပါဝင်သည့် (အခြား သတ္တဝါများ၊ သို့မဟုတ် အပင်အချို့၏ အချို့ အစိတ်အပိုင်းများ ဖြစ်တတ်သော) အခြား သက်ရှိများကို လိုက်လံစားသွင်းရ၏၊ ၎င်းတို့ကို အသားစား သတ္တဝါများ ဟု ခေါ်ကြ၏။ ဤသည်တို့အပြင် သတ္တဝါတို့ ကျန်းမာစွာရှင်သန်ရေးအတွက် လိုအပ်သည့် ဗှိုက်တာမင်နှင့် သတ္တုပါမော်လီကျူးများလည်း အစားအစာများတွင် ပါရှိတတ်၏။
လူသားတို့သည်လည်း ရှင်သန်ရေးအတွက် အားအင်သုံးသမျှအဖို့ လိုအပ်သော စွမ်းအင်ကို ကိုယ်တွင်း၌ ကစီ စသည့် မော်လီကျူးများ ဓာတ်ပြုပြိုကွဲမှုမှ ရရှိသဖြင့် ကစီပါသည့် ဆန်ဂျုံ စသော ကောက်နှံတို့ကို နေ့စဉ်အားပြု အစာ အဖြစ် လူတို့ စားရိုးရှိကြ၏။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads